Love

ကိုယ့္အနားမွာေနရတာမေပ်ာ္ေတာ့တဲ့လူတစ္ေယာက္ကို ထြက္သြားဖို႕ခြင့္ျပုလိုက္ပါ

ကြၽန္မတို႔ေတြဟာ ကိုယ္ခ်စ္တဲ့လူတစ္ေယာက္ကို ဆုံးရႈံးရမွာေၾကာက္ၾကတဲ့သူေတြခ်ည္းပါပဲ။ ကိုယ္ခ်စ္တဲ့သူေတြကို ကိုယ့္ဘဝထဲမွာ အၿမဲတမ္းရွိေစခ်င္တာပါပဲ။ အထူးသျဖင့္ ကိုယ့္ဘဝအတြက္လက္တြဲေဖာ္ျဖစ္တဲ့သူ၊ ကိုယ္ခ်စ္ရတဲ့ခ်စ္သူ၊အိမ္ေထာင္ဖက္ စတဲ့သူေတြ ကိုယ့္ဘဝထဲကထြက္သြားမွာကို လူတိုင္းေၾကာက္ၾကပါတယ္။

ဒါေပမယ့္ ကိုယ္ကဘယ္ေလာက္ပဲေၾကာက္ေနေပမယ့္ သူတို႔ေတြ ကိုယ့္အနားကထြက္သြားမယ္ဆိုရင္လည္း တားဖို႔မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့သူေတြအနားကထြက္သြားမွာကို အရမ္းေၾကာက္လြန္းေနတဲ့သူေတြဟာ ဒီအခ်က္ေတြကို မျဖစ္မေနသိထားသင့္ပါတယ္။

(၁) ကိုယ့္ကိုယ္ကိုပထမဦးစားေပးေနရာမွာထားပါ

သင့္အေနနဲ႔သူ႔ကိုဘယ္ေလာက္ခ်စ္ခ်စ္ သင့္ကိုယ္သင္ထက္သူ႔ကိုဦးစားမေပးလိုက္ပါနဲ႔။ သင့္ကိုယ္သင္သာ ပထမဦးစားေပးေနရာမွာထားပါ။ ကိုယ့္ကိုယ္ကိုထက္ တျခားသူကိုပိုခ်စ္လိုက္ရင္ ေနာက္ဆုံးမွာကိုယ္ပဲနာက်င္ရတယ္ဆိုတာကို အၿမဲမွတ္ထားပါ။ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုပထမဦးစားေပးေနရာမွာထားတာက ကိုယ့္ကိုယ္ကိုယုံၾကည္မႈပိုရွိေစပါတယ္။ သင္ခ်စ္ရတဲ့သူက ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိတဲ့သင့္အနားကေန လြယ္လြယ္နဲ႔ထြက္မသြားႏိုင္ပါဘူး။

(၂) အခ်ိန္ေတာ္ေတာ္မ်ားမ်ားတစ္ေယာက္တည္းေနတတ္ေအာင္ေနၾကည့္ပါ

လူတိုင္းကေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႔ အၿမဲမခြဲအတူရွိခ်င္ၾကမွာပါပဲ။ ဒါေပမယ့္ အခ်ိန္တိုင္းသူနဲ႔အတူတူရွိေနတဲ့အခါ သူ႔ကိုတြယ္ကပ္လြန္းတယ္လို႔ယူဆၿပီး စိတ္ကုန္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားတစ္ေယာက္တည္းေနတတ္ေအာင္ ေနၾကည့္ပါ။ သူမရွိရင္မျဖစ္တဲ့ပုံစံမ်ိဳး မလုပ္ပါနဲ႔။

(၃) ဒီလိုအျဖစ္မ်ိဳးေတြႀကဳံရတာကိုယ္တစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ သတိရပါ

တကယ္လို႔ ကိုယ့္ဘက္ကအေကာင္းဆုံးႀကိဳးစားၿပီးေနေပမယ့္ သူက ကိုယ့္အနားကထြက္သြားတယ္ဆိုရင္လည္း ဒါကို ထိန္းခ်ဳပ္လို႔မရပါဘူး။ အနားကထြက္သြားခ်င္တဲ့သူကို ခ်က္ခ်င္းႀကီးလက္လႊတ္ဖို႔ခက္ခဲေပမယ့္လည္း ဒီလိုအျဖစ္မ်ိဳးႀကဳံရတာဟာ ကိုယ့္တစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ သတိရပါ။

