Knowledge

နောင်တ မရစေလို

နောင်တ မရစေလို

စျေးရောင်းထွက်ရန် ပြင်နေသော ဒေါ်သန်းက…

ဒီနေ့ မိုးမရွာပါစေနဲ့တော်…
ဒါမှ စျေးဝယ်သူ များများလာပြီး စျေးရောင်းလို့ကောင်းမှာ။

သား…
အမေ စျေးထွက်တာ နောက်ကျလို့
အမေ့ထမင်းဗူးလေး သွားယူပေးပါလား သားရယ်…

အာ…ဒီဂိမ်းကလဲ။
ဗျာ…အမေ့
ကျွန်တော် ဂိမ်းဆော့နေတာ အမေရဲ့။
အမေလုပ်တာနဲ့ ဒီဂိမ်းက ရှုံးပြီ။

ပြောပြောဆိုဆို သားလုပ်သူက ဖုန်းကိုပစ်ချကာ…ရည်းစားနဲ့ အပြင်မှာ ချိန်းထားတာ ရှိသေးတယ်။

ဒီဂိမ်းကလည်း အောင်ကို မအောင်နိုင်ဘူး။ဒေါ်သန်းတစ်ယောက် သက်ပြင်းလေးချကာ ကိုယ်တိုင်ပဲထယူရတော့သည်။

ထိုအခိုက်…ဆွဲခြင်းပေါ်တင်ထားသည့် အိတ်ထဲမှ သောင်းတန်တစ်ရွက်ကိုအသာလေး နှုတ်ထားလိုက်သည်။

အမေ့အရင် အပြင်သွားရန် ပြင်တော့…

သားရေ…
အပြင်မှာ ရာသီဥတု သိပ်မကောင်းဘူး။
ထီးလေး ဘာလေး ယူသွားဦး။

အရွယ်က တတိယအရွယ်ဆိုပေမယ့်
စျေးသွား စျေးပြန် အော်ဟစ်ရောင်းချရသည်မှာ လုပ်နေကျမို့မထူးဆန်းတော့။

ဝယ်သူပြတ်ချိန်ကျမှ ပါလာတဲ့ထမင်းဗူးလေးကို
ခပ်သုတ်သုတ် ထုတ်စားရတဲ့ နေ့စဉ်ဘဝ။

သားတော်မောင်ကတော့…ရည်စားနဲ့ ကြည်နူးနေလေရဲ့။

ဝယ်သူပါးလာတော့ ဆိုင်သိမ်းပြီး ပြန်အလာ…
မုန့်ဟင်းခါးဆိုင်ရှေ့အရောက်သားအကြိုက်မို့ ဝယ်ဖြစ်ခဲ့သေးသည်။

လမ်းကြားတစ်ခုသို့ အဝင်ကောင်မလေးလက်ကို တွဲလျှောက်လာသော သားဖြစ်သူနဲ့ပက်ပင်းတိုးတော့…

သားလေခေါ်လိုက်စဉ် သားမျက်နှာ ပျက်သွားတာ တွေ့လိုက်သည်။

အမလေး…အ…အား…

အငေးလွန်ကာ ခလုတ်တိုက်ပြီး လဲကျသွားစဉ်…
သားဖြစ်သူကလာထူမှာလားဆိုတဲ့ တောင့်တစိတ်လေး ဖြစ်မိနေတုန်း

မထင်မှတ်သော စကားသံကို ကြားလိုက်ရတယ်။ကို…ဟိုမှာ အဒေါ်ကြီးတစ်ယောက် လဲနေတယ်။

သွားရအောင်ပါ ချစ်ရယ်…လာ။အာ…ကိုကလဲ။
ချစ် အမေလည်း အဲလိုပဲ ဝတုတ်တုတ်နဲ့။ကိုယ့်မိဘလို သဘောထားပြီး ကူညီရအောင်နော်…

ချစ်ကလဲကွာ…သူ့ကိုလည်း ကြည့်ပါဦး၊
ခြင်းတောင်းကြီးနဲ့။ဒီနားလေးမှာ ဂွင်ဖန်နေတဲ့သူ ဖြစ်ချင်ဖြစ်မှာပေါ့။

ကဲ…လာပါ…သွားရအောင်။

သြော်…သားလေး
ငါ့လို စျေးသည်မ သားမှန်း ကောင်မလေး သိသွားမှာကိုရှက်လို့ငါ့ကို အသိအမှတ် ပြုမသွားတာပါလား လို့

တွေးမိရင်း…သားဂုဏ်သိက္ခာအတွက် ခေါင်းငုံ့ချစဉ်မျက်ရည်တစ်ပေါက် လွင့်ကျသွားတာ သားမမြင်။

ပေါက်ကျမသွားတဲ့ မုန့်ဟင်းခါးထုပ်လေးကို အသာကောက်ယူကာခန္ဓာကိုယ်က နာကျင်မှုထက်သား ဖြစ်သူကို ငဲ့ညှာတဲ့စိတ်က ပိုသာနေတော့။

