သေအတူရှင်မကွာ
ဘုရားရှင်လက်ထက်မှာ နန္းတော်သို့
ပန်းဆက်အမှုထမ်းရတဲ့ မောင္သုမန
ဆိုသူတယောက်ရှိခဲ့လေသည်…
တနေ့တွင် ပန်းဆက်ရန် နန်းတော်သို့
အသွားလမ်းတွင် ဆွမ်းခံကြွလာသည့်
ဘုရားရှင်အား ဖူးတွေ့လိုက်ရ၏…
သဒ္ဒါလွန်ပြီး နန်းတော်သို့ ပို့ဆက်ရ
မည့်ပန်းအားလုံးကို ပန်းလမ်းခင်း၍
ဘုရားရှင်အား ပူဇော်လိုက်ပါသည်…
ကုသိုလ်ပိုက်၍ အိမ်စောစောပြန်လာ
သော လင်တော်မောင်သုမနက ပန်းလှူခဲ့ကြောင်းကို ဇနီးမယားအား ဝမ်းသာအားရ ပြောပြလိုက်ပါသည်…
ဇနီးသည်က စဥ်းစားမိ၏…ရှင်ဘုရင်တို့မည်သည် မာနကြီး၏…ဒေါသကြီး
၏…
သက္ဦးဆံပိုင်မို့ သတ်လိုကသတ်နိုင်ကြပါသည်…ယခုလင်တော်မောင်က
ပန်းဆက်ရန်တာဝန် ပျက်ကွက်ခဲ့ပြီး
ဖြစ်ပါသည်…
မင္းပြစ်မင်းဒဏ် သင့်မည့်သူဖြစ်၍
သူမပါ ကြားညှပ်သတ်ခံရကိန်း မြင်လာသောကြောင့် မဆိုင်းမတွ နန်းတော်သို့သွားပြီး ဖြစ်ကြောင်း
ကုန်စင် ဘုရင်အား သံတော်ဦး
တင်လိုက်ပါသည်…
ဘုရားရှင္အား နန်းတော်သို့ဆက်သရ
မည့် ပန်းအားလုံးလှူခဲ့သူ မောင်သုမနနှင့် သူမ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း လုံးဝပတ်သက်မှု မရှိတော့ပါကြောင်း သုမန ကျူးလွန်ခဲ့သော ပြစ်မှုနှင့် သူမ မပတ်သက်တော့ပါကြောင်း လျှောက်တင်ခဲ့ပါသည်…
ဘုရားမှန်း တရားမှန်းသိသော ဘုရင်
ဗိမ္ဗိသာရက သူငယ်မ၏ စေတနာကံတရားအတိုင်း ခွင့်ပြုချက် ပေးလိုက်ပါသည်…
သူငယ်မကထွက်ပြေးသွား၏…
မောင်သုမနကို ဘုရင်ကခေါ်တွေ့ပြီး
အကြောင်းစုံမေးခဲ့ရာ ဘုရားရှင်အားကြည်ညိုလွန်းလှသဖြင့် ပန်းများအားလုံးလှူခဲ့မိပါကြောင်း…
ထိုအပစ်ကြောင့် ခြေလက်ဖြတ်လိုပါက ဖြတ်ပါ သတ်လိုပါက သတ်ပါဟု
လျှောက်ခဲ့ရာတွင် ဘုရင်မင်းမြတ်က
အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်ပါသည်…
အလုပ်အကြွေး (၈)ယောက်
ဆင် (၈)စီး မြင်း (၈)ကောင်
လယ်ကြီး (၈)ကွက်
ရွာကြီး (၈)ရွာ အပိုင်စားစေဟူ၍
ဖြစ်ပါသည်…
လင်မယားတို့မည်သည် အေးအတူ
ပူအမျှဟု တင်စားကြရာ “ကံ”တူမှသာ အေးအတူပူအမျှဖြစ်၍ ကံမတူပါက ကွဲသွားတတ်ပါသည်…
ကုသိုလ် “ကံ” ဆိုသည်မှာလည်း
မိမိကိုယ်တိုင်ပြုလုပ်သည့် ကောင်းသောအလုပ်အကိုင် အကြံအစည် များပင်ဖြစ်၏…
အကုသိုလ်ကံကြီးသူက ကိုယ့်ဆန္ဒအတိုင်းဒုက္ခကို ခံယူသွားခဲ့ပြီး ကုသိုလ်ကံတက်လာသူက သုခ ကို
ခံစားသွားရခြင်း ဖြစ်ပါသည်…
ကုသိုလ်ကံတွင် ဝိဇ္ဇာကုသိုလ် နှင့်
စရဏကုသိုလ်ဟူ၍ ခွဲခြားထားပါသည်…
စရဏကုသိုလ်တွင် လူနတ်ဗြဟ္မာအထိ အကျိုးပေးနိုင်ပါသည်…
သို့သော် အပါယ်တခါးမပိတ်နိုင်ပါ…
ဝိဇ္ဇာကုသိုလ်သည် အပါယ်ပိတ်နိုင်သည်…
ကိုးကား:::ဓမ္မမိတ်ဆွေ၏ လူ့ပြည်မှအပြန်သင်ဘာကြံနေသနည်းမှ
Unicode