Knowledge

ပိုက်ဆံ( ၆ )သိန်း အတွက် တစ်နှစ်ကြီးများတောင်ကျွန်ခံခဲ့ရတဲ့ဗမာစကားမတက်တဲ့ကလေး (၂) ယောက်ရဲ့ သနားစရာအဖြစ်

မနေ့က ကလေး၂ယောက် ပြင်ဦးလွင် ကြက်ခြံတစ်ခုကနေ ထွက်ပြေးလာလို့ လားရှိုးရောက်လာတယ်။ ဒါကလည်း လူမျိုးချင်းတူတဲ့ ပြင်ဦးလွင်က အသိတစ်ယောက် အချိတ်အဆက်နဲ့ ရောက်လာခြင်းဖြစ်တယ်။၂ယောက်လုံး အသက်က၁၂ ၁၃၀န်းကျင်လောက်ဖြစ်မယ်။

ဇာတိကတန့်ယန်းမြို့နယ်ထဲကရွာမှာ။ ဗမာစကားမတတ် ဘာမတတ်နဲ့ လားရှိုးရောက်လာတော့ သွားကြိုဖြစ်တယ်။ နောက်တစ်ရက်တော့ သူတို့ရဲ့ နေရပ်ဇာတိကို ပြန်ပို့ပေးတယ်။

ပြသနာက ဘာလဲဆိုတော့ကလေးသူငယ်ခိုင်းစားခြင်းပဲ။ မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေကိုပေါက်ဖော်တို့အလုပ်ခွင်ထဲပို့တယ်။ တစ်နှစ်စာလုံး လုပ်လခစာတွေ ကြိုထုတ်ပစ်တယ်။

ဒီကလေး ၂ယောက်ဆို၁ယောက်ကို ၁နှစ်ပတ်လုံး ၆သိန်းရတယ်ပြောတယ်။ သူတို့လခကတော့ မိဘတွေကထုတ်ယူသွားတယ်။ လခ ကြိုထုတ်ထားတော့ဟိုကလည်းကလေးတွေကိုစပယ်ရှယ်ခိုင်းးတယ်။

မလုပ်နိုင်တဲ့အဆုံး ကလေးတွေထွက်ပြေးလာတယ်။ ဒီကိစ္စမျိုး ကျွန်တော်ဆီရောက်လာတာ ၃ခါထက်မနည်းတော့ဘူး။ အချို့ကိုတော့အိမ်ပြန်ပို့တယ်။ အချို့ကလေးတွေကိုတော့ကိုယ့်နည်းကိုယ့်ဟန် ကျောင်းထားပေးထားတယ်။ အိမ်ပြန်ထားတယ်။

ဒီကိစ္စမျိုးက ရှမ်းမြောက်မှာဆိုတန့်ယန်း မိုင်းရယ် မိုင်းယော်က ကလေးငယ်တွေအဖြစ်များတယ်။ အချို့ကမိဘတွေကိုယ်တိုင် ဘိန်းစားဖြစ်လို့ သူတို့ကလေးတွေကိုအလုပ်ခွင်ထဲ ပို့ပစ်တယ်။ လခကြိုထုတ်ထားတယ်။ ဘုမသိဘမသိကလေးငယ်တွေအလုပ်မတရားခိုင်းခံရတယ်။

လုပ်ငန်းရှင်တွေရဲ့ အကြိုက်ပေါ့။ လုပ်ငန်းရှင်ဆိုတာအများစုကပေါက်ဖော်တွေပိုများတယ်။ အဲလိုကလေးငယ်တွေလားရှိုးထဲမှာတင် အများကြီးရှိတယ်။ ထမင်းဆိုင်၊ အကင်ဆိုင်၊ ကုန်စုံဆိုင်တွေမှာအများကြီးတွေ့ရတယ်။ ပြီးရင်တော့ မြို့ပြင်မှာ ကျွဲကျောင်းတာတွေ၊ နွားကျောင်းတာတွေခြံစောင့်တို့ ဘာတို့မှာအဲလိုကလေးတွေ ပိုတွေ့ရတတ်တယ်။

ဒီလိုအဖြစ်မျိုးကပြောရရင် ဖြေရှင်းရခက်တဲ့ နည်းတနည်းဖြစ်နေတယ်။ အကြောင်းက မိဘတွေကိုတိုင် သူတို့ကလေးတွေကို ခိုင်းတာကြောင့်ဖြစ်နေတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီးတာဝန်ယူဖြေရှင်းပေးတဲ့CSOအဖွဲ့တွေပညာပေးတဲ့အဖွဲ့အစည်းတွေလည်းအားနည်းနေတယ်။

ဆိုတော့ ဒီလိုကိစ္စရပ်မျိုးတော်ရုံနဲ့ပျောက်ကွယ်သေးမှာ မဟုတ်ဘူး။ ကျောင်းနေရွယ်မှာ လုပ်သားကျွန်လုပ်နေရတဲ့ ကလေးတွေအတွက်ဝမ်းနည်းစရာတော့ အလွန်ကောင်းတယ်။ ဒီအကြောင်းအရာတွေ ကွင်းဆက်လိုက်တဲ့

မီဒီယာလည်း အားနည်နေတယ်။ ကျွန်တော်တို့ ကိုယ်တိုင်အပါအဝင်ပေါ့။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်

Unicode