Love

“နှင်းဆီပန်း” တို့ရဲ့အဓိပ္ပါယ်????

ကမ္ဘာပေါ်မှာ “နှင်းဆီပန်း” တွေဟာရောင်စုံရှိပါတယ်၊ ဘာကြောင့် အချစ်ရဲ့ကိုယ်စားအနေနဲ့ နှင်းဆီ ပန်းအနီအရောင် ကိုအသုံးချကြတာလဲ ? ဟိုး…ကတည်းက နှင်းဆီပန်းကို အချစ်ရဲ့ သင်္ကေတ အဖြစ် တင်စားခဲ့ကြပါတယ်၊ ဒါဆို…အခြားအရောင်နှင်းဆီပန်းတွေ လက်ခံရရှိတဲ့ကောင်မလေးတွေ အတွက် ရော အဓိပ္ပါယ်မရှိတော့ဘူးလား ဒါ့ကြောင့်နှင်းဆီပန်းအရောင်တမျိုးဆီရဲ့ အဓိပ္ပါယ်သက်ရောက်မှုတွေ ကို Myanmar live ပရိတ်သက် ကြီးအတွက် အထူးတင်ဆက်ပေးလိုက်ပါတယ်။

နှင်းဆီအနီ (Red Rose)

နှင်းဆီပန်းအနီရောင်ကတော့ I Love you ဆိုတဲ့ မင်းကိုငါချစ်တယ်ဆိုတဲ့စကားလေးနဲ့အညီ အဓိပ္ပါယ်သက်ရောက်ပါတယ် ဒါကြောင့်မို့ချစ်သူဆီကသို့မဟုတ် သင့်ရဲ့ယောင်္ကျားလေးသူငယ်ချင်း ဆီက “နှင်းဆီအနီ” လေးတပွင့်လက်ခံရရှိလိုက်ပြီဆိုရင်တော့ ၀မ်းသာလိုက်ပါ သူဟာသင့်ကို ချစ်မြတ်နိုး ခြင်းကြောင့် “နှင်းဆီအနီ” လေးပေးခြင်းဖြစ်ပါတယ်…

နှင်းဆီဖြူ (While Rose)

နှင်းဆီဖြူဆိုတဲ့အတိုင်းပဲရိုးသားခြင်းကိုဖော်ဆောင်ပြီး ပေးဆပ်ခြင်းနဲ့ ထာဝရချစ်ခြင်းနဲ့ချစ်သွား မယ်ဆို တဲ့အဓိပ္ပါယ် သက်ရောက်ပါတယ် အဲဒါကြောင့်မို့နှင်းဆီဖြူတွေကို ထာဝရချစ်ခြင်းဆို တဲ့သင်္ကေတ အနေနဲ့ မင်္ဂလာပွဲတွေမှာ တွေ့ရလေ့ရှိကြတာပါ ချစ်သူမှမဟုတ်ပါဘူး သင့်ရဲ့မိဘဆရာသမား၊ အလုပ် ရှင် တို့ကိုလည်းနှင်းဆီဖြူပေးခြင်းနဲ့ လေးစားကိုင်းရှိုင်းခြင်းဆိုတဲ့အဓိပ္ပါယ် သက်ရောက်ပါသေးတယ်

ပန်းရောင်နှင်းဆီ (Pink Rose)

ပန်းရောင်လို့ကြားလိုက်တာနဲ့ လှပခြင်း၊ ချစ်စရာကောင်းခြင်း၊ ချိုမြိန်တဲ့ချစ်ခြင်းဟူ၍ အားလုံး ကတွေးကြမှာပါ ဟုတ်ပါတယ် မမှားပါဘူး ပန်းရောင်နှင်းဆီပန်းဟာ ရိုမန်တစ် ဆန်ခြင်းတရပ်ကို ဖေါ် ဆောင်ပါတယ် သည့်ထက်အဓိပ္ပါယ်ဖွင့်ရရင်တော့ ပန်းရောင်အရင့်နှင်းဆီပန်းဟာ ကျေးဇူးတင်ခြင်း အကောင်းမြင်ခြင်းတို့ကိုဆောင်ပြီး ပန်းနုရောင်နှင့်ဆီပန်းကတော့ ရိုးသားသေသပ်ခြင်းနှင့် ဂုဏ်ဆောင် ခြင်း စိတ်သဘောထားပျော့ပြောင်းခြင်းတို့ကိုလည်းအဓိပ္ပါယ်သက်ရောက် ပါသေးတယ်

နှင်းဆီအ၀ါ (Yellow Rose)

နှင်းဆီအ၀ါကတော့ လန်းဆန်းခြင်း၊ အသက်ဝင်ခြင်း၊ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းခြင်း တို့ကိုအဓိပ္ပါယ် သက်ရောက်ပါတယ် နှင်းဆီအ၀ါဟာ လူနာသတင်းမေးရာတွင်၎င်း အားပေးစကားပြောရာတွင်၎င်း ဘွဲ့နှင်းသဘင်တို့၌ထပ်တူဝမ်းသာခြင်းပြသရာတွင်၎င်း နှင်းဆီအ၀ါကိုသုံးလေ့ရှိကြပါတယ် နှင်းဆီ အ၀ါ အပေးခံရသောမိန်းကလေးများအနေနှင့် ဖြူစင်သည့်ချစ်ခြင်း သူငယ်ချင်းထက်မပိုသော ချစ်ခြင်း တို့ကိုပြသရာ၌နှင်းဆီအ၀ါပေးလေ့ရှိကြတာကြောင့် သင့်အနေနဲ့သူငယ်ချင်းကောင်း ရလိုက် သလိုခံ စားချက်မျိုးကို ရရှိစေမှာပါ

