Love

ဒါဖတ်ပြီးမှ ဗယ်လင်တိုင်းမ်စ်ဒေးမှာ ချစ်သူနဲ့ ဒိတ်လုပ်ပါ

ဒါဖတ်ပြီးမှ ဗယ်လင်တိုင်းမ်စ်ဒေးမှာ ချစ်သူနဲ့ ဒိတ်လုပ်ပါ

ဖဖော်ဝါရီ၁၄ရက်နေ့ဟာတစ်ကမ္ဘာလုံးကချစ်သူများန့Valentine’s Dayအဖြစ်အသိမှတ်ပြုထားတဲ့အပြည်ပြည်ဆိုင်ရာချစ်သူများနေ့ဖြစ်လို့စုံတွဲတွေအတွက်တေနေ့ထူးနေ့မြတ်ကြီးပါပဲဗီဒေးကိုနွှဲဖို့အဆင်သင့်ဖြစ်နေကြတဲ့စုံတွဲတွေအားလုံးကို ပွင့်လင်းမြင်သာ ခေတ်ကြီးမှာ ပိုပိုလေးကလည်း လူငယ်အချင်းချင်း ပွင့်ပွင့်လင်းလင်းပဲရေးလိုက်တော့မယ်နော်

ဗယ်လင်တိုင်းမ်စ်ဒေး ဖြစ်လာရတဲ့ နောက်ခံဇာတ်လမ်းလေးကတော့ အားလုံးသိပြီးကြမယ်ထင်ပါတယ်ဒါပေမယ့်မသိသေးသူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးနဲနဲလောြပောပြပါရစေလက်ထပ်ခွင့်ကိုပိတ်ပင်ထားတဲ့ဘုရင်ခေတ်တစ်ခုမှာခရစ်ယာန်ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းမ်ကချစ်သူစုံတွဲတွေကိုသူ့ဘုရားရှိခိုးကျောင်းမှာဘုရင်ကြီးမသိအောင်တိတ်တဆိတ်လက်ထပ်ပေးတယ်

ဒီလိုနဲ့ဘုရင်ကြီးသိသွားတဲ့အခါဘုန်းတော်ကြီးကိုကွပ်မျက်လိုက်တယ်။ အခက်အခဲတွေကြားကနေချစ်သူတွေကို ဆုံဆည်းပေးခဲ့တဲ့ဘုန်းတော်ကြီး ဗယ်လင်တိုင်းမ်ကိုအောက်မေ့ဖွယ်အနေနဲ့ဖေဖော်ဝါရီ၁၄ကိုဗယ်လင်တိုင်းမ်စ်ဒေးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ဇာတ်လမ်းကတော့ ဒါလေးပါပဲ။ ဒါပေမယ့် တို့ပြည်တို့မြေမှာတော့ ဗယ်လင်တိုင်းမ်စ်ဒေးရဲ ဂယက်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုကြီးလို့လာပါတယ်

အခြားနိုင်ငံတွေမှာ ထွန်းကားနေခဲ့တဲ့ ဗယ်လင်တိုင်းမ်စ်ဒေး ယဉ်ကျေးမှုဟာ မြန်မာပြည်ကို ၁၉၉၀ ခုနှစ်ဝန်းကျင်များလောက်မှာ နူးညံ့စွာနဲ့စတင်စိမ့်ဝင်ခဲ့တာပါချစ်သူများအမှတ်တရ စုံတွဲသီချင်းခွေတွေ အပြိုင်အဆိုင် ထွက်ပြီး ချစ်သူတွေ အချင်းခြင်း အပြန်အလှန် လက်ဆောင်တွေပေးကြတယ်၊ ပိုစ့်ကတ်တွေ ပေးကြတယ်၊ ဗယ်လင်တိုင်းမ်စ် အမှတ်တရ ရိုက်နှိပ်ထားတဲ့ တီရှပ်ဆင်တူတွေ ဝတ်ပြီး အပြင်မှာလျှောက်လည်ကြတယ်

