Knowledge

၁သောင်းတန် (၃)ရွက် ပိုနေတယ် သား…

၁သောင်းတန် (၃)ရွက် ပိုနေတယ် သား

အဖွား လိမ္မော်သီးတွေ ဘယ်လို ရောင်း??

သားလေး (၁၀)လုံး ၁ထုပ်- 1,500 Ks ပါ သား

သင်္ဘောသီးကကော ??

၁လုံး- 1,000 Ks သား

ရောင်းကောင်းလား အဖွား??

မကောင်းပါဘူး သားရယ်…ဒီလိုပဲ ရောင်းနေရတာပါပဲ

ဒါဆို သား အားလုံး ယူမယ် အဖွား??

အဖွား မတွက်တတ်ဘူး သား…သားပဲ ရေတွက်ပြီ ထည့်ပေးပါနော်

ဟုတ် အဖွား…သား ရေပေးမယ်…အဖွား အိတ်ထဲ ထည့်ပေးနော်

ဟုတ် သား…အဖွား ထည့်ပေးမယ်နော်

လိမ္မော်သီး (၁၁)ထုပ်….သင်္ဘောသီး (၉)လုံး အဖွား

သား ဘယ်လောက်ကျလဲ အဖွားကို တွက်ပေးပါ…အဖွား မတွက်တတ်ဘူး

အဖွားရေ…အားလုံး 25,500 Ks ကျတယ် အဖွား

ဟုတ်…သားလေးရေ…(၂)သောင်းကျပ်ပဲ ပေးပါ…အဖွား လျော့ပေးမယ်

ဟုတ် အဖွား…ကျေးဇူးပါ

ရော့…အဖွား 50,000 Ks

(အဖွားကို ၁သောင်းတန်လေး ထပ်ပေးတော့…အဖွား ရေကြည့်ပြီ)

သားလေး….(၃)ရွက်တောင် ပိုနေတယ် …ရော့ သားလေး ပိုနေတာလေး

ဟုတ်လား အဖွား…ပိုနေတယ်ဆို အဖွား ယူထားလိုက်တော့လေ

ဟာ…ကျေးဇူးတင်လိုက်တာ အဖွား ဆေးဝယ်သောက်လို့လဲ ရပြီ…အိမ်လဲ အစောကြီး ပြန်ရတယ်

အရင်ရက်တွေဆို ညနေစောင်းထိ ရောင်းတာတောင် မကုန်ပဲ ပြန်ရတာ…ဒီနေ့တော့ အရမ်းပျော်တာပဲ

အဖွား လက်တွေ အရမ်းတုန်နေပြီနော်…အသက် ဘယ်လောက်ရှိပြီလဲ မေးကြည့်တော့??

အဖွား အသက်(၇၉)နှစ် ရှိပြီသား

အဖွားက သားသမီး မရှိဘူးလား မေးကြည့်တော့ ???

ယောင်္ကျားက ဆုံးပြီ သားနဲ့ လိုက်နေပါသေးတယ်…ချွေးမနဲ့ မြေးလေးတွေက မကြည်ဖြူတော့…အဖွား စျေးပဲ ရောင်းစားတော့မယ် သားရယ်..

အော…ဟုတ် အဖွား…ဒီလိုပါပဲ အဖွားရယ်…ဒီနေ့ ရောင်းကုန်ပြီဆိုတော့ ပျော်ရဲ့လား

အရမ်းပျော်တာပဲ သားရယ်…အဖွား ပစ္စည်းတွေ သိမ်းပြီ ဆေးဝယ်ပြီး ပြန်တော့မယ်

ဟုတ် အဖွား ဂရုစိုက်ပြန်နော်

•အော…မိဘတွေ ရှိတယ်ဆိုတာ…သက်ရှိဘုရားကို ပြုစုခွင့်ရတာပါ…တန်ဖ်ိုးထားတတ်ကြပါစေ 🙏🏻🙏🏻🙏🏻

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကကူညီလှူဒါန်းလိုပါသည် ❤️❤️🙏🙏🙏❤️❤️

(လေးစားလို့ပြန်လည်မျှဝေပေးလိုက်ပါသည်)