Love

ကိုယ် တန်ဖိုးထားသူကို မဆုံးရှုံးချင်ရင်

ကိုယ် တန်ဖိုးထားသူကို မဆုံးရှုံးချင်ရင်

လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်ချစ် ယုံကြည်မှု မရှိရင် ဝေးသွားမှာပဲ လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် နားလည် နားလည်

လေးစားမှု မရှိရင် နားလည်မှု ပြိုကွဲမှာပဲ ။လူတစ်ယောက်နဲ့ တစ်ယောက် နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ လက်တွဲခဲ့ ပွင့်လင်းမှု မရှိ ခဲ့ရင် ကြိတ်လုံးတွေ ထပေါက်ကွဲ မှာပဲ ။

လူတစ်ယောက်နဲ့ တစ်ယောက် ဘယ် လောက်ပဲ သံယောဇဉ် ကြိုး ခိုင်မာ ပါတယ် ပြောပြော သံသယ စိတ်ဝင် လာရင် အ နေ နီးပေမယ့် ရင်ခုန်သံတွေ ဝေးကွာ နေရအုံးမှာပဲ ။ လူတစ်ယောက်နဲ့ တစ်ယောက်

ဘယ်လောက်ပဲ မေတ္တာတွေ နက်ရှိုင်း ခဲ့ပါစေ အချင်းချင်း တန်ဖိုး မထားတတ်ရင် တစ်ယောက်ကို တစ်ယောက် ဆုံးရှုံး ခံရမှာပဲ ။

လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဘယ်လောက် ပဲ ထပ်တူ ကျတယ် ပြောပြော အမှတ်အတေး ထားခဲ့ရင် နီးလျှက်နဲ့ ဝေးနေကြ အုံးမှာပဲ ။

ကိုယ် တန်ဖိုး ထားရသူတွေ မဆုံရှုံးချင်ရင် ယုံကြည် ပါ ‘ လေးစားပါ ‘ ပွင့်လင်းပါ သံသယ စိတ်ကို မောင်းထုတ် ပါ တန်ဖိုးထားပါ ‘ အမှတ်အတေး မထားပဲ အမြန်ဆုံး ဖျောက်ပစ်ပါ

ချစ်သူဆိုတာ ချစ်နေရုံနဲ့ မပြီးဘဲ သူ့ဘက် ကိုယ့်ဘက် မျှတွေးပြီး အချင်းချင်း နားလည် တန်ဖိုး ထား တတ် မှ ထာဝရ တည်မြဲ မှာပါ။

Credit to writer

Unicode