မိုးလေးက ဖြိုးတိုးဖျောက်တောက် ကျလျက်…အိမ်ကို ပြန်ရောက်တော့အမေ့ဖိနပ်ကို တွေ့လို့ အမေ ပြန်ရောက်နေပြီမှန်း သိလိုက်ရ
သည်။

ရေတစ်ခွက်သောက်ပြီး ထိုင်လိုက်တော့မှ…
စားပွဲပေါ်တင်ထားသော မုန့်ဟင်းခါးထုပ်လေးကိုတွေ့လိုက်မိ၏။လမ်းမှာ လဲကျတုန်းက အမေပြန်ကောက်တာ တွေ့ရသည်။

အမေ…

ခေါ်ကြည့်သည် မထူး။

အမေ…

နောက်တစ်ကြိမ် ခေါ်ကြည့်သည် ထူးသံမကြား။စိတ်ထဲ မရိုးမရွဖြစ်လာသဖြင့် အခန်းထဲဝင်လိုက်တော့…

အိပ်ယာထဲတွင်လက်နှစ်ဖက် ရင်ဘတ်ပေါ်တင်ကာ အိပ်နေသည်ကို တွေ့ရသည်။

အမေ့ဘေးနား ထိုင်ချကာ…

အမေ…

အမေ…

ထူးလည်း မထူး။လှုပ်လည်း မလှုပ်။ပုခုံးကို လှုပ်၍ ခေါ်သော်လည်း မထူး။

လည်ချောင်းထဲ အပူလုံးကြီး ဆို့တက်လာသလို ခံစားရသည်။စိုးရိမ်စိတ်က ငယ်ထိပ်တက်လာ၏။

အမေ…အမေ…ခဏထဦး…အမေ…

အမေ…ခဏထပါဦး…အမေရယ်…

အမေဟု ခေါ်သံက တုန်တုန်ယင်ယင်။
ရင်ထဲ ဆို့နင်လာကာ မျက်ရည်က အလိုလို စီးကျလာသည်။

သူ ငယ်စဉ် လဲကျတုန်းကအမေက အပြေးအလွှား ထူကာ ဖုန်ခါပေးခဲ့ပါသော်လည်း
အခု…အမေ လဲကျချိန်မှာ အမေ့ကို ဆွဲထူမပေးမိခဲ့သည့် အဖြစ်ကိုစဉ်းစားရင်း အော် ငိုချင်လာခဲ့သည်။

ရင်ထဲမှာ ယူကျူံးမရစွာ ငိုချမိသည်။အမေ့လက်ကို ဆုပ်ကိုင်ကာ ငိုသံတစ်ဝက်ဖြင့်

အမေ..အမေ အခုလို ဖြစ်ရတာ ကျွန်တော့်ကြောင့် အမေဖြစ်ရတာ။
အမေ ချော်လဲနေတာကို တွေ့ရက်နဲ့ ကျွန်တော် လာမခေါ်လို့ဖြစ်ရတာ။

အမေ…

အမေ…

အမေ့ရင်ဘတ်ကို မျက်နှာအပ်ပြီး အားပါးတရ ငိုနေမိသည်။ရှိတာမှ ဒီအမေနဲ့ ဒီသား နှစ်ယောက်တည်းလေ…

ရှိုက်ကြီးတငင် ငိုနေမိစဉ်…အမေ လှုပ်လာကာလက်တစ်ဖက်က ခေါင်းပေါ် ရောက်လာသည်။

မျှော်လင့်ခြင်းကြီးစွာနဲ့ အမေ့မျက်နှာကို လှမ်းကြည့်မိတဲ့အခိုက်…အမေ့မျက်လုံးလေး ပွင့်လာတော့…ရင်ထဲက ဆုတောင်းတွေ အကုန်ပြည့်သွားသလို…

အမေ ဘာမှမဖြစ်ပါဘူး သားရယ်…

အမေ…
အမေ ဘာမှမဖြစ်ဘူးလား-?
အမေ ဘာမှ မဖြစ်ပါဘူးနော်…

အမေဖြစ်သူက သားကို ခေါင်းလေး ခါပြသည်။

အ…အမေ…အမေရယ်…
ဝမ်းသာလိုက်တာ…အမေရယ်…သားကို ခွင့်လွှတ်နော်…အမေ။အမေက ခေါင်းညိတ်ပြသည်

အမေရယ်…

ပျောက်သွားတဲ့ပစ္စည်းတစ်ခု ချက်ချင်းပြန်ရလိုက်တဲ့ကလေးတစ်ယောက်လိုအမေ့ကို အားရပါးရ ပွေ့ဖက်ထားမိတော့လေသည်။

မိဘများသည် သားသမီးများကို အမြဲတမ်း ခွင့်လွှတ်၏။

အဖေ အမေ ရှိနေသေးရင်တော့ ပစ်မထားကြပါနဲ့နော်
Creditမင်းဒဿမေတ္တာဖြင့်မျှဝေသည်။
🙏🙏🙏🙏🙏🙏🙏🙏