အင်းလေး ကန်ထဲမှာ မြှုပ်နေသော နှစ်ရာချီသက် တမ်းရှိတဲ့ ရှေးဟောင်း စေတီတွေရှိတယ် ဆိုတာ သိကြလား??
အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပု ထိုးတွေ ရှိတယ်ဆိုတာ သိကြလား?? ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်း စေတီတွေ အင်းလေး ရေ ပြင်ထဲ မြှုပ်နေတာ သိပ်ကို ထူးဆန်းတဲ့ မြင်ကွင်းပေါ့။ အဲ့ဒီမြို့လေးကတော့ စံကား ဆိုတဲ့မြို့လေးပါ။ အင်္ဂလိပ်လို ဆိုရင်တော့ Sam Kar လို့ပေါင်း
ပါတယ်။ စံကားလို့ ပေါင်းပေမဲ့ စကားလို့ အသံ ထွက်ပါတယ်။ စံကားမြို့လေးက အင်းလေးကန် တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်က မ်းမှာ တည်ရှိပါတယ်။ လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေး တစ်မြို့ဖြစ်ပြီး ရှမ်း၊ ပအိုဝ့်၊ အင်းသား လူမျိုးတွေ နေထိုင်ကြ ပါတယ်။ ဟိုတ
စ်ချိန်တုန်း ကတော့ ရှမ်းပြည် တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတယ် တဲ့လေ။ ဘာကြောင့် မို့လို့ ရေမြှုပ် နေရသလဲဆို ၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတ ရေအား လျှပ်စစ်စက်ရုံ အတွ က် မိုးဗြဲဆည်ကို တည်ဆောက်တဲ့ အချိန်မှာ ရေ မြှုပ်သွား ခဲ့တာပါ။ စံကား၊ ဖယ်ခုံ အပြင် အင်း
လေး တောင်ပိုင်းက ရွာပေါင်းများစွာရယ် ဘီလူးချောင်း တလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့ သိရပါတယ်။ ရွာမှာနေ ထိုင်သူတွေဟာ မိမိ အိုးအိမ် စည်းစိမ် တွေကို စွန့်လွှတ်ပြီး ရေလွ တ်ရာကို ပြောင်းရွှေ့ကာ ရွာတည် နေထိုင်ခဲ့ကြရတယ် တဲ့လေ။ အခုလက်ရှိ စံကားမြို့ကတော့ အ သစ်တည် ထားတဲ့ မြို့ကြီးပေါ့။ မြန်မာတစ်နိုင်ငံ
လုံးက မြို့ကြီးတွေ လျှပ်စစ်မီးရအောင် ရွာအမြှု ပ်ခံကာ စတေးခဲ့ရပေမဲ့ သူတို့ကိုယ် တိုင်မှာတော့ အခုထက်ထိ လျှပ်စစ်မီး မရရှိသေးဘူး တဲ့လေ။ စိတ်မကောင်း စရာပါပဲနော်။ အဲ့မှာ ဘာတွေလည်စရာရှိ သလဲဆိုရင် စံကားလှေဆိပ်ရှိရာ ဘုန်းကြီး ကျောင်းဝင်းမှာတင် ရှေးဟောင်း ဘုရားတွေရယ်
