Knowledge

“အကောင်းမြင်တတ်သူ”

“အကောင်းမြင်တတ်သူ”

ရှေးရှေးတုန်းကပေါ့..မျက်လုံးတစ်ဖက်ကန်းပြီး ..
ခြေတစ်ချောင်း မရှိတဲ့ ..သူဋ္ဌေးကြီးတစ်ယောက် ရှိသတဲ့။

တစ်နေ့မှာ သူဋ္ဌေးကြီးဟာ ..
အတော်ဆုံးပန်းချီဆရာတွေကို ခေါ်ပြီး ..သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ ..အကောင်းဆုံးဖြစ်အောင် ..ရေးဆွဲဖို့ ပြောသတဲ့။

ပန်းချီဆရာတွေလည်း ..
မျက်စိတစ်ဖက်လပ်..ခြေတစ်ချောင်းမရှိတဲ့သူရဲ့ပုံတူကို..အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ဆိုတော့ ..
လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့…။

အဲဒီမှာပဲ ပန်းချီဆရာတစ်ယောက်ဟာ ..
သူဋ္ဌေးကြီးရဲ့ပုံတူပန်းချီကားကို ..အလှဆုံး ၊ အကောင်းဆုံးဖြစ်အောင်..ရွေးဆွဲဖို့ ကတိပြုလိုက်ပါသတဲ့…။

ပြီးတော့ ပန်းချီဆရာ ဟာ ..
ပုံတူပန်းချီကားကို ..စတင် ရေးဆွဲပါတော့တယ်။ပန်းချီကား ရေးဆွဲပြီးတဲ့အခါမှာတော့ ..မြင်ရသူအားလုံးတအံ့တသြနဲ့ ..ငေးမော ချီးကြူး ကြပါသတဲ့။

တကယ့် ကို သူဋ္ဌေးကြီးရဲ့ ပုံတူက..အလှဆုံးနဲ့အကောင်းဆုံး ပန်းချီကားပဲ .လို့မှတ်ချက် ပြု လိုက်ကြသတဲ့။

ပန်းချီကားထဲမှာ သူဋ္ဌေးကြီးဟာ ..
မျက်လုံးတစ်ဖက်ကို ပိတ်ထားပြီး ..မြင်းကို ခွစီးကာသားကောင်ကို ..လေးမြားတို့ဖြင့် ချိန်ရွယ်လို့..အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိတယ်..
ပန်းချီဆရာချင်းတူပါလျက် ..တခြားပန်းချီဆရာတွေကရော ..သူ့လိုဘာကြောင့်များ မတွေးမိပါလိမ့်…။.

အတတ်ပညာချင်း တူလျှင် ..
အသိပညာချင်း ကွာခြားပါလိမ့်မယ် ။
အသိပညာချင်းတူလျှင် အလှ ကို ခံစားတတ်တဲ့ နှလုံးသားချင်းတော့ကွာခြားပါလိမ့်မယ် ။

တခြားသူတွေရဲ့ အားနည်းချက်ကို ..
မြင်ဖို့က လွယ်ကူပြီး ၊အကောင်းမြင်စိတ်လေး ..
မွေးတတ်ဖို့က ..ခက်ခဲနေကြလို့ပဲ ဖြစ်ပါတယ်။

Crd မူရင်းသာသူသို့

Zawgyl ဖြင့်ဖတ်ပါ

“အကောင်းမြင်တတ်သူ”

ရှေးရှေးတုန်းကပေါ့..မျက်လုံးတစ်ဖက်ကန်းပြီး ..
ခြေတစ်ချောင်း မရှိတဲ့ ..သူဋ္ဌေးကြီးတစ်ယောက် ရှိသတဲ့။

တစ်နေ့မှာ သူဋ္ဌေးကြီးဟာ ..
အတော်ဆုံးပန်းချီဆရာတွေကို ခေါ်ပြီး ..သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ ..အကောင်းဆုံးဖြစ်အောင် ..ရေးဆွဲဖို့ ပြောသတဲ့။

ပန်းချီဆရာတွေလည်း ..
မျက်စိတစ်ဖက်လပ်..ခြေတစ်ချောင်းမရှိတဲ့သူရဲ့ပုံတူကို..အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ဆိုတော့ ..
လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့…။

အဲဒီမှာပဲ ပန်းချီဆရာတစ်ယောက်ဟာ ..
သူဋ္ဌေးကြီးရဲ့ပုံတူပန်းချီကားကို ..အလှဆုံး ၊ အကောင်းဆုံးဖြစ်အောင်..ရွေးဆွဲဖို့ ကတိပြုလိုက်ပါသတဲ့…။

ပြီးတော့ ပန်းချီဆရာ ဟာ ..
ပုံတူပန်းချီကားကို ..စတင် ရေးဆွဲပါတော့တယ်။ပန်းချီကား ရေးဆွဲပြီးတဲ့အခါမှာတော့ ..မြင်ရသူအားလုံးတအံ့တသြနဲ့ ..ငေးမော ချီးကြူး ကြပါသတဲ့။

တကယ့် ကို သူဋ္ဌေးကြီးရဲ့ ပုံတူက..အလှဆုံးနဲ့အကောင်းဆုံး ပန်းချီကားပဲ .လို့မှတ်ချက် ပြု လိုက်ကြသတဲ့။

ပန်းချီကားထဲမှာ သူဋ္ဌေးကြီးဟာ ..
မျက်လုံးတစ်ဖက်ကို ပိတ်ထားပြီး ..မြင်းကို ခွစီးကာသားကောင်ကို ..လေးမြားတို့ဖြင့် ချိန်ရွယ်လို့..အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိတယ်..
ပန်းချီဆရာချင်းတူပါလျက် ..တခြားပန်းချီဆရာတွေကရော ..သူ့လိုဘာကြောင့်များ မတွေးမိပါလိမ့်…။