FB သုံးတာ ဒီလိုပို့စ်မျိုးတွေကြောင့် ဘေလ် ကုန်ရကျိုး နပ်နေတာပါမျက်ရည်ခိုင်ရင်တော့ ဖတ်ကြည့်စေချင်တယ်
လင်မယားစုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်းနစ်မြှုပ်သွားတယ်
အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်
အသက်ကယ်လှေပေါ်မှာနေရာဆိုလို့တစ်နေရာဘဲ ကျန်တော့တယ်
အဲဒီအချိန်မှာယောကျ်ားဖြစ်သူကသူ့မိန်းမကိုသူ့အနောက်ဆွဲချလိုက်ပြီးသူကိုယ်တိုင်အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ
အဲဒီအမျိုးသမီးကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ယောကျ်ားကိုစကားတစ်ခွန်းအော်ပြောလိုက်တယ်
ဒီနေရာအထိပြောပြီးတော့ဆရာမကကျောင်းသားတွေကိုမေးလိုက်တယ်
မင်းတို့ခန့်မှန်းကြည့်အမျိုးသမီးကဘာအော်ပြောလိုက်သလဲ
ကျောင်းသားတွေကတော့အလုအယက်ဒေါနဲ့မောနဲ့အော်ပြောကြတယ်ငါနင့်ကိုမုန်းတယ် ငါကိုထားပစ်ရစ်ခဲ့တယ်
အဲဒီအချိန်မှာဆရာမကကျောင်းသူလေးတစ်ယောက်ကိုဘာမှမပြောတာကိုသတိထားမိတော့ဆရာမကသူ့ကိုမေးလိုက်တယ်
အဲဒီကျောင်းသူလေးကပြန်ဖြေလိုက်တယ်ဆရာ သမီးထင်တယ
အဲဒီအမျိုးသမီးအော်ပြောလိုက်မှာကငါတို့ကလေးကိုကောင်းကောင်းဂရုစိုက်ပေးပါလို့
ဆရာမကအံ့သြသွားတယ်သူ့ကိုပြန်မေးလိုက်တယ်အဲဒီ ပုံပြင်ကိုနားထောင်ဖူးလို့လာ
ကျောင်းသူလေးကခေါင်းကိုခါပြီးပြောလိုက်တယ်
ဟင့်အင်းသမီးမမေနေမကောင်းဖြစ်ပြီးဆုံးခါနီးမှာဒီစကားဟာသူဖေဖေ့ကိုပြောခဲ့တဲ့စကားပါ
ဆရာမကပြန်ပြောလိုက်တယ် အဖြေမှန်ပါတယ်ကွယ်သင်္ဘောနစ်မြှုပ်သွားပါတယ်
ယောကျ်ားကသူ့မြို့ကိုပြန်ရောက်ပြီးသမီးလေးကိုကြီးပြင်းလာတဲ့အထိကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့တယ်
နှစ်ပေါင်းများစွာကြာပြီးနောက်အဲဒီယောကျ်ားဟာလဲရောဂါနဲ့ ဆုံးပါးသွားတော့
သမီးဖြစ်သူကသူကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကိုရှင်းတော့မှသူ့ဖေဖေရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်
အဲဒီအချိန်ရောက်မှသူသိလိုက်တယ်ဖေဖေနဲ့မေမေသင်္ဘောအတူစီးတဲ့အချိန်မှာမေမေ့ရောဂါဟာနောက်ဆုံးအဆင့်ကိုရောက်နေပါပြီ
အရေးပေါ်အချိန်မှာဖေဖေဟာအသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကိုအရောက်ပြေးခဲ့တယ်
သူ့ရဲ့မှတ်တမ်းစာအုပ်မှာရေးထားတာက“ငါ မင်းနဲ့ဒီပင်လယ်အောက်ကိုအတူတူသာနစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူးသမီးလေးအတွက်ကြောင့်….
ဒီပင်လယ်ရေနက်အောက်မှာ.နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ
ပုံပြင်ပြောလို့ပြီးသွားပါပြီအခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်ဆရာမကသိတယ်
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကိုနားလည်လိမ့်မယ်လို့
ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေတခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီးအလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး
ပိုက်ဆံရှင်းချိန်မှာပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး
သူက ဒီသူငယ်ချင်း သံယောဇဉ်ကိုငွေကြေးထက်ပိုပြီး အလေးထားလို့ပါ
အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီးကြိုးစားလုပ်တဲ့သူဟာသူ အ နေလို့မဟုတ်ဘူး…သူက တာဝန်သိတတ်လို့ပါ
ရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံး တောင်းပန်တဲ့သူဟာသူမှားနေလို့မဟုတ်ဘူးကိုယ့်ဘေးက လူကိုသူ တန်ဖိုးထားရမှန်းသိနေလို့ပါ
မင်းကိုအမြဲကူညီနေတဲ့သူဟာမင်းဆီကနေ တစ်ခုခုပြန်ရဖို့တောင့်တနေတာမဟုတ်ဘူး
မင်းကို သူငယ်ချင်းအစစ်တစ်ယောက်အနေနဲ့တန်ဖိုးထားလို့ပါ…
မင်းကိုအမြဲမက်ဆေ့ပိုဆက်သွယ်နေတဲ့သူဟာသူအားယားနေလို့မဟုတ်ပါဘူးဒါဟာသူ့စိတ်ထဲမှာမင်းရှိနေလို့ပါဘဲ
Crd.
Unicode