Knowledge

အတုယူစရာကောင်းတဲ့ အမျိုးသမီးတွေဆိုတာ

အတုယူစရာကောင်းတဲ့ အမျိုးသမီးတွေဆိုတာ

ထက်ထက်မြတ်မြတ်ရှိတဲ့ အမျိုးသမီးက အသည်းကွဲတာကို ဆွေးဖို့ အချိန် မပေးဘူး။ အချိန်မှီ သင်ခန်းစာ ယူပြီး အနာဂတ် တိုးတက်အောင်ပဲ တွေးဖို့ အချိန်ယူတယ်။

တည်ငြိမ်အေးချမ်းတဲ့ အမျိုးသမီး တစ်ဦးက သူ့ရဲ့ဒေါသကို ဘယ်တော့မှ ထုတ်မပြဘူး။ အေးဆေးတဲ့ အပြုံးတစ်ခုနဲ့ပဲ ဒေါသကို ထိန်းတယ်။

တည်ကြည်တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးက တာဝန် တစ်ခုကို မနိုင်ဝန် မထမ်းဘူး။ ကတိစကား တစ်ခွန်းကို.. ချင့်ချိန်ပြီးမှ ပြောဆိုတတ်တယ်။

ရိုးသားကြိုးစားတဲ့ အမျိုးသမီး တစ်ဦးက ကိုယ်ကျိုး တစ်ခုဘဲ မကြည့်တတ်ဘူး။ လုပ်ဆောင်မှုတိုင်းမှာ သူတစ်ပါးအတွက် အမြဲထည့်တွက် ပေးတတ်တယ်။

ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝတဲ့ အမျိုးသမီးက ထက်မြက်တဲ့လူရဲ့ နောက်က လိုက်ရတဲ့ လမ်းကို မှီခိုပီး မလိုက်ဘူး။ ကိုယ်တိုင်လမ်းကို ကိုယ်တိုင်ဖောက်ဖို့ တခဏတာပဲ တပည့်ခံယူတယ်။

တကယ် ခေတ်မှီတဲ့ အမျိုးသမီးက မိတ်ကပ်နဲ့ မျက်နှာ ဆေးခြယ်သဖို့ပဲ တွေးမနေဘူး။ သူမဘဝ အောင်မြင်မှု ပတ်ဝန်းကျင်နဲ့ ဘယ်လို နေထိုင်သင့်တယ်.. ဘယ်လို တိုးတက်ပြောင်းလဲ နေတယ် ဆိုတာပဲ အဓိက အာရုံထားတယ်။

တော်တဲ့အမျိုးသမီး တစ်ဦးက အချစ်ကို မရှိမဖြစ် ဘဝ တစ်ခုလုံးလို သတ်မှတ် မထားဘူး။ ဘဝရဲ့ မရှိလည်းဖြစ်တဲ့ လိုအပ်ချက် တစ်စိတ်တစ်ပိုင်း လိုပဲ သတ်မှတ်ထားတယ်။

နှလုံးရည် ပြည့်ဝတဲ့ အမျိုးသမီးက ဘယ်တော့မှ တစ်ပါးသူ ပိုင်ဆိုင်ထားတာကို လုမယူဘူး။ ကိုယ်ပိုင် ပစ္စည်းဥစ္စာကိုပဲ အမြတ်တနိုး တန်ဖိုးထားတတ်တယ်။

ယဉ်ကျေးတဲ့ အမျိုးသမီးက စကားတစ်ခွန်းကို နှုတ်ခမ်းဖျားက မဖန်ဆင်းဘူး။ ဦးနှောက်နဲ့ ပိုင်းဖြတ်၊ နှလုံးသားနဲ့ ဆန်းစစ်ပြီးမှ စကားတစ်ခွန်း ဖန်ဆင်းတယ်။

မိန်းမမြတ်ဆိုတာ တဒင်္ဂ သာယာမှုကို အစဉ်အမြဲ ပိုင်ဆိုင်မှု ရမ္မက်အနေနဲ့ အသွင်ပြောင်း မယူဘူး။ ငရဲထိ ဆွဲချမဲ့ စက်ဆုပ်စရာ ရာဂစိတ်လို့ပဲ သဘောထားတယ်။

Credit…

လေးစားစွာဖြင့်