Health

ပူပြင်းတဲ့ရာသီမှာအပူဒဏ်ခံကို သက်သာစေသောမြန်မာ့ရိုးရာနည်း

ပူပြင်းတဲ့ရာသီမှာအပူကိုသက်သာကောင်းမွန်စေတာကကျွန်မတို့ နေ့စဉ်သောက်နေတဲ့“ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျ လေးနှပ်၊ ပြီးရင် လုံးဝအေးသွားတဲ့အထိ အအေးခံထား။ နေ့လည်လောက်ဆို သောက်လို့ရပြီ။

နေ့လည် အပူချိန်တက်နေတဲ့ အချိန်မှာ ရိုးရိုးရေမသောက်ဘဲ အဲဒီ ရေနွေးကြမ်းအအေးကိုသာ သောက်နေ။ တကယ် အပူဒဏ် ခံနိုင်တယ်။နောက်ထပ် အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း တင်ပြချင်ပါသေးတယ်။ အဲဒါ ကတော့ မြန်မာ့ရိုးရာ စားစရာ ထန်းလျှက်ပါ။

ထန်းလျှက် ဟာ အခုလို ပူပြင်းတဲ့ ရာသီမှာ တကယ်စားသင့်တဲ့ အစာတစ်ခုပါ။ ထန်းလျှက်ဟာ ကိုယ်ခန္ဓာရဲ့ သက် စောင့်ဓာတ်ဖြစ်တဲ့ ဝမ်းမီးကို အလွန်မှန်စေပါတယ်။ ချိုတာခြင်း တူပေမယ့် သကြား၊ ကြံသကာ တွေနဲ့ မတူပါဘူး။

မှတ်ချက်။ ။အပူဒဏ်ကြောင့်ချွေးများအရမ်းထွက်ပြီး မောပန်းနွမ်းနယ်မှု များလွန်းနေလျှင် ဓာတ်ဆားရည် သောက်ရန် လိုပါလိမ့်မည်။ဓာတ်ဆားရည်သည် ဝမ်းသွားမှ သောက် ရန်မဟုတ်ပါ။ အပူဒဏ်ကြောင့်ပင်ပန်း နွမ်းနယ်လွန်းလျှင်လည်း သောက်သင့်ပါသည်။

သွေးတိုးရှိသူများအတွက်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။ထန်း လျှက် ကလည်း ဆီးချိုရှိသူများ သင့်တော်မည် မဟုတ်ပါ။ရေနွေးကြမ်းအေးကတော့ မတည့်သည့်ရောဂါ မရှိသောကြောင့် အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။

Credit – Dr တင်ဗိုလ် ဗိုလ်

Zawgyl ဖြင့်ဖတ်ပါ