Beauty

ဆံပင် အရမ်းကျွတ်တာတို့ ဆံသာ ခြောက်နေတာတို့ဖြစ်ရင်

ဆံပင် အရမ်းကျွတ်တာတို့ ဆံသာ ခြောက်နေတာတို့ဖြစ်ရင်ကိုယ်လုပ်နေကျ Hair mask ရှာစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်နော်။ (လုပ်နည်း မေးထားတဲ့သူတွေအတွက် ဒီpostမှာ အသေးစိတ်လေး ရေးပေးထားပါတယ်နော်)ခေါင်းမလျော်ခင် ရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီကို ဦးရေပြားရော ဆံသားမှာပါ နှံ့နေအောင်လိမ်းပါ။3 / 4 နာရီနဲ့အထက်ထားပြီး Shower cap နဲ့ ပေါင်းပြီး မှ လျှော်ပါ။ကြာကြာမှတခါ လုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်း လုပ်ပေးရင် ပိုကောင်းပါတယ် ပိုသိသာပါတယ်။ ဆံသားနက်ပြီး အကျွတ်သက်သာသလို ဆံသားမငြိတော့ဘူး အရှည်မြန်တယ်။ ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းကို ပုံထဲမှာရေးပေးထားပါတယ်နော်။(အမြဲတမ်းသုံးလို့ရအောင် တခါတည်း ကြိုထားလို့ရပါတယ်နော်။)ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုထားတဲ့ဆီအပြင် လျှော်ခါနီး ဒါလေးတွေထပ်ရင် ပိုကောင်းပါတယ်။ (မအားတဲ့ အခါတွေဆို မထည့်လည်းရပါတယ်။ အပေါ်က ရှားစောင်းလပတ်ဆီနဲ့တင်ကို တော်တော်လေး ဆံပင်ကိုကောင်စေပါတယ်)သံလွင်ဆီ(ဆံသားကိုပျော့စေတယ်)ကြက်သွန်နီ ထောင်းထားတဲ့ အရည် (ဆံသားကိုနက်မှောင်သန်စွမ်းစေတယ်၊ ကျွတ်တာသက်သက်စေတယ်၊အရှည်မြန်စေတယ်။) Edited:အနံ့မခံနိုင်ရင် လျှော်ပြီးလည်း အနံ မပြောင်ဘဲအနံ့ဆွဲနေတယ်လို့ ထင်ရင် မထည့်ချင်လည်း ရပါတယ်။အနံ့ မကျန်အောင် ရေနိုင်နိုင်ဆေးဖို့ လိုသလို အနံ့ကမဆိုစလောက်လေး ကျန်နေရင်လည်း အနံ့ခံနိုင်မှ ထည့်ပါနော်။ အနံ့ဆူးပေမယ့် ကြက်သွန်နီအာနိသင်က အံ့မခန်းပါ)လက်ဖက်ခြောက်သို့ အချိုခြောက်မှုန့်ကြိုထားတဲ့အရည်(ဆံသားနက်မှောင်စေပြီး အရှည်မြန်တယ်) Edited: လက်ဖက်ခြောက်နဲ့ အချိုခြောက်ကို မေးမေးနေကျလို့ Comment မှာ အသေးစိတ်လေး ရှင်းပြထားပါတယ်နော်။လက်ဖက်ခြောက်နဲ့ အချိုခြောက်မေးထားတဲ့သူတွေ အတွက် ပုံလေးနဲ့ ပြပေးခိုက်ပါတယ်။ မိုးရဲ့ ဇာတိမှာက လက်ဖက်ဆီရတော့ လက်ဖက်ဆီ ထည့်တာပါ…လက်ဖက်ဆီက နေရာတက လွယ်လင့်တကူမရနိုင်တော့ ခက်ဖက်ခြောက် (သို့) အချိုခြောက်ကို ခပ်ကျကျကြိုထားတဲ့ ရေ ထည့်ဖို့ ညွှန်းပေးတာပါ။အချိုခြောက် ဆိုတာက လက်ဖက်ခြောက်အမှုန့်လေးတွေပါ။ လက်ဖက်ရည်ဆိုင်တွေမှာဖျော်တဲ့ ( နို့ဆီ၊ နို့စိမ်း) ထည်ဖျော်တဲ့ လက်ဖက်ရည်ခြောက်မှုန့်ပါ။အိမ်တွေမှာက သောက်ခဲပါတယ်။အချိုခြောက်မှုန့်သောက်နေကျ အိမ် ဆိုရင်တော့ ခပ်ကျကျလေး ကြိုပြီးထည့်လိုက်ရုံပါဘဲ။ အချို ခြောက်မှုန့် လွယ်လင့်တကူ မရရင် လက်ဖက်ခြောက်ဘဲ သုံးလည်း တူတူပါဘဲနော်။အိမ်မှာ ပုံမှန် အမြဲသောက်နေကျ ရေနွေးကြမ်းထဲ ခပ်တဲ့ လက်ဖက်ခြောက်ပါ။ ခပ်ကျကျလေး ကြိုပြီးထည့်လိုက်ရုံပါဘဲ။ပျားရည် (ဆံသားကိုတောက်ပြောင်စေတယ်)အမြဲမဟုတ်တောင် တပတ်ခြားတခါလောက် လုပ်ပေးမယ်ဆိုရင်ဆံပင်အကျွတ်သက်သာမယ်။ (ဆံပင်တိုတိုရှည်ရှည် မိန်းကလေးတွေအဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာ…)ဆံပင်ငြိတာသက်သာမယ်။ ဆံပင်အရှည်မြန်တယ်။ ဆံသားမခြောက်တော့ဘူး။ ဆံသားပျော့ပျောင်းတယ်။ ဆံသားတောက်တယ်။Stay Homeလုပ်နေရတုန်းမှာ လုပ်ကြည့်ကြည့်ပါနော်။ ဆံပင်အကျွတ်သက်သာပြီးကျန်းမာလှပတဲ့ ဆံနွယ်တွေပိုင်ဆိုင်ကြပါစေ။မေတ္တာမွန်စွာဖြင့်….မို၏