Love

ဖောက်ပြန်ခြင်း ဆိုတာ အိမ်ထောင်ရေးလောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသောစည်းဖောက် မူှတစ်ခုပါ။

ဖောက်ပြန်ခြင်း ဆိုတာ အိမ်ထောင်ရေးလောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသောစည်းဖောက်မူှတစ်ခုပါ။

ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေးလောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသောစည်းဖောက်မူှတစ်ခုပါ။

ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ…

(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး

(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း

(၃)ယောကျ်ားများ စီးပွားရေး အဆင်ပြေလာခြင်း

(၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိူင်ခြင်း

(၅)မေတ္တာမပါသော အိမ် ထောင်ရေး

(၆)အိမ်ထောင်ရေးသုခ မရရှိခြင်း

(၇)သားသမီး မထွန်းကားခြင်း

(၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း

(၉)အရက်နှင့် မူးယစ်သေစာ သောက်စားခြင်း

(၁၀)အပျော်အပါး မက်မောခြင်း စသည်တို့ကြောင့်ဖြစ်သော်လည်း ဖောက်ပြန်ခြင်း၏ အဓိကတရားခံမှာ “စိတ်အလိုလိုက်ခြင်း” ကြောင့်ဖြစ်ပါတယ်။

လူသားတိုင်းသည် အသစ်အဆန်းကို ကြိုက်နှစ်သက်ပြီး လက်တည့်စမ်းကြည့်ချင်တဲ့ သဘာဝရှိပါတယ်။အရွယ်ရှိနေသော လူသားတိုင်းတွင်သွေးသားအလိုဆန္ဒရှိသော်လည်း ဆန္ဒကို သိက္ခာနှင့် အတွေးအခေါ်ကထိမ်းကွပ်ပေးပါတယ်။

ယောကျ်ားလေးများ၏ သဘာဝသည် လှတာမြင်ရင် ငေးတတ်ကြသလိုမိန်းကလေးသဘာဝသည် အယုံလွယ်ခြင်းနှင့် သနားတတ်ခြင်းတို့ကြောင့် လှတာမက်တော့ ဘဝ ပျက်ကြရသလို သနားတတ်ပြီးအားနာတတ်သောကြောင့် “ခါး”ပါတတ်ပါတယ်။

တစ်ချို့သော ဖောက်ပြန်ရေးများတွင် လင်နဲ့မယား အဆင်မပြေမူှတစ်ချို့ကြောင့် အရွဲ့တိုက်ရင်းနဲ့ ဘဝတွေပါ ရွဲ့စောင်းကုန်ကြပါတယ်။ဖောက်ပြန်ခြင်းတွင် အဓိကထိခိုက်ကြေကွဲရသူမှာ လူကြီးတွေမဟုတ်ဘဲအပြစ်မဲ့သော သားသမီးများ ဖြစ်နေတတ်ပါတယ်။

အပြစ်မဲ့သော ကလေးများ မြေစာပင်ဖြစ်ခဲ့ကြရသလို ဖောက်ပြန်နေသူလည်း လူ့အသိုင်းအဝိုင်းကြားမှာ နှာခေါင်းရှုံ့ခံကြရပါတယ်။

ဖောက်ပြန်ခြင်းကို အစပြုျသော တရားခံအများစုသည် စနူှိက်ကြော်မိန်းမများကြောင့်ဖြစ်သလို ကြာကူလီယောကျ်ားတစ်ချို့ကြောင့်မခူးခင်က အညွှတ်ခံချင်သူများက အသိုက်အမြုံ ဆိုသော မိသားစုကမ္ဘာလေးကို ခဏတာသာယာမူှနဲ့ လဲလှယ်ခဲ့ကြပါတယ်။

သတိတစ်ချက်လွတ်ပြီး စိတ်အလိုလိုက်မူှ တစ်ခဏတာကြောင့်တစ်သက်လုံး ထိမ်းသိမ်းလာသော ဂုဏ်သိက္ခာသည် မည်းညစ်ခဲ့ရသလို သားသမီးများ၏ အနာဂတ်ကို အရိပ်မည်းကြီးလိုက်ထိုးနေတာကိုသိသွားတဲ့ အချိန်မှာတော့ အချိန်လွန်မှ ရတဲ့ “နောင်တ” တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေရုံကလွဲပီး ပြင်လို့မရသော

အမှားကြောင့် ခေါင်းငုံ့ခံနေရုံအပြင် အခြားမရှိတော့ဘူးလို့ထင်ပါတယ်။

ချစ်လို့ပဲယူယူ ၊ သင့်တော်လို့ပဲယူယူ ကိုယ့်ရဲ့လက်တွဲဖော်ကိုအတတ်နိူင်ဆုံး သည်းခံပေါင်းသင်းသင့်ပါတယ်။ သည်းမခံနိူင်ရင်ဖောက်ပြန်ခြင်းဆိုတဲ့ ထွက်ပေါက်ကို ရွေးချယ်မည့်အစားတရားဝင် လမ်းခွဲလိုက်တာက ကိုယ့်ရဲ့သမိုင်းကြောင်းလှပကာတစ်သက်တာ လိပ်ပြာသန့်ပြီး စိတ်ချမ်းသာစေမယ်လို့ ယူဆပါတယ်။

လေးစားစွာဖြင့်

ဇင်းနစ် မကွေး

Unicode