Uncategorized

နေ့စဉ် ကုသိုလ်( ၅ )မျိူး ရအောင်ယူပါ

နေ့စဉ် ကုသိုလ်( ၅ )မျိူး ရအောင်ယူပါ

ကုသိုလ်(၅)မျိုးက ဒါနရယ်, သီလရယ်, ဂုဏ်တော်ရယ်, မေတ္တာရယ်, ဝိပဿနာရယ်ပါ။

အဲဒီကုသိုလ် (၅)မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။

ပထမက ဒါနပါ။

ကုသိုလ်(၅)မျိုးထဲက ဒါနဆိုတဲ့နေရာမှာ ရှင်တစ်သောင်းတွေပြုမှ၊ ကျောင်းကြီးတွေ ဆောက်လှူမှ ဒါနမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုပ်စာလောက်နှိုက်ပြီး အိမ်ရှေ့မှာ စာကလေးတွေ၊ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။

ဆန်လက်တစ်ဆုပ်စာလောက်တော့ မိသားစုထမင်းဝိုင်းအတွက် သိပ်ပြီးလည်း မထိခိုက်လောက်ပါဘူး။

နေ့စဉ် ဆန်လက်တစ်ဆုပ်စာ ငှက်ကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့ညီမျှတဲ့ ဒါန ဖြစ်နေတာပါ။

ဒုတိယက သီလပါ။

သီလမှာလည်း… လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက်ကို လုံလုံခြုံခြုံလေး

စောင့်ထိန်းနိုင်လိုက်တယ်ဆိုရင်ပဲ တော်တော်လုံလောက်သွားပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သီလကိုစောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

တတိယက ဂုဏ်တော်ပါ။

ဂုဏ်တော်(၉)ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ

အရဟံ – ပူဇော်အထူးကို ခံယူတော်မူသော မြတ်စွာဘုရား၊

အရဟံ – ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား

အရဟံ – ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားလို့ ရပါတယ်။

အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့ အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်ကလေးပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်၍ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။

စတုတ္ထက မေတ္တာပါ

မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့

ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေကို ကိုယ်စောင့်နတ် အိမ်စောင့်နတ်ကစပြီး လမ်း၊ မြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြတဲ့ နတ်ကောင်း နတ်မြတ်တွေကို အဆင့်ဆင့် ပွားပါ၊

“ငါ၏အိမ်ကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အားလုံး ကိုယ်ဆင်းရဲ ကင်းပါစေ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ´´စသည်ဖြင့်ပေါ့။

ပဉ္စမက ဝိပဿနာပါ။

ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးတဲ့နည်းအတိုင်း မှတ်လို့ရပါတယ်။ ကဲ … စာဖတ်သူ စိတ်ကူးနဲ့ပဲ ကုသိုလ် (၅)မျိုး စမ်းကြည့်ရအောင်ပါ။ မနက်အိပ်ရာကထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစုကိစ္စကို ဘာမှ မလုပ်ပါနဲ့ဦး။

ဘုရားခန်းကို အရင်သွားပါ၊ ဘုရားသောက်တော်ရေကို အရင်ကပ်လိုက်ပါ။ ကပ်ပြီးရင် ငါးပါးသီလ ခံယူလိုက်ပါ၊

အဲဒီနှစ်မျိုးပြီးတော့မှ ..

ဂုဏ်တော်ကို ငါးမိနစ်ပွားပါ၊

မတ်တောကို ငါးမိနစ် ပွားပါ၊

ဝိပဿနာကို ငါးမိနစ်ပွားပါ၊

ဆယ့်ငါးမိနစ်လောက်တော့ အားလုံးလုပ်နိုင်လောက်မယ် ထင်ပါတယ်။

ဘဝတစ်နေ့တာရဲ့အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားသလဲ၊ မနက်အိပ်ရာထမှာပဲ ကုသိုလ်ငါးမျိုးကရနေပါပြီ။

အဲဒီလို ကုသိုလ်(၅)မျိုးပြုပြီးမှ မိသားစုရဲ့ ဝေယျာဝိစ္စတွေကို ပြုပါလို့ အကြံပြု တိုက်တွန်း‌ရေးသားလိုက်ပါတယ်……။

ရဝေနွယ်(အင်းမ)

Unicode