Love

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာမှာ အားနည်းချက်ဆိုတာမရှိပါဘူး

တခါတုန်းက လူတယောက်ဟာ လှပလွန်းတဲ့ မိန်းကလေး တယောက်နဲ့ လက်ထပ်လိုက်တယ်။ မိန်းကလေးဟာ ရုပ်လှတဲ့ အပြင် စိတ်ထားကလည်း အရမ်းကောင်းတော့ အမျိုးသားက အရမ်းချစ်ရှာတယ်။

တနေ့မှာတော့ အမျိုးသမီးဟာ အရေပြားရောဂါ စတင် ခံစားလာရတယ်။ အကြောင်း တိုက်ဆိုင်တော့ တရက်မှာ အမျိုးသားကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ်။ ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး မျက်စိ နှစ်လုံးစလုံး ကွယ်သွားခဲ့တယ်။

ဒီနေရာမှာ ခဏလောက် ရပ်ပြီး စဉ်းစားကြည့်ရအောင်။ အရေပြားရောဂါသည်နဲ့ မျက်မမြင် တယောက် ရဲ့ အိမ်ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံ ခရီးဆက်ကျမလဲ၊ ဘာတွေ ဆက်ဖြစ်မယ်လို့ ထင်ပါသလဲ။ တကယ်တော့ သူတို့ ဇနီးမောင်နှံ ကြားမှာ ဘာပြောင်းလဲမှုမှ မရှိခဲ့ပါဘူး။ အရင်လို ပျော်စရာကောင်း ပြီး ချစ်ချစ်ခင်ခင် နေတုန်းပဲ။

အချိန်တွေ ကုန်လာတာနဲ့ အမျှ အမျိုးသမီးရဲ့ အရေပြားရောဂါဟာလည်း တစ တစ နဲ့ ပိုဆိုးလာတယ်။ မျက်မမြင် ယောက်ျားက သူမိန်းမ အရေပြား ရောဂါကြောင့် ရုပ်ပြတ် ဆင်းပြတ် ခံစားနေရတာကို မသိရှာဘူး ထင်ပါရဲ့။

သူတို့ နှစ် ယောက်ရဲ့ အိမ်ထောင်ရေးဟာ ဟိုးအရင်ကထက်တောင် တိုးပြီး ပိုလို့ ချစ်မြဲ ချစ်ဆဲ ကြင်နာဆဲပဲ။ နောက်ဆုံးမှာတော့ အမျိုးသမီးဟာ အရေပြားရောဂါနဲ့ ဆုံးသွားရှာတယ်။ သူ့အတွက်တော့ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီး တခုပဲလို့ ခံစားရတယ်။

မိရိုးဖလာအတိုင်း ဇနီးရဲ့ အလောင်းကို မြေချပြီး နောက်တနေ့ မှာ အမျိုးသားဟာ ဇနီးသည် ခေါင်းချခဲ့တဲ့ မြို့ ကနေ အပြီးအပိုင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့ဒီအချိန်မှာ အိမ်နီးနားချင်း လူတယောက်က စကားလှမ်းပြောတယ် “ခင်ဗျား မျက်စိ မမြင်တဲ့ ကာလတလျှောက်လုံး ခင်ဗျားရဲ့ ဝေယာဝစ္စတွေ အကုန်လုံးကို ခင်ဗျားအမျိုးသမီးက မငြီးမငြူ လုပ်ပေးခဲ့တာ အခု ခင်ဗျားတယောက်ထဲ ဘယ်လို လုပ်မလဲ။ ခင်ဗျားတော့ ဒုက္ခ လှလှကြီးတွေ့တော့မယ်”

အမျိုးသားက ပြန်ပြောတယ်။ “ဒီမှာ မိတ်ဆွေ၊ အမှန်က ကျွန်တော် မျက်စိ မကန်းပါဘူး။ မမြင်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့ အမျိုးသမီးဟာ သူမရဲ့ ရုပ်ဆိုး အကြည်းတန်နေတဲ့ မျက်နှာကို နေ့တိုင်း ကျွန်တော် မြင်နေရတယ်လို့ သူသိရင် အဲ့ခံစားမှုဟာ သူရောဂါဝေဒနာ ခံစားမှုထက် ပိုပြီး နာကျင်လိမ့်မယ်။ ဒါကို ကျွန်တော်မမြင်ချင်ဘူး။

ရုပ်ပိုင်းဆိုင်ရာ မလှတော့ပေမဲ့ သူမ ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အမြဲလှနေသူ တယောက်ပါ။ စိတ်ထားဖြူစင်သူ တယောက်မို့ ကျွန်တော်အတွက် ဇနီးကောင်း တယောက်ပါ။ ကျွန်တော်က သူအမြဲတမ်း ပျော်ရွှင်ပြီး စိတ်ချမ်းသာနေတာ ကိုပဲ မြင်ချင်တဲ့ လူတယောက် မို့ အခုလို ဟန်ဆောင်ရခြင်း ဖြစ်ပါတယ်။

ဆောင်းပါးလေးက ဒါပါပဲ။ လောကကြီးမှာ နှစ်ဦး နှစ်ဖက် ပြေလည် ကောင်းစားဖို့ အတွက် တချို့သော အရာတွေကို မမြင်ချင်ယောင် ဆောင်ပေးရပါတယ်။ အားနည်းချက် ချွတ်ယွင်းချက် ဆိုတာလူတိုင်းမှာ ရှိစမြဲပါ။ ဒါကြောင့် no one is perfect လို့ ဆိုကြတာကိုး။

လူတယောက်ရဲ့ အားနည်းချက် ချွတ်ယွင်းချက်ကို ထောက်ပြီး အနိုင်ယူတာ လူညံ့လူပျော့ တွေရဲ့ လုပ်ရက်ပါ။ အဲ့ထဲမှာ ကိုယ် မပါမိ ပါစေနဲ့။ တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က အပြန်အလှန် ဖြည့်ဆည်းပေးရင်း ရင်ထဲက စစ်မှန်တဲ့ မေတ္တာ တရားနဲ့သာ ပေါင်းသင်းဆက်ဆံကြမယ် ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တခု၊ အဖွဲ့အစည်းတခု ဖြစ်လာမှာ သေချာပါတယ်။

credit – မူရင်းရေးသားသူသို့

Zawgyi ဖြင့်ဖတ်ပါ