Beauty

ဦးရေပြားမှာ ဘောက်ထလို့ စိတ်ညစ်နေရသူများအတွက်

ဦးရေပြားမှာ ဘောက်ထတာဟာ အဖြစ်အများဆုံး ဆံကေသာနှင့် ဦးရေပြား ပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘောက်ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကညစ်ညမ်းမှုများ၊ ဦးရေပြားခြောက်သွေ့မှုနှင့် ဦးရေပြားအဆီပြန်မှု စသည်တို့ကြောင့် ဖြစ်နိုင် ပါတယ်။

ဘောက်ပျောက်ခေါင်းလျှော်ရည်တွေ သုံးနေပေမယ့် မပျောက်နိုင်သေးလို့ စိတ်မညစ်ပါနဲ့။ ဒီဘောက်ထမှုတွေကို ဖယ်ရှားနိုင်မယ့် သဘာဝ နည်းလမ်းလေးတွေရှိပါတယ်။

၁။ တမာဆီနှင့် သံပုရာ

တမာဆီမှာ antibacterial ဂုဏ်သတ္တိတွေရှိပြီး ၎င်းက ဘက်တီးရီးယားနှင့် မှိုကြောင့် ဖြစ်ပွားတဲ့ ဘောက်တွေကို သေစေခြင်းမှာ ကူညီပေးပါတယ်။

သံပုရာက ဗီတာမင်C ကြွယ်ဝပြီး ဦးရေပြားကို သန့်ရှင်းစေပါတယ်။ ဒါ့အပြင် ဦးရေပြား အဆီကိုလည်း ထိန်းချုပ်ပေးပါတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်တစ်လုံးထဲမှာ တမာဆီ ထမင်းစားဇွန်း ၁ဇွန်းထည့်ပါ။ သံပရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပါ။ ပါဝင်ပစ္စည်းနှစ်မျိုးစလုံးကိုသမအောင်မွှေပြီး သင့်လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို လိမ်းပေးပါ။

တစ်ညလောက်ထားပြီး နောက်မနက်မှ သင့်ဆံပင်တွေကို ရှန်ပူအပျော့စားနဲ့လျှော်ပါ။ ဦးခေါင်းကို မျက်နှာသုတ်ပုဝါတစ်ထည်ဖြင့် ပတ်ထားပေးပါ။ ဒီနည်းလမ်းကို၁ပတ်ကို ၃ကြိမ်ဖြင့် ၄ပတ်လောက်ပြုလုပ်ပေးပါ။

၂။ ဒိန်ချဉ်နှင့် ကုလားပဲမှုန့်

ဒိန်ချဉ်နှင့် ကုလားပဲမှုန့်ဆံပင် ပေါင်းတင်ဆေးက ဘောက်တွေို ကာကွယ်ပေးပြီး သင့်ဦးရေပြားမှာ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။


ဦးရေပြားကို သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ တစ်နာရီလောက်နေမှ သင့်ဆံပင်တွေကို အပျော့စားရှန်ပူနှင့် လျှော်ပေးပါ။ဒီနည်းလမ်းကို တစ်ပတ်ကို ၂ကြိမ် ဘောက်လုံးဝပျောက်သွားတဲ့အထိ တစ်လလောက် ပြုလုပ်ပေးပါ။

၃။ အုန်းဆီနှင့် ရှားစောင်းလပ်ပတ်

အုန်းဆီက ဦးရေပြားကို အစိုဓါတ်ရရှိစေသလို ခြောက်သွေ့ဘောက်တွေကိုလည်း ကာကွယ် ကုသပေးပါတယ်။ ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ အုန်းဆီနွေးနွေးလေး ထမင်းစားဇွန်း ၁ဇွန်းထည့်ပါ။

ရှားစောင်းလပ်ပတ်ရွက်ကို နှစ်ခြမ်းခြမ်းပြီး အနှစ်ကို ယူပါ။ အနှစ်ကို အုန်းဆီနွေးနွေးလေးနဲ့ ရောမွှေပြီး သင့်ဆံပင်နှင့် ဦးရေပြားပေါ်မှာ လိမ်းပြီး နှိပ်နယ်ပေးရပါမယ်။

မိနစ် ၃၀- ၄၅မိနစ် ကြာမှ ရေနဲ့ဆေးပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပါ။ ဒီနည်းလမ်းကို ဘောက်တွေပျောက်တဲ့အထိ တစ်ပတ်ကို ၂ကြိမ်ပြုလုပ်ပေးပါ။

၄။ မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါက ဘက်တီးရီးယားနှင့်မှုကြောင့်ဖြစ်တဲ့ ဘောက်တွေကို သေစေပါတယ်။ ဦးရေပြားရဲ့ PH Level ကိုလည်း ထိန်းပေးပါတယ်။

ပြုလုပ်နည်းကတော့ မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း တစ်ဝက်ကို ရေထမင်းစားဇွန်း ၂ဇွန်းနဲ့ရောပါ။ ဝါဂွမ်းလုံးကိုသုံးပြီး သင့်ဦးရေပြားကို သုတ်လိမ်းပေးပါ။

မိနစ် ၃၀ကြာမှ အပျော့စားရှန်ပူနှင့် လျှော်ပေးပါ။ ဒီနည်းလမ်းကို ထိရောက်တဲ့ ရလဒ်ရရှိစေဖို့ တစ်ပတ်ကို တစ်ကြိမ် ၄ပတ်ပြုလုပ်ပေးပါ။

Credit

Zawgyi ဖြင့်ဖတ်ပါ