အစဉ်ကျန်းမာဖို့_သိထားသင့်သော_အချိန်များ
နံနက် ၅ နာရီမှ ၇ နာရီတွင်
အူမကြီး အလုပ်လုပ်ချိန်ဖြစ်သောကြောင့်
ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး
၀မ်းမှန်မှန် သွားသင့်သည်။
ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား
နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။
နံနက် ၇ နာရီမှ ၉ နာရီအတွင်း
အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင်
နံနက်ခင်းစာ
(Breakfast) အ၀စားသင့်သည်။
နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း
နှလုံး (Heart)အလုပ်လုပ်ချိန်
ဖြစ်သောကြောင့် ထမင်းစားပြီး
ခဏတဖြုတ်အနားယူသင့်သည်။
ညနေ ၁ နာရီမှ ၃ နာရီအတွင်း
အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ
အလေးအပင်များ မ,ခြင်းမှ
ဆင်ခြင်ရန် အထူးလိုအပ်သည်။
ညနေ ၃ နာရီမှ ၅ နာရီတွင်
ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း
အဆိပ်အတောက်များကို
စွန့်ပစ်ချိန် ဖြစ်သောကြောင့်
အနည်းဆုံး ၁ လီတာမှ စ,ပြီး
ရေများများ သောက်ရန် လိုအပ်သည်။
ညနေ ၅ နာရီမှ ၇ နာရီသည်
ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။
ထိုအချိန်တွင် ရေချိုးနေစဉ်
ဆီးသွားခြင်း ရှောင်ပါ။
ကျောက်ကပ်ပျက်စီးလွယ်သည်။
ည ၇ နာရီမှ ၉ နာရီတွင်
နှလုံးအမြှေးပါး အလုပ်လုပ်ချိန်
ဖြစ်သောကြောင့်
စိတ်အပန်းပြေစေသည့်
Entertainment များ၊ ရယ်မောဖွယ်
ဟာသများ စသဖြင့် ကြည့်ရှုခံစား
သင့်သည်။
ည ၉ နာရီမှ ၁၁ နာရီသည်
ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း
(ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန်ဖြစ်သည်။
ည ၁၁ နာရီမှ ၃ နာရီသည်
အသည်း (Liver) အလုပ်လုပ်ချိန်
ဖြစ်သောကြောင့်
၁၁ နာရီထက် နောက်ကျပြီးမအိပ်သင့်ပါ။
သင့်အသည်းကို အနားပေးရန်
လိုအပ်ပါသည်။
ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင်
သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃ နာရီမှ ၅ နာရီထိသည်
အဆုတ်မှ အလုပ်လုပ်ချိန်
ဖြစ်သောကြောင့်
မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သင့်သည်။
{{{သင့်မိတ်ဆွေများကိုလည်း မျှဝေပေးခြင်းဖြင့်လဲ
သင့်၏ချစ်ခြင်းမေတ္တာတရား ထုတ်ဖော်ပြသနိုင်ပါတယ်။}}}
Sein MinThaMee
Credit. ; ပါမောက္ခ ဒေါ်ခင်ဖြူ
Unicode
အစဉ်ကျန်းမာဖို့_သိထားသင့်သော______အချိန်များ
နံနက် ၅ နာရီမှ ၇ နာရီတွင်
အူမကြီး အလုပ်လုပ်ချိန်ဖြစ်သောကြောင့်
ထိုအချိန်အတွင်း အိပ်ရာထကာ ရေတစ်ခွက် အဝသောက်ပြီး
၀မ်းမှန်မှန် သွားသင့်သည်။
ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား
နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။
နံနက် ၇ နာရီမှ ၉ နာရီအတွင်း
အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင်
နံနက်ခင်းစာ
(Breakfast) အ၀စားသင့်သည်။
နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း
နှလုံး (Heart)အလုပ်လုပ်ချိန်
ဖြစ်သောကြောင့် ထမင်းစားပြီး
ခဏတဖြုတ်အနားယူသင့်သည်။
ညနေ ၁ နာရီမှ ၃ နာရီအတွင်း
အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ
အလေးအပင်များ မ,ခြင်းမှ
ဆင်ခြင်ရန် အထူးလိုအပ်သည်။
ညနေ ၃ နာရီမှ ၅ နာရီတွင်
ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း
အဆိပ်အတောက်များကို
စွန့်ပစ်ချိန် ဖြစ်သောကြောင့်
အနည်းဆုံး ၁ လီတာမှ စ,ပြီး
ရေများများ သောက်ရန် လိုအပ်သည်။
ညနေ ၅ နာရီမှ ၇ နာရီသည်
ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။
ထိုအချိန်တွင် ရေချိုးနေစဉ်
ဆီးသွားခြင်း ရှောင်ပါ။
ကျောက်ကပ်ပျက်စီးလွယ်သည်။
ည ၇ နာရီမှ ၉ နာရီတွင်
နှလုံးအမြှေးပါး အလုပ်လုပ်ချိန်
ဖြစ်သောကြောင့်
စိတ်အပန်းပြေစေသည့်
Entertainment များ၊ ရယ်မောဖွယ်
ဟာသများ စသဖြင့် ကြည့်ရှုခံစား
သင့်သည်။
ည ၉ နာရီမှ ၁၁ နာရီသည်
ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း
(ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန်ဖြစ်သည်။
ည ၁၁ နာရီမှ ၃ နာရီသည်
အသည်း (Liver) အလုပ်လုပ်ချိန်
ဖြစ်သောကြောင့်
၁၁ နာရီထက် နောက်ကျပြီးမအိပ်သင့်ပါ။
သင့်အသည်းကို အနားပေးရန်
လိုအပ်ပါသည်။
ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင်
သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃ နာရီမှ ၅ နာရီထိသည်
အဆုတ်မှ အလုပ်လုပ်ချိန်
ဖြစ်သောကြောင့်
မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သင့်သည်။
{{{သင့်မိတ်ဆွေများကိုလည်း မျှဝေပေးခြင်းဖြင့်လဲ
သင့်၏ချစ်ခြင်းမေတ္တာတရား ထုတ်ဖော်ပြသနိုင်ပါတယ်။}}}
Sein MinThaMee
Credit. ; ပါမောက္ခ ဒေါ်ခင်ဖြူ