(၄) သင္ကသင့္ကိုတကယ္ခ်စ္တဲ့သူနဲ႔ထိုက္တန္တယ္လို႔မွတ္ထားပါ

ကိုယ့္အနားကထြက္သြားခ်င္တယ္ဆိုတာ ကိုယ့္ကိုတကယ္မခ်စ္လို႔ပါ။ ကိုယ့္အနားမွာအၿမဲတမ္းေနရေလာက္ေအာင္ ကိုယ့္ကိုခ်စ္တယ္ဆိုရင္ သူထြက္မသြားပါဘူး။ ဒါကို သိနားလည္လက္ခံၿပီး ထြက္သြားခ်င္တဲ့သူကိုထြက္သြားခြင့္ေပးလိုက္ပါ။ သင္ဟာ သင့္ကိုတကယ္ခ်စ္တဲ့သူတစ္ေယာက္နဲ႔ထပ္မံ ေတြ႕ဆုံဖို႔၊ သင့္ကိုတကယ္ခ်စ္တဲ့သူကိုပိုင္ဆိုင္ရဖို႔ထိုက္တန္ပါတယ္။

written by PP

Unicode

ကိုယ့်အနားမှာနေရတာမပျော်တော့တဲ့လူတစ်ယောက်ကို ထွက်သွားဖို့ခွင့်ပြုလိုက်ပါ

ကျွန်မတို့တွေဟာ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရမှာကြောက်ကြတဲ့သူတွေချည်းပါပဲ။ ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ဘဝထဲမှာ အမြဲတမ်းရှိစေချင်တာပါပဲ။ အထူးသဖြင့် ကိုယ့်ဘဝအတွက်လက်တွဲဖော်ဖြစ်တဲ့သူ၊ ကိုယ်ချစ်ရတဲ့ချစ်သူ၊အိမ်ထောင်ဖက် စတဲ့သူတွေ ကိုယ့်ဘဝထဲကထွက်သွားမှာကို လူတိုင်းကြောက်ကြပါတယ်။

ဒါပေမယ့် ကိုယ်ကဘယ်လောက်ပဲကြောက်နေပေမယ့် သူတို့တွေ ကိုယ့်အနားကထွက်သွားမယ်ဆိုရင်လည်း တားဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေအနားကထွက်သွားမှာကို အရမ်းကြောက်လွန်းနေတဲ့သူတွေဟာ ဒီအချက်တွေကို မဖြစ်မနေသိထားသင့်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုပထမဦးစားပေးနေရာမှာထားပါ

သင့်အနေနဲ့သူ့ကိုဘယ်လောက်ချစ်ချစ် သင့်ကိုယ်သင်ထက်သူ့ကိုဦးစားမပေးလိုက်ပါနဲ့။ သင့်ကိုယ်သင်သာ ပထမဦးစားပေးနေရာမှာထားပါ။ ကိုယ့်ကိုယ်ကိုထက် တခြားသူကိုပိုချစ်လိုက်ရင် နောက်ဆုံးမှာကိုယ်ပဲနာကျင်ရတယ်ဆိုတာကို အမြဲမှတ်ထားပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုပထမဦးစားပေးနေရာမှာထားတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိစေပါတယ်။ သင်ချစ်ရတဲ့သူက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သင့်အနားကနေ လွယ်လွယ်နဲ့ထွက်မသွားနိုင်ပါဘူး။

(၂) အချိန်တော်တော်များများတစ်ယောက်တည်းနေတတ်အောင်နေကြည့်ပါ

လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ အမြဲမခွဲအတူရှိချင်ကြမှာပါပဲ။ ဒါပေမယ့် အချိန်တိုင်းသူနဲ့အတူတူရှိနေတဲ့အခါ သူ့ကိုတွယ်ကပ်လွန်းတယ်လို့ယူဆပြီး စိတ်ကုန်သွားနိုင်ပါတယ်။ ဒါကြောင့် အချိန်တော်တော်များများတစ်ယောက်တည်းနေတတ်အောင် နေကြည့်ပါ။ သူမရှိရင်မဖြစ်တဲ့ပုံစံမျိုး မလုပ်ပါနဲ့။

(၃) ဒီလိုအဖြစ်မျိုးတွေကြုံရတာကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ

တကယ်လို့ ကိုယ့်ဘက်ကအကောင်းဆုံးကြိုးစားပြီးနေပေမယ့် သူက ကိုယ့်အနားကထွက်သွားတယ်ဆိုရင်လည်း ဒါကို ထိန်းချုပ်လို့မရပါဘူး။ အနားကထွက်သွားချင်တဲ့သူကို ချက်ချင်းကြီးလက်လွှတ်ဖို့ခက်ခဲပေမယ့်လည်း ဒီလိုအဖြစ်မျိုးကြုံရတာဟာ ကိုယ့်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ။

(၄) သင်ကသင့်ကိုတကယ်ချစ်တဲ့သူနဲ့ထိုက်တန်တယ်လို့မှတ်ထားပါ

ကိုယ့်အနားကထွက်သွားချင်တယ်ဆိုတာ ကိုယ့်ကိုတကယ်မချစ်လို့ပါ။ ကိုယ့်အနားမှာအမြဲတမ်းနေရလောက်အောင် ကိုယ့်ကိုချစ်တယ်ဆိုရင် သူထွက်မသွားပါဘူး။ ဒါကို သိနားလည်လက်ခံပြီး ထွက်သွားချင်တဲ့သူကိုထွက်သွားခွင့်ပေးလိုက်ပါ။ သင်ဟာ သင့်ကိုတကယ်ချစ်တဲ့သူတစ်ယောက်နဲ့ထပ်မံ တွေ့ဆုံဖို့၊ သင့်ကိုတကယ်ချစ်တဲ့သူကိုပိုင်ဆိုင်ရဖို့ထိုက်တန်ပါတယ်။

written by PP