Knowledge

မြတ်စွာဘုရား၏ သပိတ်တော် အနီးကပ်ပူဇော်လိုသူများအတွက်

မြတ်စွာဘုရား၏ သပိတ်တော်ဃဋိကာရဗြဟ္မာ လှူသော သပိတ်သည် မြေသပိတ် ဖြစ်ပါသည်။ ထို မြေသပိတ်သည် ဒုက္ကရစရိယာ ကျင့်သော ခြောက်နှစ်တာ ကာလပတ်လုံး ဘုရားလောင်းနှင့် အတူ ရှိပါသည်။

ဘုရားဖြစ်ခါနီး သုဇာတာ သူဌေးသမီးက ရွှေခွက်ဖြင့် ဃနာနို့ဆွမ်း လှူသော အခါတွင် ထိုမြေသပိတ်သည် အလိုလို ကွယ်ပျောက် သွားသည်။ ရွှေခွက်ကို နေရဉ္စရာမြစ်ထဲ မျှောလိုက်ပြီးနောက် မြတ်စွာဘုရားလောင်းတွင် သပိတ် မရှိတော့ပါ။

ထို့နောက် ဘုရားအဖြစ်သို့ ရောက်ရှိတော် မူပြီး လင်းလွန်းပင်ရင်း၌ အရဟတ္တဖိုလ် ချမ်းသာကို ခံစားတော်မူလျက် သီတင်းသုံး နေတော်မူစဉ် တဖုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် နတ်များ၏တိုက်တွန်း ပြောကြားချက် အရ မြတ်စွာဘုရားထံ ချဉ်းကပ် ဖူးမျှော် ရှိခိုး ပူဇော်ကြပြီး ပျားရည် ထောပတ်၊ တင်လဲ စသည်တို့ဖြင့် ရောစပ် အပ်သော မုန့်လုံး မုန့်ခဲ စသည်တို့ကို ဆက်ကပ် လှူဒါန်းကြသည်။

ထိုအခါ မြတ်စွာဘုရားတွင် ကုန်သည် ညီနောင်တို့ လှူအပ်သော ပျားရည် ထောပတ်၊ တင်လဲစသည်ဖြင့် ဖွဲ့ဆုပ်အပ်သော မုန့်လုံး မုန့်ခဲတို့ကို အလှူခံရန် သပိတ် မရှိသေးပါ။

ထိုအခါ မြတ်စွာဘုရားသည် ရှေးရှေးနောင်တော် ဘုရားတို့သည် အဘယ်အရာဖြင့် အလှူခံသနည်း ကြံစည်တော် မူ၏။ ထိုစိတ်အကြံကို သိသော စတုမဟာရာဇ် နတ်မင်းကြီးလေးပါးက မြသပိတ် လာလှူပါသည်။ မြတ်စွာဘုရား လက်ခံတော် မမူပါ။ ကျောက်သပိတ်ကို လှူသော အခါမှ လက်ခံတော် မူပါသည်။

မြတ်စွာဘုရားသည် ပကတိ ကျောက်သပိတ်ကို အလှူခံပြီးလျှင် နတ်မင်းကြီးလေးယောက်ကို သနား ချီးမြောက်သော အားဖြင့် ထိုသပိတ် လေးလုံးတို့ကို ထပ်လျက် သပိတ် တစ်လုံးတည်း ဖြစ်စေသတည်းဟု အဓိဋ္ဌာန်၍ လက်တော်ဖြင့် နှိပ်လိုက်ပါသည်။

ထိုအခါ သပိတ်တော်သည် အနားလေးရစ်ရှိသော သပိတ်တော် တစ်လုံးတည်း ဖြစ်သွားသည်။ ယင်းသပိတ်တော်၏ အရောင်က ပဲနောက် အဆင်းကဲ့သို့ ရှိပါသည်။ ယင်း သပိတ်ဖြင့်ပင်လျှင် ကုန်သည် ညီနောင်တို့ လှူအပ်သော မုန့်စသည်ကို အလှူခံပါသည်။ ထို ကျောက်သပိတ်တော်ကိုပဲ မြတ်စွာဘုရား အသုံးပြု သွားခဲ့ပါသည်။

မေတ္တာ အနန္တဆရာတော်ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။အခုလိုအချိန်ပေးပြီးဆတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd

Unicode