Knowledge

ဘုရားပရဝဏ်အတွင်းမှာ စုံတွဲတွေဟာ နေရာအနှံ့ချိန်းတွေ့နေကြပါတယ်…..

ဘုရားပရဝဏ်အတွင်းမှာ စုံတွဲတွေဟာ နေရာအနှံ့ချိန်းတွေ့နေကြပါတယ်။ ဘုရားဆိုလို့လည်း သတိမထား၊ ဘုန်းကြီးရဟန်းရှေ့မှာလည်း ရှက်ရမှန်းမသိ၊ လူကြီးသူမရှေ့ဆိုလို့လည်း အာရုံမစိုက်ဘဲ နေ့ခင်းကြောင်တောင်မှာ ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။

သမီးရည်းစားဆိုတာ မျက်စိကွယ်ရာ နားကွယ်ရာ ချိန်းတွေ့တာ သဘာဝဖြစ်ပေမယ့် ဘာသာရေး အဆောက်အဦး အတွင်းမှာ ဖြစ်ပျက်နေတာ မသင့်တော်လွန်းပါဘူး။ ဒီနေရာမှာ အဂါရဝတရား (၆) ပါး အကြောင်းကို နည်းနည်း ပြောချင်ပါတယ်။ အဂါရဝဆိုတာ မလေးစားတာ၊ တန်ဖိုးမထားတာကို ခေါ်ပါတယ်။

(၁) ဘုရားရှေ့မှာ မလေးမစားပြုမိခြင်း၊(၂) တရားတော်ကို မလေးမစားပြုမိခြင်း(၃) သံဃာတော်ကို မလေးမစားပြုမိခြင်း(၄) ကိုယ်ကျင့်တရားကို တန်ဖိုးမထားခြင်း။

(၅) ကုသိုလ်တရားကို မမေ့ရဘူးဆိုတဲ့ အပ္ပမာဒတရားပေါ်မှာ မလေးမစားပြုမိခြင်းနဲ(၆) မိတ်ဆွေအချင်းချင်း မလေးမစားပြုမိခြင်းကို ခေါ်ပါတယ်။

လေးစားမြတ်နိုးထိုက်တဲ့ အရာတွေကို မလေးမစားပြုမိရင် လက်ရှိဘဝမှာလည်း ကံမကောင်းတတ်သလို သံသရာအတွက် လည်း အပယ်ငရဲကျရောက်တတ်ပါတယ်။

ဘုရားဝင်း၊ ကျောင်းဝင်းအတွင်းမှာ ချိန်းတွေ့တယ်ဆိုတာ အဂါရဝတရား (၆) ပါးထဲမှာ အကြီးဆုံးဖြစ်တဲ့ ဗုဒ္ဓဘုရားကို မလေးမစားပြုမိတဲ့အကျိုးထဲမှာ ပါဝင်ပါတယ်။

ကုသိုလ်ကံနဲ့အကုသိုလ်ကံ (၂) မျိုးထဲမှာ အကုသိုလ်ကံဆိုတာ လက်ရှိဘဝမှာ ချက်ချင်းအကျိုးပေးတတ်တဲ့ ဒိဋ္ဌဓမ္မဝေဒနိယကံ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

ဘုရားဝင်း၊ ကျောင်းဝင်းအတွင်းမှာ မဖွယ်မရာပြုလုပ်တဲ့ စုံတွဲတွေဟာ ယခုဘဝမှာတင် သေကွဲရှင်ကွဲ ကွဲတတ်သလို အိမ်ထောင်ကျသွားရင်လည်း အိမ်ထောင်ရေးမခိုင်မြဲတတ်ပါဘူးလို့သာ ဆိုချင်ပါတယ်။ ဟီရိသြတပ္ပတရား ကင်းမဲ့တဲ့ အပြုအမူဖြစ်တဲ့အတွက် လူကြီးသူမတွေအနေနဲ့ပာဆိုဆုံးမသင့်ပါတယ်။

Credit ဆရာတော်များ၏ သြဝါဒတော်များ ပေါင်းချုပ်

Unicode