Knowledge

မိန်းမတယောက်ရဲ့ဘုန်းကံ မိန်းမချင်းတော့တူတယ်ဘုန်းကံခြင်းတော့ကွာတယ်

မိန်းမတယောက်ရဲ့ဘုန်းကံ
မိန်းမချင်းတော့တူတယ်ဘုန်းကံခြင်းတော့ကွာတယ်

ကျမဖြည့်စွက်ပီးရေးသားထားသည်။

သူဌေးသားတစ်ယောက်က ယူလိုက်တဲ့သတို့သမီးကို အိမ်ထောင်နှစ်ဆက်ဖြစ်ကြောင်း Page တစ်ခုကအရေး တယူ အပုတ်ချတာမြင်တော့ လူတွေရဲ့ အငုံစိတ် ,
အပုတ်စိတ်ကို တစ်ကယ်ပဲ သြချမိတယ်။

(ကိုယ်တော့ ဒီအသိုင်းအဝိုင်းထဲကမို့ သိပြီးတာကြာလှ) လူတွေများ မနာလိုစိတ် ကြီးစိုးတာပြောပါတယ် အား အားယားယားနော် မိန်းမတစ်ယောက်ရဲ့ ဘုန်းကံဆိုတာ မမြင်ဘူး… မကြားဘူးကြတာလားဟင်။

ရှင်တို့စိတ်ထဲ ယောင်္ကျားပဲ ဘုန်းကံရှိတယ်ထင်နေလား.? ကျမသိတဲ့ ပြည်ထောင်စုဝန်ကြီးကတော်တယောက်ဆို အရင်အိမ်ထောင်နဲ့ ကလေး၂ယောက်အမေ သူနဲ့ယူတုန်း ကအဲ့ဝန်ကြီးဖြစ်မဲ့သူက ဘာမှမဟုတ်သေး… သူလိုငါလို နောက်ဒီမိန်းမနဲ့ ယူပြီးမှ မြင့်မားသွားလိုက်တာ အထွဋ်အ ထိပ်နေရာကိုတောင် ရောက်လို့။

ရာဇဝင်ထဲ ရှင်ဘို့မယ်ဆိုလဲ လင် ၅ယောက် ယူသမျှ ဘုရင်တိုင်းကလဲ မြတ်နိုးလို့ မိဖုရားကြီးဖြစ်ခဲ့တာချည်း။ရှင်စောပု သည်လဲ လင် ၆ယောက် (အချို့ရာဇဝင်မှာလင်၅ယောက် ) တစ်ကယ့်ကို ရာဇဝင်မှာ လျှမ်းလျှမ်းတောက်ကြော်ကြားခဲ့တဲ့ ဘုရင်မကြီး။

သူ့လက်ထက် ဟံသာဝတီမှာစစ်မက်မရှိစေရဘဲ ငြိမ်းချမ်း စွာ အုပ်ချုပ်နိုင်တယ်ဆိုတာ နဲနဲနောနော ဘုန်းကံလား…?

(အဲ့အချိန်က အင်းဝ နဲ့ ဟံသာဝတီ )ဆိုတာ တချိန်လုံး စစ်ဖြစ်ရင်ဖြစ် , မဖြစ်ရင် သူတို့ထဲက ပြည်ထောင်မင်း တွေ အချင်းချင်း စစ်ဖြစ်နေကြတာလေ။

ဘုရားရှင်လက်ထက်က ဘုန်းကံမတူလို့လင်ကပြစ်သွား တာကို ဘုရင်က တော်ကောက်ခဲ့တဲ့ ရာဇဝင်ကော ကြား ဖူးကြလား?

ထပ်ပြောဦးမယ် တစ်ခါတုန်းက သမ္မတဟောင်း အိုဘား မားရယ် , သူ့ဇနီး မီရှယ်လ် ရယ် တက္ကသိုလ်က ကော်ဖီ ဆိုင်မှာထိုင်နေတုန်း ကော်ဖီဆိုင်ပိုင်ရှင်က မီရှယ်လ်ရဲ့ရည်းစားဟောင်းဆိုတာ အိုဘားမားက သိနေလေတော့ စသလိုနဲ့ လာပြောတယ်။

“မီရှယ်လ် မင်းသူ့ကိုသာယူလိုက်ရင် အခုဆို ကော်ဖီဆိုင် ပိုင်ရှင်ကြီး ဖြစ်နေလောက်ပီ ဆိုလိုတာက သူ့ကိုရွေးချယ်လို့သာ ဒီလိုသမ္မတကတော်ဖြစ်လာတာပေါ့။

မီရှယ်လ်က ပက်ခနဲ ပြန်ပြောလိုက်တယ် ရှင်အဲ့လိုထင်ရင်မှားသွားမှာပေါ့… ကျမသာ သူ့ကိုယူခဲ့ရင် အမေရိကန် သမ္မတက သူဖြစ်နေလောက်ပီ တဲ့..

