Love

အရပ် ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက်များ

အရပ် ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက်များ

အရပ်ပုလို့ အားငယ်စရာ မလိုပါဘူး။ အရပ်ပုတဲ့ ကောင်မလေးတွေမှာလည်း သူ့အားသာချက်နဲ့သူရှိ
တတ်ကြပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ အားသာချက်(၆)ချက်ကိုအောက်မှာ ဖော်ပြပေး
လိုက်ပါတယ်။

အဝတ်အစားမရှားခြင်း

ရပ်ပုတော့ အဝတ်အစား မရှားပါဘူး။ ဒါကြောင့် ဈေးဝယ်ထွက်တဲ့ အခါမျိုးမှာ တော်ရုံကလေးအင်္ကျီ
ကို ကောက်စွပ်ပြီး ဝတ်သွားလို့ရပါတယ်။ ဆိုင်မှာ သွားဝယ်ရင်လည်း အာရှမှာ နေပြီး အရပ်ပုတာ မဆန်း
တဲ့အတွက် အင်္ကျီဆိုဒ်တွေက အဆင်သင့်ရှိပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါတိုင်း ရှေ့ဆုံးမှာ နေရခြင်း
ဒါကတော့ ရှင်းပါတယ်။ အရပ်ပုတဲ့သူတွေဟာ ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာ ရှေ့ဆုံးကနေ နေဖို့ ဦးစားပေးခံ
ရပါတယ်၊။ ဓာတ်ပုံထဲမှာ ရှေ့ဆုံးကထင်းကနဲ ဖြစ်နေတာပေါ့။

တစ်ခုခုနဲ့ဆောင့်မိလို့နဖူးသီးတာမျိုးမရှိပါဘူး။
အရပ်ပုတော့ ဘာဖြစ်သလဲ။ သေချာတာကတော့ အပေါ်က တန်းတွေ၊ ဘားတွေနဲ့ ခေါင်းကို မတိုက်မိတော့ဘူးပေါ့

နေရာအကျယ်အများကြီးမလိုခြင်း
အရွယ်အစားကသေးတော့ နေရာအများကြီး မလိုဘူး။ ဒီတော့ အဆောင်တို့ ဘာတို့ငှားမယ်ဆိုရင် တော်ရုံတန်ရုံ
ကျဉ်းလို့ နေမရတဲ့အခန်း ချောင်ချောင်လည်လည် နေလို့ရတယ်၊ ဒါက ဝင်ငွေကို သက်သာစေပါတယ်။ အကြောင်း
ကတော့ သိပ်မငှားရတဲ့ အခန်းမျိုးဟာ ဈေးသက်သာတတ်လို့ပါ။

အမြဲတမ်းကလေးကဲ့သို့ နုပျိုနေခြင်း

အရပ်ပုတဲ့ လူတွေရဲ့ အားသာချက်က အိုမင်းတဲ့အထိ ခါးမကိုင်းတာပဲ-လို့ မှတ်သားဖူးပါတယ်။ ဒါ့အပြင် အရပ်ပု
တော့ အသက်အရွယ်ကို ခန့်မှန်းရခက်ပြီး တစ်ခြားသူများထက် အရွယ်ပိုတင်ပါတယ်။ ဒါကြောင့် အရပ်ပုသူများ
ဟာ ကလေးငယ်လေးတွေလို အရွယ်က နုပျိုနေလေ့ရှိပါတယ်။

ဒေါက်မြင့်ဖိနပ်စိတ်ကြိုက်စီးနိုင်ခြင်း
အရပ်ရှည်တဲ့မိန်းကလေးများက သူတို့ရည်းစားထက် အရပ် အရမ်းရှည်သွားမှာ ဆိုးလို့ ဒုက္ခရောက်နေချိန်မှာ
အရပ်ပုတဲ့ မိန်းကလေးတွေကတော့ ဒေါက်မြင့်ဖိနပ်ကို စိတ်ကြိုက်စီးနိုင်ပါတယ်။

Crd

Unicode

အရပ်ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက်များ
အရပ်ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက်များ

အရပ်ပုလို့ အားငယ်စရာ မလိုပါဘူး။ အရပ်ပုတဲ့ ကောင်မလေးတွေမှာလည်း သူ့အားသာချက်နဲ့သူရှိ
တတ်ကြပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ အားသာချက်(၆)ချက်ကိုအောက်မှာ ဖော်ပြပေး
လိုက်ပါတယ်။

အဝတ်အစားမရှားခြင်း

အရပ်ပုတော့ အဝတ်အစား မရှားပါဘူး။ ဒါကြောင့် ဈေးဝယ်ထွက်တဲ့ အခါမျိုးမှာ တော်ရုံကလေးအင်္ကျီ