Love

ချစ်သူကိုအရမ်းချစ်ပေမယ့် မဆိုးပဲလည်းမနေနိုင်တဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်(၅)မျိုး

ချစ်သူကိုအရမ်းချစ်ပေမယ့် မဆိုးပဲလည်းမနေနိုင်တဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်(၅)မျိုးတစ်ချို့ကောင်မလေးတွေဟာ သူတို့ချစ်သူကောင်လေးအပေါ် အမြဲတမ်းလိုလို ဆိုးကြပါတယ်။သူတို့စိတ်ထဲမှာ တစ်ခါတလေ နောင်တရမိပေမယ့် ချစ်သူအပေါ်မဆိုးပဲလည်း မနေနိုင်ကြပြန်ပါဘူး။ဒီလိုကောင်မလေးတွေရဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။(၁) ချစ်သူအလုပ်များတဲ့အချိန်ချစ်သူက ဖုန်းမဆက်တဲ့အခါတွေ၊ အလုပ်အရမ်းရှုပ်တဲ့အခါတွေမှာ ဘယ်လိုမှ အဆင်ပြေလို့ဆိုတာ သိသိကြီးနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး၊ ရစ်တတ်တဲ့ ကောင်မလေးတွေပါ။အလုပ်တွေရှုပ်လို့ ပျာယာခတ်နေတဲ့ချစ်သူကို စိတ်ကောက်ပြီး ကသိကအောက်ဖြစ်အောင်လုပ်တတ်ကြပါတယ်။သူတို့စိတ်ထဲမှာ ချစ်သူကိုသနားပြီး ကိုယ့်ကိုယ်ကိုယ် လွန်မှန်းသိပေမယ့် ဒီအကျင့်ကို လုံးဝမပြင်နိုင်ကြပါဘူး။(၂) ဦးစားပေးခံချင်တယ်သူတို့တွေဟာ အမြဲတမ်းဦးစားပေးခံချင်တဲ့သူတွေပါ။ တစ်လောကလုံးက ဘယ်သူနဲ့ယှဉ်ယှဉ်၊ ဘယ်လိုိအရာနဲ့ပဲ ယှဉ်ယှဉ် ချစ်သူအတွက် သူတို့က နံပတ်တစ်ဖြစ်ချင်ကြပါတယ်။တစ်ခါတလေ ချစ်သူက အရေးကြီးသွားရာရှိတဲ့ အချိန်တွေမှာပေကပ်ပြီး တားတာမျိုး၊ ကိုယ့်အနားမှာပဲ နေခိုင်းပြီး တမင်တားထားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ချစ်သူက တကယ်ကို ဘေးကျပ်နံကျပ်တွေဖြစ်ပြီး မျက်နှာလေးပျက်လာတော့မှ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပြီး စကားတွေ တဖွဖွနဲ့ မှာတတ်တဲ့သူတွေပါ။သူတို့စိတ်ထဲမှာ လွန်နေမှန်းသိပေမယ့် မပြင်ကြပါဘူး။(၃) ရန်ဖြစ်တဲ့အခါချစ်သူနဲ့ရန်ဖြစ်တဲ့အခါ ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ စကားမျိုးတွေကို ပြောတတ်ကြပါတယ်။ချစ်သူကို နာကျင်စေမယ့် စကားလုံးတွေ၊ စိတ်ပူစေမယ့် စကားလုံးတွေကိုမှ ရွေးပြီး ပြောတတ်ကြပါတယ်။လမ်းခွဲစကားကိုလည်း အကြိမ်ကြိမ်ပြောတတ်ကြပါတယ်။ ချစ်သူကို