(မီရှယ်လ်ဟာ တကယ့်ကို ပညာတတ် smart ကျတဲ့ အမျိူးသမီး… အိုဘားမားရဲ့ မဲဆွယ်ကာလတလျှောက် သူဟာ တကယ်ကိုအများကြီး support ပေးခဲ့တယ်မသိရင်မှတ်ထားအဲ့ဒါမိန်းမတယောက်ရဲ့ ဘုန်းကံပဲ။

ကျမကို ကျမအမျိူးသားက သူတခုခု ဂရုစိုက်ပေး ဆေးတိုက်တာမျိူးအလိုလိုက်တာမျိုး ပြီးတိုင်းမှာ စတယ် ။

“မင်း ငါ့ကိုမယူဘဲ မင်းရည်းစားဟောင်းတွေကိုသာ ယူလိုက်ရင် မင်း ဒီလောက်အချစ်ခံရမှာ မဟုတ်ပူး” တဲ့။

ကျမကလဲ ပြန်ပြောလိုက်တယ် မထင်ပါနဲ့ အခုရှင့်ကိုsupport လုပ်သလိုမျိူး သူတို့ဘဝကိုသာ ဝိုင်တည်ဆော က်ပေးလိုက်ရင် သူတို့က ဒိထက်တောင် ပိုချစ်ရင်ချစ်အုံး မှာ… သူတို့ထဲက ရှင်က သိပ်ကံကောင်းလို့ကျမကို ပိုင် ဆိုင်ခွင့်ရတာပေါ့…” လို့… ကျမတို့ မိန်းမတွေမှာ သူ့ဘုန်း ကံနဲ့သူ ပါလာပြီးသားပါ။

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ ရည်စားဘယ်နှယောက် ထားခြင်း လင်ဘယ်နှယောက်ယူခြင်းနဲ့ မဆိုင်ပါပူး။အဲဒိမိန်းမနဲ့ပတ်သက်မိတဲ့ယောက်ျားတိုင်းကဘယ်လောက်တန်ဖိုးထားလဲဆိုတာနဲ့ပဲဆိုင်ပါတယ်။

ကိုယ်က ဘုန်းကံရှိတဲ့မိန်းမမှန်း ကိုယ်ဟာကိုယ်သိရင် သူနဲ့ ဝေးသွားလေခြင်း ဆိုပြီး ထိုင်ငိုမနေနဲ့ “သြော်..ဒီငတိခမျာ မိဖုရားဖြစ်မဲ့ ငါ့ကိုမရွေးချယ်လေတော့ မကြာခင် ဝဲစား ဖြစ်တော့မှာပါလား…” ဆိုပြီး ကြိတ်သနားနေလိုက်။

မှတ်ထားး… မိန်းမတွေမှာသူ့ ဘုန်းကံနဲ့သူပါလာပီးသားသူတောင်းစားကို ယူလဲ ရှင်ဘုရင်ဖြစ်အောင် ဟတ်ချလောင်းဆို ဖန်ဆင်းပေးနိုင်တယ် သူဌေးကြီးဖြစ်နေလည်း သိပ်လူပါးဝလာရင် ချက်ချင်းသူတောင်းစားဖြစ်အောင်
ဆွဲချလိုက်လို့ရတယ်။

ရှိနေတုန်းမှာ တန်ဖိုးထား သူများကမိဖုရားလာမြှောက်သွားမှထိုင်ငို မနေနဲ့ စိတ်မပူနဲ့ နင်တို့ပြတ်လဲငါတို့ရဲ့ ဘုန်းကံကြောင့် နင်တို့ထက်သာတဲ့နောက်တစ်ယောက်ကမြတ်
နိုး တန်ဖိုးထားဖို့ အဆင့်သင့်ပဲ။

Original – Writer – Uploader – Owner

#Mogaung

Credit… မှုရင်းရေးသာသူသို့

Zawgyi ဖြင့်ဖတ်ပါ