Beauty

တင်ပါးနဲ့ပေါင်ကြားတစ်ဝိုက်ညိုမဲတာကို သဘာဝအတိုင်းဖြူလာစေမယ့် နည်းလမ်းကောင်း (၆) မျိုး

တင်ပါးနဲ့ပေါင်ကြားတစ်ဝိုက်ညိုမဲတာကို သဘာဝအတိုင်းဖြူလာစေမယ့် နည်းလမ်းကောင်း (၆) မျိုး

တင်သားနဲ့ ပေါင်ခြံညိုမဲလာတာက တစ်နာရီထက်ပိုပြီးထိုင်တာ၊ တင်းကျပ်တဲ့အတွင်းခံနဲ့ ဘောင်းဘီတွေ အချိန်ကြာကြာ ဝတ်ဆင်တာ၊ ရေချိုးတဲ့အခါချေးချွတ် Scrub မတိုက်မိတာနဲ့ Moisturizer ပုံမှန်လိမ်းတဲ့အကျင့် မရှိတာတွေကြောင့်ဖြစ်ပါတယ်။

ဒါတွေကိုပြုပြင်ပြီး တဖြေးဖြေးပြန်လည်ဖြူဝင်းလာစေဖို့ ပြုလုပ်နိုင်တဲ့ အိမ်တွင်းထိန်းသိမ်းနည်းအချို့ကိုဒီတစ်ခေါက်မှာဖော်ပြပေးချင်ပါတယ်။

သင်က ဓာတုပစ္စည်းပါတဲ့ လိမ်းဆေးတွေ ဈေးကြီးတဲ့ Skincare ပစ္စည်းတွေဝယ်မသုံးချင်ဘူးဆိုရင်တော့ အောက်မှာပါဝင်တဲ့ အိမ်တွင်းနည်းလမ်းတွေက သင့်ကိုအကုန်အကျနည်းနည်းနဲ့သိသာထိရောက်စေမှာပါ။

၁။ သံပယိုရည်နဲ့နနွင်းမှုန့်

သံပယိုသီးတွေမှာ Vitamin C ကြွယ်ဝပြီး အသားဖြူစေတဲ့အာနိသင်တွေပါဝင်ပါတယ်။

အလားတူ နနွင်းကလည်း အရေပြားကိုချောမွတ်စေတဲ့ ဟင်းခတ်မှုန့်တစ်မျိုးဖြစ်ပါတယ်။

နနွင်း စာပွဲတင်ဇွန်းတစ်ဝက်နဲ့ သံပယိုရည် တစ်ဇွန်းတို့ကိုရောမွှေပေးပါ။ ပြီးနောက် ဝါဂွမ်းစနဲ့ အနည်းငယ်တို့ပြီး ညိုမဲနေတဲ့နေရာတစ်ဝိုက်ကို ပွတ်လိမ်းပေးရပါမယ်။

ပြီးနောက် သုံးမိနစ်မှ ငါးမိနစ်အထိထားပြီးရေနွေးနွေးနဲ့ဆေးချပေးပါ။ တစ်ပတ်နှစ်ခါနဲ့ တစ်လလောက်လုပ်ပြီးတဲ့အခါ သိသာလာပါလိမ့်မယ်။

၂။ သကြား၊ သံလွင်ဆီနဲ့ ရှားစောင်းလက်ပက် Gel

ရှားစောင်းလက်ပတ်က အသားအရေကိုအစိုဓာတ်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပက် Gel ကို သကြားတစ်ဇွန်း၊ သံလွင်ဆီအနည်းငယ်တို့နဲ့ရောပြီး တင်ပါးနဲ့ပေါင်ကြားတစ်ဝိုက်ပွတ်တိုက်ပေးပါ။

မိနစ် ၂၀ ခန့်ထားပြီး ရေပြန်ဆေးချနိုင်ပါတယ်။ ဒီချေးချွတ်နည်းကို သုံးရက်တစ်ခါလောက်ပြုလုပ်ပေးမယ်ဆိုရင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေပိုကြည်လာစေမှာပါ။

၃။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာ အသားဖြူစေတဲ့ Acetic အက်စစ်ဓာတ်ပါဝင်ပါတယ်။

ပန်းသီးရှာလကာရည်နဲ့ ရေရောပြီး ကိုယ်ဖြူချင်တဲ့နေရာတစ်ဝိုက်ကိုလိမ်းပေးရပါမယ်။ ငါးမိနစ်ခန့်ထားပြီးနောက် ရေနွေးနဲ့ ပြန်ဆေးချပေးပါ။

ဒီနည်းလမ်းကို တစ်နေ့နှစ်ကြိမ်အထိပြုလုပ်နိုင်ပါတယ်။

၄။ အုန်းဆီနဲ့ သံပယိုရည်

နောက်ထပ်နည်းလမ်းကတော့ တင်ပါးကနီမြန်းတဲ့အစက်အပျောက်တွေကိုဖယ်ရှားပြီး ချေးချွတ်ပေးနိုင်တဲ့ အုန်းဆီ၊ သံပယိုရည်တို့နဲ့ ပေါင်းတင်ပေးခြင်းဖြစ်ပါတယ်။

အုန်းဆီတစ်ဇွန်းနဲ့ သံပယိုရည်နှစ်ဇွန်းစာတို့ကို ရောမွှေပြီး ညိုမဲနေတဲ့နေရာတစ်ဝိုက် ဆယ်မိနစ်ခန့် ပွတ်လိမ်းပေးပါ။

နောက်ထပ် (၁၅) မိနစ်ခန့်ထားပြီးရင်တော့ ရေပြန်ဆေးချနိုင်ပါတယ်။

၅။ မုန့်ဖုတ်ဆိုဒါ

အဝတ်အထည်၊ ကြမ်းပြင်စတာတွေနဲ့ပွတ်တိုက်တာကြာလာတဲ့အခါမှာ တင်ပါးအသားအရေကကြမ်းတမ်းလာတတ်ပါတယ်။

ဒီလိုအသားအရေကိုပြန်လည်ချောမွတ်စေဖို့ မုန့်ဖုတ်ဆိုဒါနဲ့ ရေရောပြီး ပွတ်တိုက်ချေးချွတ်ပေးပါ။

ချေးချွတ်တဲ့အခါ ဆယ်မိနစ်မှ (၁၅) မိနစ်အထိ လိမ်းထားပြီးနောက် ရေဆေးချပေးရပါမယ်။

၆။ ပဲနီလေးနဲ့နွားနို့

ပဲနီလေးမှာ အသားကြည်စေတဲ့ Antioxidant ဓာတ်တွေပါဝင်နေပြီး ပဲနီလေးနဲ့နွားနို့ပေါင်းထားတဲ့ သဘာ၀ Scrub ဟာဆိုရင် တင်ပါးအသားဖြူချင်တဲ့သူတွေအတွက် ထိရောက်စေမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ပထမဆုံး ပဲနီလေးကိုတစ်ညခန့်ရေစိမ်ထားပေးပါ။ ပြီးနောက် နွားနို့ သုံး၊လေးဇွန်းနဲ့ရောပြီး အနှစ်ရတဲ့အထိ ရောမွှေပေးရပါမယ်။

ရလာတဲ့အနှစ်ကို ညိုမဲနေတဲ့နေရာတွေမှာ တိုက်ချွတ်ပေးပြီး (၁၅) မိနစ်ခန့်ထားပေးရပါမယ်။

သိသိသာသာဖြူလာစေဖို့ဒီနည်းကို နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

Credit