Local News

အနှစ် (၃၀)ကြာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူစိမ်းအား သိန်းပေါင်း ၁,၀၀၀၀ကျော် အမွေပေးခဲ့တဲ့ အဘွားအို

အနှစ် (၃၀)ကြာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူစိမ်းအား သိန်းပေါင်း ၁,၀၀၀၀ကျော် အမွေပေးခဲ့တဲ့ အဘွားအို

ပေါက်ဖော်နိုင်ငံ Shandong ကျေးလက်ဒေသရှိ အသက် ၆၆နှစ်အရွယ် Xu Huiming အမည်ရှိတဲ့အမျိုးသားဟာ အိမ်နီးနားချင်းသက်ကြီးရွယ်အို Su Meiyun အမည်ရှိတဲ့အမျိုးသမီးကို သူမခင်ပွန်း ၁၉၈၈ခုနှစ်မှာကွယ်လွန်သွားတဲ့အချိန်ကစပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ Su မှာကလေးမရှိတဲ့အတွက်ကြောင့် Xuက သူမအား မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ယိုယွင်းပျက်စီးနေတဲ့ Su ရဲ့နေအိမ်ကိုဖြိုဖျက်ခဲ့တဲ့အချိန်မှာ

သူမနေထိုင်ရန် နေအိမ်ငှါးရမ်းပေးခဲ့သလို သူမရဲ့သူနာပြုစောင့်ရှောက်တဲ့စရိတ် နှင့် ကုန်ကျစရိတ်အားလုံးကို မငြူငြင်ဘဲ ထောက်ပံ့ပေးခဲ့ပါတယ်။ ကျေးရွာသူကြီးများက Su ကိုအိုးမဲ့အိမ်မဲ့အဖြစ် စာရင်းသွင်းခဲ့ပေမဲ့ သူမက စတုရန်း ၈၀ရှိမြေကွက် (၈၆၁ စတုရန်းပေ)ကို လျှောက်ထားနိုင်ခဲ့ပါတယ်။ ”Su က Xu ကို အရမ်းယုံကြည်တယ် ဘာလုပ်လုပ် Xu နဲ့ဘဲတိုင်ပင်တယ်”လို့ Hong Qiuguo အမည်ရှိတဲ့ကျေးရွာပါတီအတွင်းရေးမှူးက ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ် Su အသက် (၉၃) နှစ်အရွယ်မှာ သူမရဲ့ မြေယာပိုင်ဆိုင်မှုကို အတည်ပြုနိုင်ခဲံပြီး ယခုနှစ်မှာ သူမရဲ့ မြေကွက်ဟာ ယွမ် ၁ သန်း (သိန်းပေါင်း ၂၀၀၀ ကျော် ) အထိ တန်ဖိုးရှိလာခဲ့ပါတယ် ။ Su ဟာ သူမရဲ့  ပိုင်ဆိုင်မှုများ အားလုံးကို လွှဲပြောင်းရန် သူမ အကြွေးများနှင့် ဈာပနအခမ်းအနားများအတွက် သူမရဲ့မြေကွက်လွှဲပြောင်းပေးလိမ့်မယ်လို့ စွဲချက်တင်ထားကြောင်း Qiuguo က ဆိုခဲ့ပါတယ်။

Ningbo မြို့ရှိ Jiangbei ခရိုင်ရဲ့ပြည်သူ့တရားရုံးမှာ Su ရဲ့ပိုင်ဆိုင်မှုအား သူမနှင့်ဆက်နွယ်တဲ့ သူမကိုပိုမိုအထောက်အပံ့ပေးတဲ့ အမွေဆက်ခံသူမဟုတ်တဲ့သူအား အမွေမြေယာများကို သင့်လျော်တဲ့အခွင့်အလမ်းပေးမယ်လို့ Zhang Haijuan အမည်ရှိတဲ့တရားသူကြီးက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ 22ရက်နေ့မှာတော့ Su ဟာ သူစိမ်းဖြစ်တဲ့ Xu အား သူမရဲ့မြေထက်ဝက်နှင့် ရွာရဲ့အခွင့်အာဏာ 35ရာခိုင်နှုန်း၊ သိန်းပေါင်း ၁,၀၀၀ ကျော်နှင့် သူမရဲ့တူကိုတော့ 15ရာခိုင်နှုန်း စသဖြင့် အမွေခွဲဝေပေးခဲ့ပါတော့တယ်။

အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား အထူးကျေးဇူးတင်ရှိပါတယ်။ သာယာချမ်းမြေ့ကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်

Unicode

အနှစ် (၃၀)ကြာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူစိမ်းအား သိန်းပေါင်း ၁,၀၀၀၀ကျော် အမွေပေးခဲ့တဲ့ အဘွားအို

ပေါက်ဖော်နိုင်ငံ Shandong ကျေးလက်ဒေသရှိ အသက် ၆၆နှစ်အရွယ် Xu Huiming အမည်ရှိတဲ့အမျိုးသားဟာ အိမ်နီးနားချင်းသက်ကြီးရွယ်အို Su Meiyun အမည်ရှိတဲ့အမျိုးသမီးကို သူမခင်ပွန်း ၁၉၈၈ခုနှစ်မှာကွယ်လွန်သွားတဲ့အချိန်ကစပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ Su မှာကလေးမရှိတဲ့အတွက်ကြောင့် Xuက သူမအား မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ယိုယွင်းပျက်စီးနေတဲ့ Su ရဲ့နေအိမ်ကိုဖြိုဖျက်ခဲ့တဲ့အချိန်မှာ သူမနေထိုင်ရန် နေအိမ်ငှါးရမ်းပေးခဲ့သလို

သူမရဲ့သူနာပြုစောင့်ရှောက်တဲ့စရိတ် နှင့် ကုန်ကျစရိတ်အားလုံးကို မငြူငြင်ဘဲ ထောက်ပံ့ပေးခဲ့ပါတယ်။ ကျေးရွာသူကြီးများက Su ကိုအိုးမဲ့အိမ်မဲ့အဖြစ် စာရင်းသွင်းခဲ့ပေမဲ့ သူမက စတုရန်း ၈၀ရှိမြေကွက် (၈၆၁ စတုရန်းပေ)ကို လျှောက်ထားနိုင်ခဲ့ပါတယ်။ ”Su က Xu ကို အရမ်းယုံကြည်တယ် ဘာလုပ်လုပ် Xu နဲ့ဘဲတိုင်ပင်တယ်”လို့ Hong Qiuguo အမည်ရှိတဲ့ကျေးရွာပါတီအတွင်းရေးမှူးက ပြောခဲ့ပါတယ်။