လိမ္မော်ရောင်နှင်းဆီ (Orange Rose)

လိမ္မော်ရောင်နှင်းဆီကတော့နည်းနည်း အဓိပ္ပါယ်လေးနက်တယ်လို့ခံစားရပါတယ် လိမ္မော်ရောင်ဟာ အနီရောင်နှင့်ရောယှက်သည့်အရောင်ဖြစ်ခြင်းကြောင့် ချစ်ခြင်း၊ လွပ်လပ်ပေါ့ပါးခြင်း၊ ဂရုနာသက် ရောက် ခြင်းတို့ကိုအဓိပ္ပါယ်ဆောင်ပါတယ် အဲဒါကြောင့်လည်းလိမ္မော်ရောင်နှင်းဆီ ဟာဆိုရင်တော့ ချစ်သူရည်းစားတွေထက် မိသားစုကိုပေးခြင်းကပိုပြီးသင့်တော်ပါတယ်

ခရမ်းရောင်နှင်းဆီ (Purple Rose)

ခရမ်းရောင်နှင်းဆီ သို့မဟုတ် လာဗင်ဒါ (Lavender) အရောင်ဟာလွန်စွာမှရှားပါးလှပါတယ် ဒါ့ကြောင့် ပဲ တွေ့တွေ့ခြင်းစွဲလမ်းမိသွားတဲ့အခါ ခရမ်းရောင်နှင်းဆီပန်းလေးကိုပေးပြီး ချစ်ခြင်းကို အသက်သွင်း စေပါတယ် ချစ်ခြင်းမှမဟုတ်ပဲခရမ်းရောင်နှင်းဆီဟာ အာဏာရှိခြင်း၊ အောင်မြင်တိုးတက်မှုကို ဆောင် ခြင်းစသည့် အဓိပ္ပါယ်များစွာသက်ရောက်ပါတယ်

နှင်းဆီပြာ (Blue Rose)

နှင်းဆီအပြာရောင်ဟာလည်းရှာရခက်တဲ့နှင်းဆီပန်းအရောင်တွေထဲကတခုပါပဲ နှင်းဆီအပြာ ရောင်ဟာသဘာနှင်းဆီအရောင်မဟုတ်ဘဲ သိပ္ပံနည်းဖြင့်စိုက်ပျိုးခြင်းကြောင့်ရတဲ့အရောင်ဖြစ်တာ ကြောင့်သိပ်ကိုရှားပါးလွန်းပြီးအဓိပ္ပါယ်လည်းနက်ရှိုင်းလှပါတယ် ရှာရခက်ပြီး သိပ္ပံနည်းနဲ့ဖန်တီးထား တဲ့အရောင်ဖြစ်တာကြောင့် မဖြစ်နိုင်ခြင်း၊ စောင့်ဆိုင်းခြင်း၊ ခါးသီးစွာငြင်းဆိုတဲ့ ချစ်ခြင်းနှင့်ဆန့်ကျင် ဘက်အဓိပ္ပါယ်တွေ သက်ရောက်ပါတယ် ဒါပေမယ့် ယခုခေတ်မှာတော့ ရှာရခက်တဲ့နှင်းဆီပန်းတပွင့် ဖြစ်တဲ့အတွက် အချစ်ကိုလေးလေးနက်နက်စောင့်ဆိုင်းနေတဲ့သူတွေ သုံးလေ့ရှိတဲ့အရောင်လေးပဲ ဖြစ်ပါတယ်

အနက်ရောင်နှင်းဆီ (Black Rose)

အနက်ရောင်နှင်းဆီဟာ ၀မ်းနည်းကြေကွဲခြင်းအဓိပ္ပါယ်ကိုသက်ရောက်နေတယ်လို့ဆို နိုင်မလား ? တကယ်တမ်းတော့ နှင်းဆီအနီရောင်ဟာ ထာဝရချစ်ခြင်းကိုဆိုလိုပြီး ချစ်သူရဲ့နံဘေးက ဘယ် မှ ထွက်ခွာမသွားဘူးဆိုတဲ့အဓိပ္ပါယ်ကို ဖေါ်ဆောင်ပြီး ကမ္ဘာပေါ်၌လုံးဝမရှိနိုင်ဘူးဟုထင်ရသည့် အချစ် စစ်အားပိုင်ဆိုင်ထားရပြီး ဟူ၌အဓိပ္ပါယ်သက်ရောက်ပါတယ်

အခုဆို Myanmar live ပရိတ်သက်ကြီးလဲနှင်းဆီပန်းများရဲ့လေးနက်တဲ့ အဓိပ္ပါယ်တွေကို သိသင့်သ လောက်သိသွားပြီလို့မျှော်လင့်ပါတယ် ချစ်သူများနေ့မှာ ချစ်သူကိုနှင်းဆီပန်းပေးမယ့်သူနဲ့ ချစ်သူဆီ က နှင်းဆီပန်းလက်ခံရရှိတဲ့သူတွေ အတွေ့အကြုံလေးတွေမျှဝေသွားကြဖို့မမေ့နဲ့နော….