ချော့ကလက်ပေးဖို့ဆိုတာတောင် အခုခေတ်လောက် မပေါသေးပါဘူး၊ ပန်းစည်းအနေနဲ့ပလပ်စတစ်နှင်းဆီပန်းလေးေခေတ်စားခဲ့တာပေါ့ ချစ်သူများနေ့ရဲနိဒါန်းဟာဒီလောက်လေးပါပဲဒီခေတ်မှာတော့မိန်းကလေးန့ ယောကျ်ားလေး တန်းတူပဲလို့ယူဆနေကြတဲ့အချိန်၊ အချစ်ကိစ္စမှာသာတယ်နာတယ်ဆိုတာတွေ မရှိဘူးလို့အချို့ခံယူနေကြချိန်၊ ဖြူစင်စွာချစ်တာတွေမဖြူမစင်ချစ်တာေခေတ္တဘေးချိပ်ပြီး ပွင့်ပွင့်လင်းလင်းပြောကြပါစို့နော်

ဗယ်လင်တိုင်းမ်စ်ဒေးယဉ်ကျေးမှုတစ်နှစ်ထက်တစ်နှစ် ထွန်းကားလာတာနဲ့အမျှ မြန်မာ့ယဉ်ကျေးမှုပေတံနဲ့တိုင်းတာရင်လွန်ကျွံထွက် တိုင်းတပါးယဉ်ကျေးမှုအရောင်တွေစွန်းထင်းခဲ့တာ ကြာနေပါပြီဒါခေတ်ပဲလေအပြစ်ပြောလို့ရတာမျိုးမှမဟုတ်တာဒါကြောင့်မို့ပိုပိုလေးက ဗယ်လင်တိုင်းမ်းစ်ဒေးဆင်နွှဲကြမယ့်ချစ်သူတွေအတွက်မသိမရှိမရှိမဖြစ်တဲ့ အရာလေးတွေမေတ္တာနဲပောပြပေးချင်ပါတယ်

ချစ်သူစုံတွဲနှစ်ယောက်ကြားမှာမိန်းကလေးဘက်က အဆင်သင့်မဖြစ်သေးရယောကျ်ားလေးဘက်ကလည်းအတင်းရယူဖို့မကြိုးစားပါနဲ့မိန်းကလေးတစ်ယောက်ရဲ့အပျိုစင်ဘဝဟာဗယ်လင်တိုင်းမ်စ်ဒေးအတွက်စတေးရမယ့်လက်ဆောင်တစ်ခုမဟုတ်တာတေသေချာပါတယ်ဆန္ဒမရှိရင်ပေါ့လေမိမိကအဆင်သင့်မဖြစ်သေးတဲ့ အခြေအနေမျိုးမှာ ချစ်သူနဲ့အတူ စိတ်ကွယ်ရာနေရာတွေကို လိုက်မသွားသင့်ပါဘူး

ဗယ်လင်တိုင်းမ်စ်ဒေးမှာရလိုက်ရေမွှေးစားစရာလက်ဆောင်စတဲ့ရာတွေကိုသတိထားပြီးသုံးပါချက်ခြင်းစိတ်ကို ပြောင်းလဲစေတတ်တဲ့ အရာတွေပါကောင်းပါနိုင်ပါတယ်အမျိုးသားများစော်ကားခြင်းမဟုတ်ပါဒီလိုအခြေနေမျိုးမှာ မိန်းကလေးဘက်က ချစ်သူကို နားလည်အောင် ပြောဆိုဆွေးနွေးပြီး နှစ်သိမ့်ပါချစ်သူဘဝမှာကိုယ့်ကိုမချစ်လို့လားဆိုတဲ့ မေးခွန်းဟာ ကမ္ဘာပေါ်မှာ ဖြေရအခက်ခဲဆုံး မေးခွန်းမိုရွေးစရာလမ်းမရှိသလို ချောင်ပိတ်ခံရမှာ အသေအချာပါ

ဒီမေးခွန်းမျိုးကို ဒီမေးခွန်းနဲ့ပဲ ပြန်မေးပြီး အဖြေပေး ရှောင်ထွက်ပါ။ ဒါဟာ မေးခွန်းတစ်ခုမဟုတ်ပါဘူး ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ သတိရပါ။အကယ်၍ နှစ်ဦးသဘောတူပြီး ချစ်စခန်းသွားကြတော့မယ်ဆိုရင်တော့ မရှိမဖြစ်ဆောင်ထားရမယ့် အဖော်က ကွန်ဒုံးပါ။ ကွန်ဒုံးဝယ်ရတာ ရှက်စရာမဟုတ်ပါဘူး၊ ကိုယ့်ရဲ ကာမဆနပျော်ပါးမှုကြောင့် ဘာမှအဆင်သင့်မဖြစ်သေးပဲလူလောကကြီးထဲကို ကလေးတစ်ယောက် ဆွဲခေါ်မိသလို ဖြစ်တာမျိုးကသာရှက်စရာပါ

