၇ နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေတဲ့ အဘိုးကို မသိချင်ယောင်ဆောင်ခဲ့တဲ့ ဆိုင်ပိုင်ရှင်
တရုတ်နိုင်ငံ Zhejiang ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသားကတော့ အိမ်ရာမဲ့တစ်ဦးအတွက် နွေးထွေးတဲ့ကြင်နာမှုတစ်ခုပြုလုပ်ပေးခဲ့တာကြောင့် လူအများက ချီးကျူးဂုဏ်ပြုနေခဲ့ကြတာပါ။
သတင်းဖော်ပြချက်အရတာ့ အိုးမဲ့အိမ်မဲ့အဘိုးတစ်ဦးက လက်နဲ့ ရေးဆွဲထားတဲ့ ဘဏ်ငွေစက္ကူအတုတွေကို အသုံးပြုကာ ခေါက်ဆွဲဝယ်ယူနေခဲ့ပေမဲ့လည်း ဆိုင်ပိုင်ရှင်က သတိမထားမိစေဖို့ ဟန်ဆောင်နေခဲ့ပြီးတော့ အဆိုပါအဘိုးအတွက်
ခေါက်ဆွဲကို အခမဲ့ ပေးခဲ့တာပါ။ခေါက်ဆွဲဆိုင်ပိုင်ရှင်နဲ့ ဇနီးတို့က အဆိုပါအိုးအိမ်မဲ့အဘိုးက သူတို့ရဲ့ဆိုင်မှာ ၇နှစ်ကြာအထိ ခေါက်ဆွဲဝယ်စားနေခဲ့ပြီးတော့ သူတို့ဆိုင် အကြိမ်ပေါင်းများစွာ ပြောင်းရွေ့သွားခဲ့တာတောင်မှ
အဆိုပါအဘိုးဟာ သူတို့ကို ရအောင်လိုက်ရှာနေခဲ့ကြောင်း ဆိုခဲ့ပါတယ်နော်။အဆိုပါအဘိုးဟာ ငွေစက္ကူအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့လည်း တစ်ခါတစ်လေလည်း တစ်ကယ့် ငွေသားအစစ် ၂ ယွမ် ( ၄၅၀ ကျပ်) ဖြင့် ပေးချေဝယ်စားတတ်ပါသေးတယ်တဲ့။
ဓာတ်ပုံထဲအရတော့ အဆိုပါအိုးအိမ်မဲ့အဘိုးဟာ သူ့ရဲ့ငွေစက္ကူကို အစစ်နဲ့တူအောင် အရောင်စုံပါခြယ်ထားပုံပါဘဲနော်။ခေါက်ဆွဲဆိုင်ပိုင်ရှင်ကတော့ သူဟာ မသိသလိုဘဲ ဟန်ဆောင်နေခဲ့ပြီးတော့ အဆိုပါကံမကောင်းတဲ့ အိုးအိမ်မဲ့အဘိုးအား
ဂရုစိုက်သင့်တယ်လို့ ယုံကြည်နေတာကြောင့်ဘဲ ခေါက်ဆွဲကို ဆက်ရောင်းပေးဖို့ ရွေးချယ်ခဲ့ကြောင်း ဆိုခဲ့တာပါ။အခုအဖြစ်အပျက် ကို ကြားသိခဲ့ရတဲ့ အင်တာနက်အသုံးပြုသူတွေ ၊ သူတို့ဆိုင်ရဲ့စီးပွါးရေး သာယာဝပြောမှုအတွက်
ဆန္ဒရှိသူများစွာက ခေါက်ဆွဲဆိုင်ရှင် နဲ့ ဇနီးတို့အား သူတို့ရဲ့ကြင်နာတဲ့လုပ်ရပ်အတွက် ချီးကျူးနေခဲ့ကြတာဘဲ ဖြစ်ပါတယ်နော်။တစ်ကယ်လည်း တစ်ခါတစ်လေမှာ သေးငယ်တဲ့ကြင်နာမှုလုပ်ရပ်က ဒီလောကကြီးမှာရှိတဲ့ အခြားလူတစ်ယောက်အတွက် ကြီးမားတဲ့ ခြားနားချက် ကိုဖြစ်စေနိုင်ပါတယ်နော်။
ခရက်ဒစ်
Unicode