အများပြည်သူအားလုံး ဖူးမျှော်နိုင်အောင် မျှဝေပေးလိုက်ပါတယ်
သီရိလင်္ကာနိုင်ငံမှ မြတ်ဘုရား ၏ ဆံတော်ရှင်အစစ်ပါ။
ဖူးမြော်ကြည်ညို ကံထူးကံကောင်း နိုင်ကြပါစေ။
အရွယ်သေးသော်လည်း အရေးကြွယ်သည့် ကျွန်းနိုင်ငံ
ဗုဒ္ဓစာပေ ကျမ်းဂန်တို့၌ လင်္ကာဒီပဟုထင်ရှားခဲ့သည့်
ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး
နောက်တွင်ဗုဒ္ဓအယူဝါဒ နေလိုလလို ထွန်းပခဲ့သောကျွန်း ယွန်းဆွမ်းအုပ်၏
ပုံသဏ္ဌာန်ကဲ့သို့ မြေမျက်နှာပြင်ရှိသည်။ မဟာဝံသ ဒီပဝံသခေါ်
ရှေးမှတ်တမ်းများဖြင့် ကျွန်းနိုင်ငံ၏ သမိုင်းများကို ထိန်းသိမ်းလာခဲ့သည်။
သီဟိုဠ်ကျွန်းနှင့် ကျေးကုလားများ ပေါတူဂီနှင့် ဒတ်ချတို့နယ်ချဲ့ပုံ
ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်အဖြစ် အရေးပါပုံတို့ကို တင်ပြထားသည်။
ပြာလဲ့လဲ့ ပင်လယ်ရေပြင်ဖြင့် ဝိုင်းရံလျက်ရှိ၍ စိမ်းစိုသာယာလှပသော
ရှုခင်းတို့ဖြင့် တင့်တယ်ရှုမောဖွယ်ရာဖြစ်သော သီဟိုဠ်ကျွန်းသည်
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။
ထိုကျွန်းသည် ဗုဒ္ဓဝါဒီတို့သာမက အခြားအယူဝါဒီ အမျိုးမျိုး၏
လေးစားမြတ်နိုးခြင်းကို ခံယူရရှိသော ကျွန်းဖြစ်သည်။
ဂေါတမဘုရား သက်တော်ထင်ရှားရှိစဉ်အခါက
လူနေကျွန်း မဟုတ်သေးသော်လည်း လင်္ကာဒီပကျွန်းတွင် နောင်အခါ
ဗုဒ္ဓအယူဝါဒသည် ကောင်းစွာခိုင် ကျည်တည်တံ့လိမ့်မည်ဟု
ဗျာဒိတ်တော်ချမှတ်ကာ ဘုရားရှင် ကိုယ်တော်တိုင် သုံးကြိမ်သုံးခါ
ကြွရောက်တော် မူခဲ့ဖူးသည်ဟူ၍ ဗုဒ္ဓဝါဒီတို့သည်
ထိုကျွန်းအပေါ် လေးစားမြတ်နိုးမှုရှိ ကြလေသည်။
Crd
Unicode
သီရိလင်္ကာနိုင်ငံမှ မြတ်စွာဘုရား ဆံတော်ရှင်အစစ်ပါ ဖူးမျှော်ကြည်ညိုနိုင်ကြပါစေ