Health

“ဆောင်းရာသီမှာ ကလေးတွေ နှာစေး နှာပိတ်ဖြစ်နေရင် ဒီနည်းလေး သုံးကြည့်ပါ”

“ဆောင်းရာသီမှာ ကလေးတွေ နှာစေး နှာပိတ်ဖြစ်နေရင် ဒီနည်းလေး သုံးကြည့်ပါ”

ကလေးငယ်များ_နှာစေးနှာပိတ်ခြင်းအတွက်

ကလေးသူငယ်များ နှာစေး နှာပိတ် ဖြစ်တဲ့အခါများမှာ ဆေးအဖြစ်အသုံးဝင်တဲ့ ရွှေဖရုံသီးအညှာ.

ရွှေဖရုံသီး၏ အညှာကို ကလေးသူငယ်များအတွက် ဆေးဝါးတစ်ခုအနေနဲ့အသုံးပြုလို.ရပါတယ်။

ကလေးသူငယ်များ နှာစေး နှာပိတ် ဖြစ်တဲ့အခါများမှာ သုံးပေးလို့ရပါတယ်။

ဒီဆေးနည်းလေးဖြင့် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးသူငယ်များ နှာစေးနှာပိတ်ဖြစ်တဲ့အခါများမှာ ကုသပေးလို့ရပါတယ်။

ငယ်ရွယ်တဲ့ ကလေးသူငယ်များမှာ နှာစေးနှာပိတ် ဖြစ်သော်လည်း မပြောတတ် မသိတတ်သေးပါ။

ကလေးများ အသက်ရှုမဝြပီး ပါးစပ်ကလေး ဟ-ဟပြီး အသက်ရှုနေတာကိုတွေ.လျှင် လူကြီးမိဘများက ကလေးနှာစေး နှာပိတ် ဖြစ်နေပြီဆိုတာကို သိနားလည်ပေးရပါမယ်။

အဲဒီလို နှာစေးရင် ရွှေဖရုံသီးအညှာကို ကျောက်ပျဉ်မှာ ရေနဲ့သွေးပြီး ကလေး၏နှာတံပေါ်ကို အထက်မှအောက်သို. ဆွဲလိမ်းချပေးလိုက်ပါ။

(၃)(၄)ကြိမ်လိမ်းပေးရပါမယ်။

အဲဒီလို လိမ်းပေးပြီး နာရီဝက် မှ တစ်နာရီအတွင်းမှာ ကလေးများ နှာစေး နှာပိတ်တာချက်ခြင်း ပျောက်ပြီး အသက်ရှု ကောင်းလာတာကို မြင်တွေ.ရပါမယ်။

ကလေးသူငယ်များ နှာစေးနှာပိတ်ဖြစ်နေလျှင် ယခုနည်းဖြင့် လက်တွေ့ကုသပေးနိုင်ပါတယ်။

မူရင်းရေးသားသူကို လေးစားလျက်🙏

အမျိုးသားအူကျရောဂါ_အတွက်

ရွှေဖရုံသီးအညှာကို ခြောက်သွေ့အောင်နေလှန်းပြီး ဆန်ဆေးရည်နဲ့ သွေးလူးပေးပါ။

တနေ့ ၂ ကြိမ်လူးပေးပါ ။ ။

ဝဲနှင်းခူအတွက်_ရွှေဖရုံအရွက်

” ဝဲနှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်း ”

ကျွန်တော် ပညာလှူပါမည်။ ကျွန်တော်လှူမည့် ပညာသည် ဝဲနှင်းခူအစို သက်သာပျောက်ကင်းစေသော ဆေးနည်းပင် ဖြစ်ပါသည်။

ဤဆေးသည် ဟင်းသီးဟင်းရွက် ဖြစ်ပါသည်။ လူသားများ၏ ခြေသလုံးတွင် ပေါက်တတ်သော ဝဲနှင်းခူအစိုကို ရွှေဖရုံရွက် မီးရှို့ပြာချပြီး ၎င်းပြာကို အုန်းဆီနှင့် ဖျော်စပ်၍ လူးလိမ်းပေးခြင်းပင် ဖြစ်ပါသည်။

ဆေးကုဆေးလိမ်းခ မယူဘဲ ကုသခဲ့ခြင်းကြောင့် ရောဂါသက်သာ ပျောက်ကင်းကြသူ မနည်းတော့ပါ။

ဤစာပိုဒ်ကို ဖတ်ရှုမိသူမှတဆင့် ဝဲနှင်းခူရှိသူအား နည်းစနစ်တဆင့် ပြောပြစေလိုပါသည်။

ဤဆေးနည်းဖြင့် ကျွန်တော်၏ ခြေထောက်မှ ဝဲနှင်းခူ အစိုအား ကုသပေးသူ အဒေါ်အား အမြဲကန်တော့ပါသည်။ သူ၏နာမည်ကို မသိလိုက်ရတော့ပါ။ ။

အားလုံး ကျန်းမာရွှင်လန်းပါစေ

ဆရာရွှေ (စစ်ပြန်)