တစ်ခွန်းမှ အတင်မခံပဲ အနိုင်ရရင်ပြီးရော ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတတ်ကြပါတယ်။တစ်ခါတလေ ပြောနေရင်းနဲ့ ချစ်သူက တကယ်လမ်းခွဲသွားမှာကိုလည်း ကြောက်နေကြပြန်ပါတယ်။(၄) အရမ်းချွဲတယ်ချစ်သူအနားမှာ ရှိတဲ့အခါကျရင် အရမ်းကိုချွဲတတ်တဲ့ ကောင်မလေးတွေဖြစ်ပါတယ်။ တစ်ခါတလေ ချွဲလွန်းလို့ စကားတွေတောင် မပီကြတော့ပါဘူး။တစ်ခုခုစားရင်လည်း ချစ်သူ ခွံ့ကျွေးမှ၊ နေမကောင်းရင်လည်းချစ်သူက ချော့ပြီးဆေးသောက်ခိုင်းမှ၊ တစ်ခုခုဆိုလည်း ကလေးလို ဂျီကျလိုက်ရမှ ကျေနပ်ကြတဲ့သူတွေပါ။တစ်ခါတလေ ကိုယ့်ကြောင့်ချစ်သူ ပင်ပန်းတယ်ဆိုတာ သိပေမယ့် မဆိုးပဲ မနေနိုင်ကြပါဘူး။(၅) ငိုတယ်သူတို့တွေရဲ့ အကောင်းဆုံးလက်နက်က မျက်ရည်ပါပဲ။ သူတို့အရမ်းလွန်လာလို့ ချစ်သူက စိတ်ဆိုးသွားတဲ့အခါ၊ ချစ်သူက ဆူလိုက်တဲ့အခါမျိုးတွေမှာ အော်ငိုတတ်ကြပါတယ်။ဒီလိုနဲ့ပဲ ချစ်သူက သူတို့ကိုအသည်းအသန်ပြန်ချော့၊ ပြန်တောင်းပန်ရပြီး သူတို့အမှားကနေ ချစ်သူအမှာ ဖြစ်သွားပြန်ပါတယ်။ချစ်သူစိတ်ပျက်သွားမှာကိုတော့ သေမလောက်ကြောက်ပေမယ့် ဘယ်တော့မှ မပြင်ကြပါဘူး။CreditUnicodeချစ်သူကိုအရမ်းချစ်ပေမယ့် မဆိုးပဲလည်းမနေနိုင်တဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်(၅)မျိုးတစ်ချို့ကောင်မလေးတွေဟာ သူတို့ချစ်သူကောင်လေးအပေါ် အမြဲတမ်းလိုလို ဆိုးကြပါတယ်။သူတို့စိတ်ထဲမှာ တစ်ခါတလေ နောင်တရမိပေမယ့် ချစ်သူအပေါ်မဆိုးပဲလည်း မနေနိုင်ကြပြန်ပါဘူး။ဒီလိုကောင်မလေးတွေရဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။(၁) ချစ်သူအလုပ်များတဲ့အချိန်ချစ်သူက ဖုန်းမဆက်တဲ့အခါတွေ၊ အလုပ်အရမ်းရှုပ်တဲ့အခါတွေမှာ ဘယ်လိုမှ အဆင်ပြေလို့ဆိုတာ သိသိကြီးနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး၊ ရစ်တတ်တဲ့ ကောင်မလေးတွေပါ။အလုပ်တွေရှုပ်လို့ ပျာယာခတ်နေတဲ့ချစ်သူကို စိတ်ကောက်ပြီး ကသိကအောက်ဖြစ်အောင်လုပ်တတ်ကြပါတယ်။သူတို့စိတ်ထဲမှာ ချစ်သူကိုသနားပြီး ကိုယ့်ကိုယ်ကိုယ် လွန်မှန်းသိပေမယ့် ဒီအကျင့်ကို လုံးဝမပြင်နိုင်ကြပါဘူး။(၂) ဦးစားပေးခံချင်တယ်သူတို့တွေဟာ အမြဲတမ်းဦးစားပေးခံချင်တဲ့သူတွေပါ။ တစ်လောကလုံးက ဘယ်သူနဲ့ယှဉ်ယှဉ်၊ ဘယ်လိုိအရာနဲ့ပဲ ယှဉ်ယှဉ် ချစ်သူအတွက် သူတို့က နံပတ်တစ်ဖြစ်ချင်ကြပါတယ်။တစ်ခါတလေ ချစ်သူက အရေးကြီးသွားရာရှိတဲ့ အချိန်တွေမှာပေကပ်ပြီး တားတာမျိုး၊ ကိုယ့်အနားမှာပဲ နေခိုင်းပြီး တမင်တားထားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ချစ်သူက တကယ်ကို ဘေးကျပ်နံကျပ်တွေဖြစ်ပြီး မျက်နှာလေးပျက်လာတော့မှ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပြီး စကားတွေ တဖွဖွနဲ့ မှာတတ်တဲ့သူတွေပါ။သူတို့စိတ်ထဲမှာ လွန်နေမှန်းသိပေမယ့် မပြင်ကြပါဘူး။(၃) ရန်ဖြစ်တဲ့အခါချစ်သူနဲ့ရန်ဖြစ်တဲ့အခါ ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ စကားမျိုးတွေကို ပြောတတ်ကြပါတယ်။ချစ်သူကို နာကျင်စေမယ့် စကားလုံးတွေ၊ စိတ်ပူစေမယ့် စကားလုံးတွေကိုမှ ရွေးပြီး ပြောတတ်ကြပါတယ်။လမ်းခွဲစကားကိုလည်း အကြိမ်ကြိမ်ပြောတတ်ကြပါတယ်။ ချစ်သူကို တစ်ခွန်းမှ အတင်မခံပဲ အနိုင်ရရင်ပြီးရော ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတတ်ကြပါတယ်။တစ်ခါတလေ ပြောနေရင်းနဲ့ ချစ်သူက တကယ်လမ်းခွဲသွားမှာကိုလည်း ကြောက်နေကြပြန်ပါတယ်။(၄) အရမ်းချွဲတယ်ချစ်သူအနားမှာ ရှိတဲ့အခါကျရင် အရမ်းကိုချွဲတတ်တဲ့ ကောင်မလေးတွေဖြစ်ပါတယ်။ တစ်ခါတလေ ချွဲလွန်းလို့ စကားတွေတောင် မပီကြတော့ပါဘူး။တစ်ခုခုစားရင်လည်း ချစ်သူ ခွံ့ကျွေးမှ၊ နေမကောင်းရင်လည်းချစ်သူက ချော့ပြီးဆေးသောက်ခိုင်းမှ၊ တစ်ခုခုဆိုလည်း ကလေးလို ဂျီကျလိုက်ရမှ ကျေနပ်ကြတဲ့သူတွေပါ။တစ်ခါတလေ ကိုယ့်ကြောင့်ချစ်သူ ပင်ပန်းတယ်ဆိုတာ သိပေမယ့် မဆိုးပဲ မနေနိုင်ကြပါဘူး။(၅) ငိုတယ်သူတို့တွေရဲ့ အကောင်းဆုံးလက်နက်က မျက်ရည်ပါပဲ။ သူတို့အရမ်းလွန်လာလို့ ချစ်သူက စိတ်ဆိုးသွားတဲ့အခါ၊ ချစ်သူက ဆူလိုက်တဲ့အခါမျိုးတွေမှာ အော်ငိုတတ်ကြပါတယ်။ဒီလိုနဲ့ပဲ ချစ်သူက သူတို့ကိုအသည်းအသန်ပြန်ချော့၊ ပြန်တောင်းပန်ရပြီး သူတို့အမှားကနေ ချစ်သူအမှာ ဖြစ်သွားပြန်ပါတယ်။ချစ်သူစိတ်ပျက်သွားမှာကိုတော့ သေမလောက်ကြောက်ပေမယ့် ဘယ်တော့မှ မပြင်ကြပါဘူး။Credit