ပဋာစာရီလို_ကျိန်စာ_မတိုက်လေနဲ့
ငါ့အိမ်ကို ဓားမြတိုက်ပြီး
ငါ့ရဲ့ မိသားစုကို သတ်တဲ့ သူတွေ
ငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို
ငါကိုယ်တိုင် မြင်တွေ့ ပါရစေ။
၁။ တောထဲသွား မြွေကိုက် သေပါစေ။
၂။ ရေထဲဆင်း ရေမျော သေပါစေ။
၃။ကုန်းပေါ်မှာနေ စွန်ချီ ခံရပါစေ။
၄။ အိမ်ထဲမှာနေ အိမ်ပြိုပိလို့ သေပါစေ။
ရန်သူအဖြစ်နဲ့ ကျိန်ခဲ့တဲ့ ကျိန်စာ၊
မိသားစုအဖြစ်နဲ့ ဆုံလာခဲ့ပြီး
ဆုတောင်း ပြည့်လေတော့
ကိုယ်ပေါ် အဝတ်အစား
မကပ်နိုင်အောင် အထိ ရူးသွပ် ခဲ့ရပါတယ်။
#ပဋာစာရီ ••
လင်ကို မြွေကိုက်၊
သားကြီး ရေနစ်၊
သားငယ် စွန်ချီ၊
မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့် အိမ်ပိ
လို့ ဆုံးရူံးတာတွေ ကြုံရတော့
အဝတ်အစားမဲ့သည် အထိ ရူးခဲ့ ရပါတယ်။
#မြတ်ဗုဒ္ဓ_နှင့်တွေ့တော့
ချစ်သမီး •••
ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး၊
လက်ခုပ်လက်ဝါးတီးပြီး ရယ်မောရမယ့် ပွဲ တဲ့။
ဘာလို့လည်း ဆိုတော့၊
———————
အတိတ်ဘဝ တစ်ခုတုန်းက ••
ခု သေဆုံးသွားတဲ့ ဆွေမျိုးရင်းချာ (၆)ဦးဟာ
ချစ်သမီးရဲ့အိမ်ကို ဓားပြတိုက်၊
မီးရှို့၊ လူသတ် လုပ်တော့
ချစ်သမီးက စိတ်ဆိုးလွန်းလို့ ••
ဒင်းတို့ (၆)ဦးလုံး –
ငါ့ မျက်စိရှေ့မှာ အသေဆိုးနဲ့ သေတာကို
တပ်အပ် မြင်ရပါစေသား လို့
ကျိန်စာတိုက် ဆုတောင်း ခဲ့ဖူးတယ်။
ခု အဲဒီ ဆုတောင်း ပြည့်ပြီလေ တဲ့။
ဒါကြောင့် ••
ပြုသူ အသစ်၊
ဖြစ်သူ အဟောင်း၊
ကံမှန်ရင် အကျိုးပေး သန်လှပါတယ်။
သံသရာဟာ ဥာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး။
ပဋာစာရီ ရူးသွပ်နေချိန်မှာ
မြတ်ဗုဒ္ဓနှင့် ဘာကြောင့် ကြုံဆုံခွင့် ရခဲ့ ပါသလည်း။
အတိတ်က ဘဝ တစ်ခုမှာ –
ဝိပဿနာတရားကို တစ်ကြိမ်တစ်ခါ အားထုတ် ခဲ့ဖူးလို့ပါ တဲ့။
သင်တို့၊ ကျုပ်တို့ –
ပဋာစာရီ လောက်လည်း အခြေအနေ မဆိုးခဲ့ ကြပါဘူး။
ကံကောင်းသူများ
တရားနာယူခွင့် ရကြသည်။
ကံ အလွန် ကောင်းသူများ
တရား အားထုတ်ခွင့် ရကြသည်။
ကံဆိုး သူများသာ တရားကို ရှောင်ကြသည်။
ဘဝမှာ ••
မုန်းလို့ ဖြစ်စေ၊ စိတ်ဆိုးလို့ ဖြစ်စေ
ဘယ်တော့မှ ကျိန်စာတိုက်ပြီး ဆုမတောင်းပါနှင့်။
ချစ်လို့လည်း ဆုမတောင်း လေနဲ့၊
နောင်လာမည့်အကြောင်း မသိရဘူးလေ။
သင် ••
ကံကောင်း သူလား၊
ကံဆိုး သူလား။
ဘဝမှာ ••
ဒုက္ခ တစ်ခုနဲ့ ကြုံတိုင်း
ကောင်းမှုကုသိုလ် တစ်ခု
အနည်းဆုံး လုပ်ဖို့ တိုက်တွန်းပါရစေ။
Credit : ငယ်သူငယ်ချင်း ကိုဦး(ဒေါက်တာ)။
