Knowledge

ဖုန်းထဲကအထွက် CALL လေးတွေပဲတန်းစီနေခဲ့တဲ့ နံပါတ်တစ်ခုကိုငေးကြည့်ရင်း နာကျင်နေခဲ့မိတယ်

လူငယ်တစ်ယောက်အသဲကွဲတဲ့အခါ
အရက်သောက်တယ် မျက်ရည်တွေဝဲပြီးသီချင်းတွေအော်ဆို အိပ်ယာဝင်ရင်ရည်ရွယ်ပြီးမေတ္တာပို့ရတဲ့အကြောင်း သူမ မသိဘူးလေ..

ဖုန်းထဲက အထွက် callလေးတွေပဲတန်းစီနေခဲ့တဲ့
နံပါတ်တစ်ခုကိုငေးရင်းနာနာကြည်းကြည်းပြုံးယုံဘဲတတ်နိုင်ပုံ ဘယ်လောက်ခေါ်ခေါ်လူကြီးမင်းခေါ်ဆိုသော်ဖုန်းမှာစက်ပိတ်ထားတယ်

မအားသေးပါဘဲဖြေကြားလိုက်တိုင်းညွှန်ကြားချက်ပို့သူကိုပိုပိုပြီးတွေ့ချင်မိတယ်

“ချစ်တယ်
အတူမနေရတဲ့အခါလွမ်းတယ်
ဒီလောက်ဘဲတတ်နိုင်ခဲ့တယ်.”
ပြောဖို့အခွင့်အရေးမရှိတော့

ရိုးသားသူအတွက်လမ်းဆိုတာမပျောက်ဘူးဆိုရင်
လမ်းဆုံးရောက်တဲ့အခါ သူမ ရှိနေမလား
သူမကိုပြန်ခေါ်လို့ရလား

“ရေချိုးထမင်းစားပြီးလို့
ဘုရားရှိခိုးအိပ်ဝင်ပြီ
အေးချမ်းမှုလေးမင်းဆီကူးစက်ပါစေ”
Message အဟောင်းလေးပြန်ရှာဖတ်တယ်

ရုပ်ပိုင်းဆိုင်ရာမပြိုလဲပေမဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသွားပုံသိသာလွန်းတယ်။Crd >>> နောင် ယိမ်း

Zawgyi ဖြင့်ဖတ်ပါ