Love

သူ့ကိုယ်သူထက်တောင် သင့်ကိုပိုချစ်နိုင်တဲ့ ဒီလိုမိန်းကလေးမျိုးကို နာကျင်အောင်မလုပ်ပါနဲ့

လောကမှာ ကိုယ်ချစ်ထက် သူချစ်က ပိုပြီး ချိုမြိန်ပါတယ်။ အချစ်ဆိုတာ အရမ်းကို ဆန်းကြယ်လွန်းတဲ့အပြင်၊ ထိန်းချုပ်ကန့်သတ်လို့လည်း မရပါဘူး။ တစ်ခါတလေ လူတစ်ယောက်က အရမ်းချစ်မိသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုထက် သူ့ကိုပိုပြီး ချစ်သလို၊ ကိုယ့်အတွက်ထက် သူ့အတွက်ကို ပိုပြီးတော့ စဉ်းစားစိတ်ပူပေးတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုချစ်တဲ့သူကို နာကျင်စေတာ၊ အနိုင်ယူတာက လူမဆန်တဲ့လုပ်ရပ်ပါ။ တကယ်လု့ိ သင့်ချစ်သူဟာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေရင် တန်ဖိုးထားပေးပါနော်။

(၁) ခွင့်လွှတ်တယ်

မိန်းကလေးတွေဟာ တကယ်ချစ်မိသွားပြီဆိုရင် ချစ်သူရဲ့အမှားတွေကို အခွင့်လွှတ်နိုင်ဆုံးသူတွေ ဖြစ်ကြပါတယ်။ ချစ်သူက အကြိမ်ကြိမ်အမှားတွေလုပ်ပြီး၊ စိတ်ဒဏ်ရာတွေပေးနေရင်တောင် ကြာကြာစိတ်မဆိုး နိုင်ကြပါဘူး။ ဘယ်လောက်နာကျင်ကျင် ခွင့်လွှတ်ဖို့ကြိုးစားပြီး ခိုင်မြဲတဲ့အချစ်မျိုး ဖြစ်စေချင်တဲ့သူတွေပါ။ ဒီလိုခွင့်လွှတ်နိုင်တာကလည်း သူ့ကိုသူထက် သင့်ကိုပိုချစ်လို့ပါ။

(၂) နားလည်ပေးတယ်

သင့်ရဲ့ဝါသနာတွေ၊ ရူးသွပ်ရတဲ့အရာတွေဟာ သူ့အတွက် စိတ်ဝင်စားစရာကောင်းချင်မှလည်း ကောင်းမယ်၊ ဒါပေမယ့်လည်း သင့်ကိုဘယ်တော့မှ တားဆီးပိတ်ပင်မယ့်သူမဟုတ်ပါဘူး။ အကြောင်းကတော့ သင့်အတွက် အရေးကြီးတဲ့အရာတွေဟာ သူ့အတွက်ဘယ်လောက်ပဲ အဓိပ္ပါယ်မရှိနေပါစေ၊ သင့်ကိုနားလည်ပေးပါလိမ့်မယ်။ အကြောင်းကတော့ သူ့ကိုသူထက်သင့်ကိုချစ်လို့ပါ။

(၃) လက်ခံပေးတယ်

မိန်းကလေးတွေအတွက် ဂုဏ်သိက္ခာဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် သူဘယ်လိုလူမျိုးနဲ့တွဲနေလဲဆိုတာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ သင့်ချစ်သူဟာ သင့်ရဲ့မပြည့်စုံမှုတွေ၊ အားနည်းချက်တွေ အားလုံးကိုသိနေတယ်၊ သင်ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိတာကိုတောင် အပြစ်မပြောပဲ အရှိအတိုင်းလက်ခံပေးတယ်ဆိုတာ သူ့ကိုသူထက် သင့်ကိုပိုချစ်လို့ပါ။

(၄) အလျှော့ပေးတယ်

များသောအားဖြင့် မိန်းကလေးတွေဟာ အနိုင်ယူချင်ပြီး အလျှော့မပေးတတ်ကြသူတွေပါ။ ကိုယ်ချည်းပဲအချစ်ခံချင်၊ ကိုယ်ချည်းပဲ အနိုင်ယူချင်တဲ့သူတွေပါ။ ဒါပေမယ့်သင့်ချစ်သူဟာ သင့်ကိုအလျှော့ပေးတယ်၊ သင့်ကို အနိုင်မယူရက်ပဲ သင့်စိတ်ချမ်းသာဖို့ကို ရှေ့တန်းတင်တယ်ဆိုရင်တော့ သူ့ကိုသူထက်သင့်ကိုပိုချစ်တယ်ဆိုတာ သိလိုက်ပါတော့နော်။

(၅) သင့်အကြောင်းအမြဲတွေးတယ်

သင့်ကို တဂွမ်ဂွမ်ဖုန်းဆက်တဲ့သူ၊ ညဖက်တစ်ရေးနိုးရင်တောင် သင့်အသံကြားရမှ ပြန်အိပ်ပျော်နိုင်တဲ့သူ၊ သင့်ကိုအမြဲတမ်းစိတ်ပူပြီး ဆက်သွယ်လို့မရတဲ့အခါ သေမလိုဖြစ်နေတဲ့ မိန်းကလေးဟာ သင့်တစ်ယောက်တည်းကိုပဲ နှလုံးသားထဲမှာ ထည့်ပြီး သူ့ကိုသူထက် သင့်ကိုပိုချစ်တဲ့သူပါ။ ဒီလိုမိန်းကလေးမျိုးကို ပိုင်ဆိုင်ထားရရင် နာကျင်အောင်မလုပ်ပဲ၊ တန်ဖိုးထားပါ။ Em Em

Unicode