Local News

နှစ်ပေါင်း၂၀၀၀သက်တမ်းရှိ ရုပ်အလောင်းတွင် ဆံပင်မျက်တောင်နှင့် သွေးကြောထဲတွင် သွေးများကျန်ရှိနေ

ဆံပင်နှင့် မျက်တောင်တို့အပြင် သွေးကြောထဲတွင် သွေးများပင်ရှိနေသေးသော နှစ်ပေါင်း ၂၀၀၀သက်တမ်းရှိရုပ်အလောင်း Lady Day ဟုလူသိများထင်ရှားခဲ့သော Xin Zhui အမည်ရှိ အမျိုး သမီးသည် အနောက် ဟန်မင်းဆက် စိုးစံခဲ့သော ခေတ်ကာလတွင် ဒိုင်(Dai)လူမျိုး မှူးမတ်ကတော် ဖြစ်ခဲ့ပါတယ်။

သူမ၏ ဂူသချိုင်းအား သူမ သေဆုံးပြီး နှစ်ပေါင်း ၂၀၀၀ အကြာတွင် တရုပ်ရဲ့ Mawangdui အမည်ရှိ တောင်ကုန်းအတွင်းမှ ရှာဖွေတွ့ရှိခဲ့ခြင်းဖြစ်သည်။

ရာပေါင်းများစွာသော အဖိုးတန်လူ့အသုံးအဆောင် ပစ္စည်းများနှင့် မှတ်တမ်း မှတ်ရာ များကို သူမရဲ့ ရုပ်အလောင်းနဲ့အတူ ထည့်သွင်း မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါတယ်။

သူမ သေဆုံးပြီးနောက် နှစ်ပေါင်း များစွာကြာ မယုံကြည် နိုင်စရာကောင်းလောက်အောင် ဆေးရည်စိမ် ထိန်းသိမ်း ထားနိုင်ခဲ့ သူမရဲ့ ရုပ် အလောင်း နှင့်ဟာ သိပ္ပံ ပညာရှင် အပါအဝင် လူအများကိုအံ့ အားသင့်စေခဲ့ပါတယ် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိချိန်မှာ သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများသာမက သွးကြောများပင် အကောင်းပကတိအတိုင်း ရှိနေသေးတာကို အံ့သြဖွယ်တွေ့ရှိခဲ့ရပါတယ်။

သွေးပြန်ကြော ထဲမှာ သွေး အနည်းငယ် ကို တွေ့ရှိ ခဲ့ ရ ပြီး သွေးကတော့ A သွေးအမျိုးအစားပဲ ဖြစ်ပါတယ်။ ဆံပင်နဲ့မျက်တောင်များလည်း အကောင်းပကတိ အတိုင်းရှိနေပါသေးတယ်။အစာအိမ်ထဲမှာ ဖရဲစေ့အချို့ကို တွေ့ရှိခဲ့ပြီး ထို အချက်ကြောင့် သူမသေဆုံးချိန်ဟာ ဖရဲသီး လှိုင်လှိုင်ပေါချိန် နွေရာသီမှာ ဖြစ်နိုင်တယ်လို့ သိပ္ပံ ပညာရှင်များက ယုံကြည်ခဲ့ကြပါတယ်။

ဖရဲသီးအစေ့များ အစာအိမ်ထဲတွင် ရှိနေသေးခြင်းကြောင့် ဖရဲသီးစားပြီး ၂ နာရီခန့် အတွင်း သေဆုံးခဲ့ဟန် ရှိပါတယ်။ လူအများကို အလွန်အံ့အားသင့်စေတဲ့အချက်ကတော့ သူမရဲ့ ရုပ်အလောင်းကို မပုပ် မသိုး အောင် စိမ်ထားတဲ့ ထူး ခြား ဆန်း ကြယ်သော အမျိုးအမည်မသိ ဆေးရည်ပဲဖြစ်ပါတယ်။

ထိုအရည်သည် အနည်းငယ် အက်ဆစ် ဆန်ပြီး ဆီယမ်အချို့ပျော်ဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ထိုအရာတို့ကြောင့်ပဲ ရုပ်အလောင်း မပုပ်မသိုး ရှိနေခြင်းဖြစ်မည်ဟု သိပ္ပံပညာရှင်များက မှတ်ချက်ချခဲ့ကြပါတယ်။သို့သော်ထိုအရည်က မည်သည့်အရည်မျိုးဖြစ်သည်သာအချက်ကိုတော့ ယနေ့တိုင် အဖြေ ရှာဖွေနိုင်ခြင်း မရှိသေးပါ။

Unicode