Unicode
ပဋာစာရီလို_ကျိန်စာ_မတိုက်လေနဲ့
ငါ့အိမ်ကို ဓားမြတိုက်ပြီး
ငါ့ရဲ့ မိသားစုကို သတ်တဲ့ သူတွေ
ငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို
ငါကိုယ်တိုင် မြင်တွေ့ ပါရစေ။
၁။ တောထဲသွား မြွေကိုက် သေပါစေ။
၂။ ရေထဲဆင်း ရေမျော သေပါစေ။
၃။ကုန်းပေါ်မှာနေ စွန်ချီ ခံရပါစေ။
၄။ အိမ်ထဲမှာနေ အိမ်ပြိုပိလို့ သေပါစေ။
ရန်သူအဖြစ်နဲ့ ကျိန်ခဲ့တဲ့ ကျိန်စာ၊
မိသားစုအဖြစ်နဲ့ ဆုံလာခဲ့ပြီး
ဆုတောင်း ပြည့်လေတော့
ကိုယ်ပေါ် အဝတ်အစား
မကပ်နိုင်အောင် အထိ ရူးသွပ် ခဲ့ရပါတယ်။
#ပဋာစာရီ ••
လင်ကို မြွေကိုက်၊
သားကြီး ရေနစ်၊
သားငယ် စွန်ချီ၊
မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့် အိမ်ပိ
လို့ ဆုံးရူံးတာတွေ ကြုံရတော့
အဝတ်အစားမဲ့သည် အထိ ရူးခဲ့ ရပါတယ်။
#မြတ်ဗုဒ္ဓ_နှင့်တွေ့တော့
ချစ်သမီး •••
ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး၊
လက်ခုပ်လက်ဝါးတီးပြီး ရယ်မောရမယ့် ပွဲ တဲ့။
ဘာလို့လည်း ဆိုတော့၊
———————
အတိတ်ဘဝ တစ်ခုတုန်းက ••
ခု သေဆုံးသွားတဲ့ ဆွေမျိုးရင်းချာ (၆)ဦးဟာ
ချစ်သမီးရဲ့အိမ်ကို ဓားပြတိုက်၊
မီးရှို့၊ လူသတ် လုပ်တော့
ချစ်သမီးက စိတ်ဆိုးလွန်းလို့ ••
ဒင်းတို့ (၆)ဦးလုံး –
ငါ့ မျက်စိရှေ့မှာ အသေဆိုးနဲ့ သေတာကို
တပ်အပ် မြင်ရပါစေသား လို့
ကျိန်စာတိုက် ဆုတောင်း ခဲ့ဖူးတယ်။
ခု အဲဒီ ဆုတောင်း ပြည့်ပြီလေ တဲ့။
ဒါကြောင့် ••
ပြုသူ အသစ်၊
ဖြစ်သူ အဟောင်း၊
ကံမှန်ရင် အကျိုးပေး သန်လှပါတယ်။
သံသရာဟာ ဥာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး။
ပဋာစာရီ ရူးသွပ်နေချိန်မှာ
မြတ်ဗုဒ္ဓနှင့် ဘာကြောင့် ကြုံဆုံခွင့် ရခဲ့ ပါသလည်း။
အတိတ်က ဘဝ တစ်ခုမှာ –
ဝိပဿနာတရားကို တစ်ကြိမ်တစ်ခါ အားထုတ် ခဲ့ဖူးလို့ပါ တဲ့။
သင်တို့၊ ကျုပ်တို့ –
ပဋာစာရီ လောက်လည်း အခြေအနေ မဆိုးခဲ့ ကြပါဘူး။
ကံကောင်းသူများ
တရားနာယူခွင့် ရကြသည်။
ကံ အလွန် ကောင်းသူများ
တရား အားထုတ်ခွင့် ရကြသည်။
ကံဆိုး သူများသာ တရားကို ရှောင်ကြသည်။
ဘဝမှာ ••
မုန်းလို့ ဖြစ်စေ၊ စိတ်ဆိုးလို့ ဖြစ်စေ
ဘယ်တော့မှ ကျိန်စာတိုက်ပြီး ဆုမတောင်းပါနှင့်။
ချစ်လို့လည်း ဆုမတောင်း လေနဲ့၊
နောင်လာမည့်အကြောင်း မသိရဘူးလေ။
သင် ••
ကံကောင်း သူလား၊
ကံဆိုး သူလား။
ဘဝမှာ ••
ဒုက္ခ တစ်ခုနဲ့ ကြုံတိုင်း
ကောင်းမှုကုသိုလ် တစ်ခု
အနည်းဆုံး လုပ်ဖို့ တိုက်တွန်းပါရစေ။
Credit : ငယ်သူငယ်ချင်း ကိုဦး(ဒေါက်တာ)။