Knowledge

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဘုရားတွေကို လှည့်လည်ဖူးမြော်လို့ ဝပြီဆိုရင်တော့ ခမောက်တောင်တောင်ပေါ်က ကျောက်ထီးစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်လေးကို သွားရောက်ဖူးမြော်စေချင်ပါတယ်

နာမည်ကြီးနေတဲ့ ငါးမည်ရ ခမောက်တောင်ဟာ ခရီးသွားတွေကြား ထင်ပေါ်လာနေတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

ဒီတစ်ခါ ဘုရားဖူး သွားစေချင်တဲ့ နေရာလေး ကတော့ ကောလင်းမြို့နယ်ရဲ့ နာမည်ကြီး နေရာတစ်နေရာ ဖြစ်တဲ့ နာမည် ( ၅ ) မျိုးရတဲ့ ခမောက်တောင် ကို သွားစေချင်ပါတယ်။

ကောလင်းမြို့ကနေ အနောက်အရပ်ကို ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက် မောင်းရင် ခမောက်တောင်ကို ရောက်ပါလိမ့်မယ်။ များသောအားဖြင့် တပေါင်းလဆုတ် (မတ်လ ၁၀ ရက်ဝန်းကျင်)လောက်မှာ ပွဲတော်ရက်ကိုကျင်းပလေ့ရှိပါတယ်။ ပွဲတော်ရက်ကို ငါးရက်တိုင်တိုင်ကျင်းပလေ့ရှိပြီးနောက်ဆုံးရက်က ဆွမ်းလောင်းတဲ့ ရက်ပဲဖြစ်ပါတယ်။ ခမောက်တောင်ကို အမည်ငါးမျိုး မှည့်ခေါ်ကြပါတယ်။

အဲဒီအမည်နာမတွေကတော့

၁.ခမောက်တောင်

၂.သံခမောက်တောင်

၃.လွယ်မောက်တောင်

၎.ဦးစီတောင်

၅.မြူခိုးရစ်မှောင်နဂါးရစ်တောင် လို့ ခေါ်ပါတယ်။

ပွဲတော်ရက်ဆိုရင် နာမည်ကြီး မင်းသား မင်းသမီးတွေပါ လာလေ့ရှိလို့ နှစ်တိုင်း ကြိတ်ကြိတ်တိုး စည်ကားလှပါတယ်။

ပွဲတော်ရက်မှာ အထက် မိုးညှင်း မိုးကောင်း အင်းတော်ကြီး ဘက်က ရှမ်းတွေပါ လာရောက်ဆင်နွှဲကြပါတယ်။ ပွဲတော်ရဲ့ နောက်ဆုံးရက် ဆွမ်းလောင်းပွဲကတော့ အစည်ကားဆုံးရက်လို့ ပြောရပါမယ်။

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဘုရားတွေကို လှည့်လည်ဖူးမြော်လို့ ဝပြီဆိုရင်တော့ ခမောက်တောင်တောင်ပေါ်က ကျောက်ထီးစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်လေးကို သွားရောက်ဖူးမြော်စေချင်ပါတယ်။

ငါးမည်ရ ခမောက်တောင်

Credit : MyanmarTraveller

Unicode