Health

“ဆေးအိုးပုတ်ပင် ဆေးအစွမ်းအာနိသင်များ”

“ဆေးအိုးပုတ်ပင် ဆေးအစွမ်းအာနိသင်များ”

ပါးစပ်အတွင်းအပူနာ၊သွားပိုးစား၊သွားကိုက်၊သွားနာ၊မှက္ခရုပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သောရောဂါများ ပျောက်ကင်းသက်သာစေပါတယ်နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီများ၏ ဆိုရိုးအတိုင်း ယခုပုံပါ ခရမ်းရောင်ပွင့်ပါ ဆေးအိုးပုတ်ပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။

ပျောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ၃-၄ ကြိမ်ခန့် အသုံးပြုယုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည်။

အသုံးပြုပုံ

၁။ ဆေးအိုးပုတ်ပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။

၂။ ဆေးအိုးပုတ်ရွက်အား အနည်းငယ်ခူးပြီး
ပြီးနောက်အရွက်များနှင့် ပဉ္စငါးပါးကို ရေဖြင့် ၃ခွက် ၁ခွက်တင် ကျိုပါ။ကျိုပြီးလျှင် ထိုအရည်အား သောက်ပါ။ ငုံခြင်း ပါးလုပ်ကျင်းခြင်းကိုလည်း အချိန်ရသလို ပြုလုပ်ပေးပါ။ထူးခြားစွာ သက်သာပြောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည်ဖြစ်ပါသည်။

အပင်ပုံသဏ္ဍာန်

အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏။အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏။အပွင့်အောက်ခံက အိုးပုတ်ပုံစံလေးပါ။

ဂုဏ်သတ္တိနှင့်အာနိသင်

အာယုဗ္ဗေဒအလိုအားဖြင့်၎င်း၏အရွက်သည် အတိသာရဝမ်းသွားရောဂါ၌များစွာအသုံးပြုရ၏။၎င်း၏အပွင့်သည်မိန်းမများမီးယပ်ဖြူဆင်းသောရောဂါများ၌အသုံးပြုရ၏။၎င်းအပြင်နာတာရှည်အတိသာရဝမ်းပျက်များ၌အထူးအသုံးပြုရ၏။၎င်းအပွင့်၌တွန့်ရှုံ့စေတတ်သောသဘောရှိ၏။

အလွန်ပြင်းထန်သောအတိသာရဝမ်းသွားရိုးရိုးနှင့်အတိသာရသွေးဝမ်းသွားတို့ကို၎င်းအရွက်(၃)ကျပ်သားကိုရေ(၄၈)ကျပ်သားနှင့် (၆)ကျပ်သားမျှကျန်အောင်ကျိုပြီးလျှင် တစ်ခွက်စာ(၃)ကျပ်သားမျှတိုက်မူအထက်ပါရောဂါများပျောက်ကင်း၏။

၎င်းပြုတ်ရေကိုဖန်ဆေးပြုမူအနာများ၊ပြည်ပုတ်စသည်တို့စင်ကြယ်ပြီးလျှင်မြန်စွာအသားနုတက်စေသည်။၎င်းအပြင်၎င်းအမြစ်၏အခေါက်ကိုပြုတ်၍ နှုတ်ငုံဆေးပြုမူနှာစေးသောသူ၊လည်ချောင်း၊အကြောများတုန်လှုပ်ခြင်း၊(သို့မဟုတ်)အကြောဆွဲခြင်းနှင့်ခံတွင်းအာခေါင်ပူလောင်ပေါက်ကွဲခြင်းများပျောက်ကင်း၏။

ကိုးကားချက် -အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်(စတုတ္ထတွဲ);Credit

Zawgyi ဖြင့်ဖတ်ပါ