Knowledge

ညမိုးချုပ်သည်ထိ အိမ်မပြန်ရသေးပဲ ဗိုက်ဆာ၍ဆိုင်ထဲသို့ လှမ်းကြည့်နေသော ကျူးလစ်ပန်းသည် ကောင်လေးအား ထမင်းခေါ်ကျွေးခဲ့သည့် ဦးလေးကြီး

ငယ်စဉ်ကလေးဘဝက အခက်အခဲ အပူအပင်မရှိပူးဟု ထင်ရသော်လည်း အချို့သော ကလေးငယ်များအတွက်ကျ အရွယ်မရောက်သေးခင်မှာပဲ လောကဓံတရားကြီးကို ပင်ပန်းဆင်းရဲကြီးစွာ ရင်ဆိုင်နေကြရသည်။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက်၈နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိသားစုမှ စားဝတ်နေရေးအတွက် ကျပ်တည်းလွန်းတာကြောင့် လမ်းမပေါ်ထွက်ပြီး ကျူးလစ်ပန်းလေးတွေကို လိုက်ရောင်းခဲ့သည်။

ကောင်လေးသည် ရောင်းမကောင်းသည့်နေ့များတွင် ဗိုက်ဆာနေသော်လည်း မိုးချုပ်သည်ထိ အိမ်ပြန်မရသေးပဲ လမ်းဘေးထမင်းဆိုင်လေးကို ငေးကြည့်နေခဲ့ရာ

စိတ်သဘောကောင်းသူ အမျိုးသားတစ်ဦးမှ ခေါ်ယူကာ ထမင်းဝယ်ကျွေးခဲ့သည်။အမျိုးသားကြီးသည် သူ့သားသမီးအရွယ် ကောင်လေးကို အသားဟင်းမှာပေးခဲ့ပေမယ့်။

အားနာနေသော ကောင်လေးခမျာ အရွက်ဟင်းရည်လေးတစ်ခွက်သာ စားချင်ကြောင်း ဆိုခဲ့သည်။

Credit…

Zawgyi ဖြင့်ဖတ်ပါ