Knowledge

စကပ်တို ပေါင်ကွဲ ယဉ်ကျေးမှုကို ရှောင်လွှဲလို့ ဒီမိုကရေစီ စကားလုံးတွေနဲ့အပြိုင်မိန်းမတို့သိက္ခာ မယိုင်ပါစေနဲ့

စကပ်တို ပေါင်ကွဲ ယဉ်ကျေးမှုကို ရှောင်လွှဲလို့
ဒီမိုကရေစီ စကားလုံးတွေနဲ့အပြိုင်မိန်းမတို့သိက္ခာ မယိုင်ပါစေနဲ့

မြန်မာမိန်းကလေးတွေ သိပါစေ

လွတ်လပ်စွာ နေထိုင်ခွင့်ရှိပေမယ့်
စည်းတော့ မကျော်စေနဲ့ပေါ့ပွင့်လင်းစွာ ပြောဆိုခွင့်ရှိပါတယ် ရိုင်းတော့ မရိုင်းမိစေနဲ့

ပိုင်ဆိုင်ထားတဲ့အလှ လူတကာမြင်အောင် ပြနေချင်ရင်တော့ မိန်းကလေးတို့တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ … ??

စောင့်ထိန်းရမဲ့ သိက္ခာ လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေလက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ရင်တော့” သားကောင်း မိခင် ” ဆိုတဲ့ စကားလုံး
အဆင်ပြေပြေ ကျင့်သုံးနိုင်မယ်မထင်ဘူး

တွေ့မြင်တုန်း ခဏ “ဟာ…ဟင်” ဆိုတဲ့ အာမေဍိက်သံတွေကြားမှာ ဂုဏ်ယူချင်တဲ့စိတ်တွေ တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ

ယောကျာ်းတို့သဘာဝ တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့စိတ် တပြားသားမှ မရတဲ့အလှ
ဘာလို့များ ချပြချင်နေပါလိမ့် … ??

ယောကျာ်းလေးတစ်ယောက် ညဉ့်နက်သန်းခေါင်ထိ လမ်းပေါ်မှာ ရောက်နေရင်”အိမ်ပြေး” စကားလုံးထက် ပိုမပြောကြပါဘူး

မိန်းကလေးတစ်ယောက် ညဉ့်နက်သန်းခေါင်ထိ
လမ်းပေါ်မှာ ရှိနေရင်

“ညကြေးခွဲ မကောင်းတဲ့မိန်းမပဲ”လို့ စွပ်စွဲဖို့က များပါတယ်

ယောကျာ်းလေးတစ်ယောက် ပေါ်အောင်ပြတဲ့အလှဝိတ်.မတဲ့ကာလ ပင်ပင်ပန်းပန်း လုပ်ရတဲ့ တဒင်္ဂပဲရှိပါတယ်

မိန်းကလေးတစ်ယောက် ပေါ်အောင်ပြတဲ့အလှ
“Sexy ကျတယ်” ဆိုတဲ့ စကားလုံးထက် ပိုမရပါဘူး

ပြောင်းလဲလာတဲ့ ခေတ်ယဉ်ကျေးမှုအရ
ပေါ်အောင်ပြမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း သေချာတာတစ်ခုတော့ သတိပြုနိုင်ပါစေ

” ပေါပေါလောလော ရတဲ့အလှ ဘယ်သူကမှ
ထာဝရ တန်ဖိုးမထားဘူး ” ဆိုတာကိုပေါ့

ဖြူနှင်း crd

Credit

Zawgyi ဖြင့်ဖတ်ပါ