ဒါကြောင့် နောက်ဆက်တွဲ ပြဿနာဆိုးကျိုးများ မဖြစ်ပေါ်စေဖို့ကွန်ဒုံး အရေးကြီးပါတယ်နောက်ထပ်အရေးကြီးတာ တစ်ခုကတော့ ကိုယ်သွားတဲ့နေရာ တည်းခိုခန်းမှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားခြင်းရှိမရှိ အရင်စစ်ဆေးဖို့လည်း လိုပါသေးတယ်။ ဒီလိုမှမဟုတ်ရင် ဗယ်လင်တိုင်းအမှတ်တရ HD ဆိုပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးသွားနိုင်ပါတယ်အဲဒီအတွက်ဟိုတယ်အခန်းထဲရောက်ရင်ဆန္ဒကိုခဏမြိုသိပ်ပြီး ဘေးကင်းအောအောက်ပါအတိုင်းအရင်စစ်ဆေးပါ

၁။ တစ်ခန်းလုံးက လျှပ်စစ်ပစ္စည်းမီးခလုပ်တွေ ပိတ်လိုက်ပါ၊ ကင်မရာတပ်ဆင်ထားရင် မီးနီ၊ မီးပြာ မီးပွင့်လေးတွေ တွေ့ရပါလိမ့်မယ်

၂။ ဖုန်းကင်မရာနဲ့စစ်ဆေးပါ၊ မီးမှောင်ချထားတဲ့ အခန်းမှာ ဖုန်းမှ ကင်မရာကို ဖွင့်ပြီး အခန်းရဲ ထောင့်နေရာအစုံကို လိုက်ကြည့်ပါ။ ဖုန်းကင်မရာက အလင်းကို လိုက်ရှာတာမို့သာမန်မျက်စိနဲ့မမြင်ရတဲ့ အလင်းအသေးလေးတွေကို ထောက်လှမ်းနိုင်ပါတယ်

၃။ နောက်တစ်ခုကတီဗီရီမုတ်ကွန်ထရိုးနဲ့စမ်းသပ်ကြည့်ပါဖုန်းကနေ Flash မီးဖွင့်ထားပါတီဗီရီမုတ်ကိုတီဗီနဲ့ဝေးရာထောင့်တစ်နေရာကို ယူသွားပါ။ အဲဒီနောက် တီဗီရီမုတ်ရှေ့ကမီးသီးလေးကို Flash light နဲ့ထိုးထားပြီးရီမုတ်ကကြိုက်တဲ့ခလုပ်တစ်ခုနှိပ်ပါခရမ်းရောင် မီးလင်းသွားတယ်ဆိုရင်ဒါဟာတစ်နေရာမှာလျှို့ဝှက်ကင်မရာ တပ်ဆင်ထားလို့ပဲဖြစ်ပါတယ်

ယခုဆောင်းပါသည် မည်သည့်အရာကိုမျှ တွန်းအားပေးနေခြင်းမဟုတ်ပါ၊ တွန်းအားပေးလည်း စဉ်းစားတွေခေါ်တတ်တဲ့ ယနေ့လူငယ်များက လက်ခံချင်မှ လက်ခံမည့် သဘောရှိသူများသာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုနေ့မျိုးမှာ တားမရပဲ အမှောင်ဘက်ခြမ်းသွာချင်ကြတဲ့ စုံတွဲတွေအတွက် အန္တရာယ်ကင်းအောင်အကြံပြုခြင်းသာဖြစ်ပါတယ်

ဗယ်လင်တိုင်းမ်စ်ဒေးမှာ ချစ်သူတွေ ဘေးအန္တရာယ်ကင်းကင်းနဲပျော်ရွှင်ချမ်းမြေ့ကြပါစေ မိန်းကလေးတွေနောက်ဆုံးတစ်ခုပဲ မှာလိုတာကတော့အလိုလိုက်တော့မယ်လို့ဆုံးဖြတ်ရင်စဉ်းစားပါ ထပ်စဉ်းစာ အချိန်ယူပြီးထပ်စဉ်းစားပါဦးလို

Credit Aung