Knowledge

မိသားစု အပျော်လုပ်စားလို့ ရသလို စီးပွားဖြစ်လည်း ရောင်းလို့ရတဲ့ ကျောက်ဖရုံယို ပြုလုပ်နည်း…

ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။
ကျောက်ဖရုံသီးအရင့် နှစ်ချို့ဖြစ်ရပါမယ်။ ကျောက်ဖရုံသီး အနုဖြင့် မရပါ။

အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့်် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်၍ဆေးကြောပြီးသော ကျောက်ဖရုံသီး အစိတ်အပိုင်းများကို ၃ နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။

သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန် ဆေးကြောလိုက်ပါ။

ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော

ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မိနစ် အနည်းငယ်မျှ ကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံ စစ်ပေးထားပါ။

သကြားကို လိုသလောက်ချိန်ထည့်ပြီး ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီး အစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့် ထည့်ကာ နာရီဝက်ခန့် ကျိုချက်ပေးပြီး

ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲ သွားသည်အထိ ထားပေးလိုက်ပါက

သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို (သို့) Winter Melon Candy ကိုမှီဝဲ သုံးဆောင်နိုင်ပါသည်။

Credit …
ဓမၼေမတၱာ အရွင္ပညာသာရ

Zawgyl ဖြင့်ဖတ်ပါ

Credit..

ဓမၼေမတၱာ အရွင္ပညာသာရ