Knowledge

မိဘတိုင်းသိထားသင့်တဲ့ ကလေးငယ်လေးတွေ ဖုန်းသုံးရင်ဖြစ်လာမယ့်ဆိုးကျိုးများ

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မိဘေတြက ကလေးတွေအတွက် smartphone တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို စဉ်းစား လာကြပါတယ် ။ အချို့ ကလေးတွေမှာဆိုရင် ဂိမ်းဆော့ဖို့ ကိုယ်ပိုင် smartphone တွေ ရှိနေကြပါပြီ ။

တစ်ဖက်ကနေ ကြည့်ရင် smaetphone တွေက သတင်းအသစ်တွေ ၊ ဆက်သွယ်မှု အသစ်တွေနဲ့ စိတ်ဝင်စားစရာကောင်းပါတယ် ။ နောက်တစ်ဖက်ကနေ ကြည့်ရင်တော့ smartphone တွေ လူတွေကို ပြင်ပကမ္ဘာနဲ့ အလှမ်း ဝေးသွားစေပါတယ် ။

Smartphone သုံးတာဟာ သာမန်ဆိုရင် ဘာမှမဖြစ်ပေမယ့် စွဲလမ်းလာရင်တော့ မူးယစ်ဆေးလိုပဲ ဖြတ်ရခက်ပါတယ် ။ ပြီးတော့ ကလေးတွေက ဂိမ်းတွေကိုလည်း စွဲလာကြပါတယ် ။ ကလေးတွေက ဖုန်းရှေ့မှာပဲ အချိန်ဖြုန်းလေ ၊ ကလေးတွေအတွက် ဆိုးကျိုးများလေပါပဲ ။

လေ့လာမှုတွေအရ အသက် 8 နှစ်ကနေ 18 နှစ် ကြားရှိတဲ့ ကလေးတွေက တစ်နေ့ကို ပျမ်းမျှ 7 နာရီခွဲကြာ ဖုန်းသုံးပါတယ် ။ 2 နှစ် 3 နှစ် အရွယ်ကစလို့ အိမ်အပြင် ထွက်မကစားဘဲ ဖုန်းပဲကိုင်နေရင် အသက် 7 နှစ်ရောက်တဲ့အခါ

လူတွေနဲ့တွေ့ဆုံ ဆက်ဆံဖို့ ကြောက်ရွံ့လာတတ်ပါတယ် ။ အပြင် မထွက်ချင်တော့ဘဲ ဖုန်းရှေ့ ၊ ကွန်ပြူတာရှေ့မှာပဲ အချိန် ကုန်တတ်ပါတယ် ။ ကလေးငယ်ငယ်လေးတွေ ဖုန်းသုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို စိတ်ပညာရှင်တွေက ပြောပြထားပါတယ် ။

မိဘနဲ့ ရင်းရင်းနှီးနှီး မရှိတော့ဘဲ အာရုံစိုက်မှု ၊ သိမြင်မှုတွေ နည်းပါးလာတတ်ပါတယ် ။ ပြီးတော့ သင်ယူမှုတွေမှာ ခက်ခဲ လာတတ်ပါတယ် ။စကားပြောဆိုမှု စွမ်းရည်တွေ နှောင့်နှေးသွားတတ်ပါတယ် ။လှုပ်ရှားမှုတွေ နည်းပြီး ရုပ်ပိုင်းဆိုင်ရာ ၊

ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ နှေးကွေးသွားတတ်ပါတယ် ။အိပ်ချိန်မှာ မအိပ်လို့ အိပ်ချိန်တွေ မှားလာတတ်ပါတယ် ။ကျောင်းလုပ်ငန်းတွေမှာ မပါဝင်တတ်တော့ပါဘူး ။ဒေါသ ကြီးလာတတ်ပါတယ် ။

စိတ်ဓာတ်ကျခြင်း ၊ စိတ်မလိုကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ တဖြည်းဖြည်းဖြစ်လာနိုင်ပါတယ် ။ဖုန်း မသုံးခိုင်းတော့ဘဲ ပြန်ယူထားလိုက်ရင် စိတ္က စဥ့်ကလျားရောဂါ ဖြစ်လာနိုင်ပါတယ် ။

သင့်ကလေးက ဒီအချက်တွေထဲကနေ အနည်းဆုံး တစ်ချက် ဖြစ်နေပြီဆိုရင် သူ ဖုန်းကို အရမ်း စွဲလမ်းနေပါပြီ ။ ဒီဂျစ်တယ် နည်းပညာကြီးကိုတော့ ရပ်ပစ်လိုက်လို့ မရနိုင်ပါဘူး ။ဒါပေမယ့် ကလေးရဲ့ ကျန်းမာရေးထက် ဘယ်အရာကမှ ပို အရေးမကြီးပါဘူး ။

Credit – မူရင်းရေးသားသူ

Zawgyi ဖြင့်ဖတ်ပါ