Health

မြွေဆိပ် နဲ့ အဆိပ်မျိုးစုံ နိုင်တဲ့အပြင် သုတ်ခန်း တဲ့ရောဂါ ဝေဒနာအတွက်ပင့်ကူထိပ်ပိတ်ပင်

မြွေဆိပ် နဲ့ အဆိပ်မျိုးစုံ နိုင်တဲ့အပြင် သုတ်ခန်း တဲ့ရောဂါ ဝေဒနာအတွက်

ပင့်ကူထိပ်ပိတ်ပင် လေးတွေက တစ်နှစ်ခံအပင်လေးတွေပါ

ခြုံရှင်းလိုက်တိုင်း ပါနေကြ အပင်လေးတွေပါ။
ပင့်ကူထိပ်ပိတ် အပင်ကို တစ်နေရာ တစ်မျိုးစီ ခေါ် ကြပါတယ်။

၁ ပင့်ကူထိပ်ပိတ်ပင် ၂ အဆိပ်ပြေပင် ၃ ကြောင်တစ်လွှားပင်
၄ ပန်းသုံးဆင့်ပင် ၅ ပင့်ကူအုပ်ဆောင်းပင် ၆ အချိန်မနှောင်းပင်
၇ ဆံမြိတ်မပြေပင် လို့ခေါ်ကြတာသိရှိရပါတယ်။
အမည်အမျိုးမျိုးရတဲ့ ပင့်ကူထိပ်ပိတ်ပင် ရဲ့အစွမ်း သတ္တိက

မြွေဆိပ် မျိုးစုံနဲ့ သက်ရှိသတ္တဝါအားလုံးရဲ့ အဆိပ်တွေကို
အထူး နိုင်နင်းတယ် ဆိုတာပါပဲ။

မြွေကိုက် တဲ့လူနာကို ပင့်ကူထိပ်ပိတ်အရွက်တွေကို ရသလောက်
အရည်ညှစ်ပြီး တိုက်လည်းတိုက် နှာခေါင်းထဲလည်း အစက်ချပေးရင်
မြွေဆိပ်တွေကို ပြေကျစေတတ် ပါတယ်။

အရေပြားယားနာ တွေကို အရွက်သတ္တုရည် လိမ်းပေးရင်
ဝေဒနာ သက်သာစေပါတယ်။ အဆစ်ရောင်ရောဂါအတွက် သူ့အရည်ကိုပဲ
ပိတ်ချင်းသီး အမှုန့်အနည်းငယ်နဲ့ရော သောက်ရင် အဆစ်ရောင်
ရောဂါ သက်သာပျောက်ကင်းစေ ပါတယ်။ ကိုယ်သား ကိုယ်ရေ ဝါရောဂါနဲ့

သုတ်ခန်းတဲ့ရောဂါ တွေအတွက် သူ့အရွက် အသီးအပွင့် တွေကိုပြုတ်စား
သုပ်စား ချက်စားရင် သက်သာစေသလို အပင်ကိုပြုတ်ပြီး သကြားခပ်သောက်
အရည်ညှစ်ပြီး သကြားခပ်သောက် အမြစ်သွေးရည်ကို
သကြား ခပ်သောက်ရင်ပဲ ဖြစ်ဖြစ်သက်သာစေပါတယ်။

မှတ်ချက် ဆေးရည်တွေကို အလွန်အကျွံ မသောက်ဖို့တော့ သတိထားပါ။
အဆိပ်ပြေတဲ့ အပင်များဟာ သွေးပေါင်ကျတတ်လေ့ ရှိပါတယ်။

Crd

Unicode