ရေထဲမြှုပ်နေတဲ့ ဘုရားတွေရယ် တွေ့နေရပါပြီ။ လှေဆိပ်မှာ စားသောက် ဆိုင်ငယ်လေး တွေရှိသ လို ကမ်းနားက စားသောက်ဆိုင်ကနေ အင်းလေး ကန် ရှုခင်းကြည့် ပြီးလဲ စားသောက်နိုင်ပါတယ်။ ကိုယ်တွေကတော့ လှေဆိပ်ကနေ လှေစီးလုံးငါးခ ၂၀၀၀၀ ကျပ်ပေးပြီး အင်းထဲက တာခေါင် မွေ တော်ဘုရားနဲ့ နတ်တာရိုး တို့ကို လည်ပတ်ခဲ့တယ်
“တာခေါင် မွေတော်ဘုရား” တာခေါင် မွေတော်ဘုရားက မွေတော်ကက္ကူ ဘုရားတွေလို၊ ရွှေအ င်းတိမ် ဘုရားတွေလို ပုံသဏ္ဏာန် အမျိုး မျိုး ရှိတဲ့ ရှေးဟောင်း ဘုရားတွေ များကြီး စီစီရီရီရှိနေတဲ့ စေတီစုပါ။ စေတီနားလှေကပ် လာတဲ့အခါမှာတော့ ရေထဲမြှုပ်နေတဲ့ စေတီတချို့က ဆီးကြိုလို့နေပါတယ်။ ကန်စပ်
မှာရှိတဲ့ စေတီမုခ်ဦးဝက ခြင်္သေ့ကြီး၂ကောင်ကလည်း အင်းလေးကန် ကြီးကို လှမ်းမျှော် နေသယောင် မြင်ကွင်းက ဆွေးစရာပါ။ ရဲရဲနီအောင်ပွင့် နေတဲ့ ပန်းခင်းတွေ နောက်မှာတော့ စေတီတွေ၊ စေတီတွေ အများကြီး လှမ်းမြင်နေရ ပါတယ်။ စေတီပေါင်း ၂၃၆ ဆူတောင်ရှိပြီး စေတီအများစု
က လွန်ခဲ့တဲ့ နှစ် ၆၀၀ ကျော်ကတည် ထားခဲ့တာတဲ့လေ။ အဲ့ဒီထဲကမှ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည် ထားခဲ့တဲ့ စေတီကြီးကတော့ ဗိသုကာ လ က် ရာကစ ဆန်းကြယ်လို့နေပါတယ်။ အလောင်းစည်သူ မင်းကြီး တည်ထားခဲ့တဲ့ ရွှေရောင်စေတီကြီးကလည်း ရှေးဟောင်း စေတီတွေရဲ့ အကြား သပ္ပါယ်စွာ ရှိလို့နေပါတယ်။
“နတ်တာရိုး” နတ်တာရိုးကတော့ အင်းလေးကန်အရှေ့နဲ့ အနောက်ကို ကန့်လန့်ဖြတ် ထားတဲ့ သ ဘာဝကျောက် တံတိုင်းကြီးပါ။ လှေဆိပ်ကနေ မိ နစ်၂၀ လောက်လှေစီးရပါတယ်။ ဒီတာရိုးကြီးမှာ ပါးစပ်ရာဇဝင် တစ်ခုရှိပါတယ်။ ဒေသခံတွေ က တော့ နတ်တို့ဖန်ဆင်း ထားတယ်လို့ ပြောစမှ တ်
ပြုကြတာပေါ့။ ဟိုးရှေးရှေးတုန်းက အင်းလေး ကန်ရဲ့ အရှေ့ရေထွက် ပေါက်နဲ့ အနောက် ရေထွ က်ပေါက်ကို နတ်သား၂ပါးနဲ့ နတ်သမီး၁ပါးတို့က ကိုယ်စီ စောင့်ရှောက် ထားကြပါတယ်တဲ့။ နတ် သားထဲက တစ်ပါးက နတ်သမီးကို ချစ်ခင်စုံမက်လို့ သွားကမ်းလှမ်း တဲ့ခါ မိုးမလင်းခင် ရေထွက်
