Knowledge

ဘဝကို လွတ်လပ်စွာ နေထိုင်တတ်တဲ့ မိန််းကလေးတွေမှာ ရှိနေတတ်တဲ့ ထူးခြားချက်များ


လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းကလေးတွေဟာ သူတို့ကို လာပြီး ချုပ်ချယ်တာမျိုး၊ ချုပ်ကိုင်တာမျိုးကို အရမ်းမုန်းတတ်ကြသူတွေပါ။ သူတို့လိုပဲ တစ်ခြားမိန်းကလေးတွေကိုလည်း ချုပ်ချယ်ခံရတာမျိုး မရှိစေချင််ပဲ လွတ်လပ်မှုကို ခံစားစေချင်တတ်ကြပါသေးတယ်။ သူတို့လုပ်ချင်တာကို လုပ်တတ်တယ်၊ တစ်ခြားသူတွေရဲ့ စကားတွေကို နားမထောင်တတ်သလို၊ သူတို့လျှောက်ချင်တဲ့ လမ်းကို ရအောင်လျှောက်တတ်ကြသူတွေမို့လို့ တစ်ချို့လူတွေကတော့ သူတို့ကို ဆိုးတဲ့သူတွေအဖြစ် သတ်မှတ်ခြင်း ခံရသူတွေပါ။

ပွင့်လင်းတယ်

ဘဝမွာ လွတ်လွတ်လပ်လပ်ပဲ ကြီးပြင်းလာကြတဲ့ သူတွေဖြစ်လို့ ကိုယ့်ရဲ့ ထင်မြင်ချက်တွေ၊ ကိုယ်ပြောချင်တာတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်ကြသူတွေပါ။ တစ္ဘက္လူက သူတို့ကို မဟုတ်မမှန် ချောက်တွန်းလာခဲ့ရင် သူတို့က ကောင်းကောင်းပြန်တုံ့ပြန်တတ််ကြတဲ့ အမှန််တရားကို မြတ်နိုးတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။ ဒီလို ပွင့်ပွင့်လင်းလင်း ပေါင်းသင်းဆက်ဆံံတတ်တာကြောင့်လည်း အပေါင်းအသင်းမိတ်ဆွေတွေရဲ့ ချစ်ခင်ခြင်းကို ခံရတဲ့ သူတွေပဲ ဖြစ််ပါတယ်။

ဒီလို မိန်းကလေးတွေက ဘဝမွာ တစ်နေရာတည်း ရပ်တန့်နေရတာမျိိုးကို မကြိုက်ပဲ စွန့်စားခြင်းက ဘဝကို ပိုအဓိပ်ပါယျရှိတယျလို့ သတ်မှတ်ထားကြတဲ့ သူတွေပါ။ သူတို့တွေက ခရီးထွက်ရတာ ကြိုက်တယ်၊ အသစ်အဆန်းတွေ လေ့လာရတာ ကြိုက်တယ်၊ ဘဝအတွက် စွွန့်စွန့််စားစား ကြိုးစားရတာတွေကိို ကြိုက်တတ်ကြပါတယ်။

ဘဝကို လွတ်လပ်စွာနေထိုင်နေကြတဲ့ သူတွေဆိုပေမယ့် ဘဝကို ပေါ့ပျက်ပျက် ဖြတ်သန််းနေကြတဲ့ သူတွေတော့ မဟုတ်ပါဘူး။ သူတို့ဆီမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ဖြစ်ချင်တဲ့ ပန်းတိုင်တွေအတွက် ကြိုးစားချင်စိတ် အပြည့်အဝရှိပြီး ဖြစ်အောင်လုပ်ဖို့လည်း ယုံကြည်မှုတွေ အခိုင်အမာထားရှိ ကြသူတွေပါ။ ဘဝကို ဂိမ်းတစ်ခုလို၊ တိုက်ပွဲတစ်ခုလို အနိုင်ရဖို့ အစွမ်းကုန် တိုက်ခိုက်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့မလိုအပ်ပဲ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောလာတာမျိုးကိုတော့ လုံးဝ မကြိုက်တတ််ကြပါဘူး။

Credit #Aunty may

Zawgyi ဖြင့်ဖတ်ပါ