ပေါက်၂ခုကို တံတားတစ်စင်း အပြီးဆောက်ပေးရင် လက်ခံမယ်လို့ ပြန်ပြောပါသတဲ့။ နတ်သားလည်း အားကြိုးမာန်တက်နဲ့ အပြီးဆောက် တာပေါ့။ ဒါပေမဲ့ နတ်သမီးလေးက လက်မဆက်ချင်တာကြောင့် ကြက်တစ် ကောင်ကို မိုးမလင်းခင် တွန်ဖို့ စေခိုင်းခဲ့ သတဲ့လေ။ ကြက်တွန်သံလည်း
ကြားရော မိုးလင်းပြီ အမှတ်နဲ့ နတ်သားလေး လ က်လျှေ ာ့သွားတာကြောင့် တံတားက မပြီးမပြ တ်ဖြစ်နေ တာတဲ့လေ။ ဒါကြောင့်လည်း တာရိုးက အနောက်ဘက် ကမ်းအထိ မရောက်ဘဲ အင်းလေးကန် အလည်မှာ ပြတ်သွားတာကိုတွေ့ခဲ့ရပါတယ်။ ကိုယ်တွေရောက်တဲ့အချိန်က ရေတက်နေ
တဲ့အချိန်မို့လို့ ရေပေါ်ပေါ်နေတဲ့ တာရိုးပေါ်ထိ တ က်ကြည့်လို့ရပါတယ်။ နောက်ပိုင်းမှာ အသစ် အ ဆန်းအနေနဲ့ တာရိုးတလျှောက် ဝါးဖောင်နဲ့ သွားကြည့်လို့ ရမယ်လို့လည်း သိရပါတယ်။
“ဘယ်လိုသွားလဲ” အင်းလေး ဟိုတယ်ဇုံ ကနေ ရေလမ်းနဲ့ အင်းလေးကန် ထဲကသွားမယ်ဆိုရင် ၂နာရီခွဲ လောက်မောင်းရပြီး ကားလမ်းနဲ့ ဆိုရင်တော့ ၁နာရီ ကျော်ကျော်လောက် မောင်းရပါတ ယ်။ ကားလမ်းနဲ့ဆို ညောင်ရွှေ- လွိုင်ကော်လမ်းအတိုင်း မောင်းရင် အင်းလေးအရှေ့ဘက်
ဟိုတယ်ဇုံကနေ ၁နာရီကျော် လောက်ပဲ မောင်းရပါတယ်။ ကိုယ်တွေ သွားခဲ့တုန်းက Novotel hotel ကနေ အသွားအပြန် ကားဌားခ ၃၀၀၀၀ ကျပ်နဲ့ ရခဲ့ပါတယ်။ လွိုင်ကော်က နေလာမယ်ဆို ရင်တော့ ၂နာရီလောက် မောင်းရမှာပါ။ မွေတော် ကက္ကူနဲ့ လည်းနီးတော့ တောင်ကြီးက လာမယ်
ဆိုရင် ညောင်ရွှေ ဖြတ်စရာမလိုဘဲ တောင်ကြီး-ကက္ကူ- ကျောက်တစ်လုံး လမ်းအတိုင်း လာလို့ရ ပါတယ်။ တောင်ကြီးကနေတော့ စံကားအထိ ၂နာရီ ကျော်လောက် မောင်းရမှာပါ။ အင်းလေး ဟိုတယ် တွေကနေ သွားရင် အသွား တစ်နာရီ၊ အပြန်တစ်နာရီ၊ စံကားမှာ လှေနဲ့သွားလည်တဲ့
နဲ့ အသစ် အဆန်းနေရာ အဖြစ်သွားလည်နိုင်ပါတ ယ်။ သမိုင်းဝင် ရှေးဟောင်းစေတီတွေ ရေထဲမြှုပ်
နေတဲ့ တစ်ကယ် ထူးခြားလှတဲ့ မြင်ကွင်းပါ။ ဒါ ကြောင့်မို့လို့ စံကားမြို့က ရှေးဟောင်း သမိုင်းဝင်စေတီ တွေကို အင်းလေးရောက်ရင် သွားရောက်ဖူးမြော်နိုင်အောင် ဖော်ပြလိုက် ပါတယ်။ Credit ; စာသား & Photos