Local News

ဗိုက်မဝလို့ ဟင်းခိုးစားမိရာက သခင်ဖြစ်သူရဲ့ မျက်လုံးဖောက်ခြင်းခံခဲ့ရတဲ့ သနားစရာကြောင်လေး

ချစ်ရတဲ့ ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့

တကယ်ကို စိတ်မကောင်းစရာ မြင်တွေ့ခဲ့ရတဲ့ ကြောင်လေးတစ်ကောင်ရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ကြောင်လေးတွေဟာ သခင်ကိုအရမ်းတွယ်တာပြီး ချစ်စဖွယ်အမူအရာလေးတွေလည်း လုပ်ပြတတ်ပါသေးတယ်။

သူတို့လေးတွေကို အရေးမစိုက်တဲ့အခါ ကြောင်လေးတွေဟာ အသံပေးပြီး ဂရုစိုက်လာအောင် ပြုလုပ်တတ်ကြပါသေးတယ်။

စိတ်ဆိုးစိတ်ကောက်တဲ့အခါဆို ချော့မရလောက်အောင် ကောက်ကြတဲ့ ကောက်တေးလေးတွေပါနော်။

တချို့သော ကြောင်လေးတွေကျတော့ ကံအရမ်းဆိုးကြပါတယ်။

လမ်းဘေးကြောင်လေးတွေဟာ ကိုယ်ရှာမှ ကိုယ်စားရပြီး လူတွေရဲ့ အကန်ခံရ ဂဲနဲ့အပေါက်ခံရနဲ့တစ်ခါတစ်လေ လမ်းမပေါ်မှာ ကားတွေ ဆိုင်ကယ်တွေနဲ့ တိုက်မိတာတွေတောင် ရှိပါသေးတယ်။

သူတို့လေးတွေကျတော့ တကယ်ကို သနားစရာကောင်းပါတယ်။

ယခုပြောပြပေးမှာကတော့ သခင်လည်းရှိ လမ်းဘေးကြောင်လည်း မဟုတ်ပေမယ့် ကံအတော်ဆိုးရှာပါတယ်။

ကြောင်လေးတွေဟာ စပ်စုတတ်ကြပြီး တစ်ခါတစ်လေ သူတို့အစာစားတဲ့အခါ ဗိုက်မဝတဲ့အခါ အိမ်မှာရှိတာတွေကို ယူစားတတ်ကြပါတယ်။

ဒါကို လူတွေအမြင်နဲ့ ပြောရရင်တော့ ခိုးစားတာပေါ့လေ။

ယခု ပုံမှာ ပြထားတဲ့ကြောင်လေးဟာ သခင်ဖြစ်သူကျွေးတဲ့ အစာဟာ သူ့အတွက် ဗိုက်မဝလို့အုပ်စောင်းထဲရှိ ဟင်းကို ခိုးစားမိလို့ အပြစ်ပေးတာတဲ့လေ။

တခြားအပြစ် ပေးစရာမရှိတော့ဘူးလား။ ဘယ်လောက်တောင် နာကျင် ခံစားနေရမလဲနော်။

အသေသတ်ရင်လည်း သတ်လိုက်တာမဟုတ် အရှင်လတ်လတ်နဲ့ ခံစားနေရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။

ပုံထဲကကြောင်လေးဟာ မျက်လုံးအဖောက်ခံထားရတော့ သွေးတွေတစ်စိမ့်စိမ့်စီးကျနေပြီး ပါးစပ်ထဲတောင် သွေးတွေဝင်နေတာပဲ ဖြစ်ပါတယ်။

တချို့လူတွေဟာ ကိုယ်ချစ်လို့ မွေးထားပေမယ့် သည်းမခံတတ်ကြဘူး။

အပြစ်နည်းနည်းလုပ်ရင် များများဒဏ်ခတ်ကြပါတယ်။

ပြီးတော့ ကံကံ၏အကျိုးလည်းမသိ ဝဋ်လည်မှာလည်း မကြောက်ကြတော့ ပိုဆိုးတာပေါ့။

ဒီကလေးလေး ဘယ်လောက်တောင် ကံဆိုးလိုက်သလဲနော်။ ပုံလေးကြည့်ရင်း သနားလွန်းလို့ မျက်ရည်တောင်ကျမိတယ်။

သည်းမခံတတ်ကြရင်လည်း မမွေးကြပါနဲ့လား။ အခုတော့ သူ့အဖြစ်လေးကိုကြည့်ပြီး ရင်ထဲမှာစို့နေရော။

ဖတ်ရှု့ခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း အခြားသောကြောင်လေးတွေလည်း ပုံထဲက သနားစရာ ကြောင်လေးလို မဖြစ်စေဖို့ ဝိုင်း share ပေးကြပြီး မှတ်ချက်လေးတွေလည်း ရေးသားခဲ့ကြပါဦးနော်။

လူတွေဟာ တဖြည်းဖြည်းနဲ့ အကြင်နာတရား မရှိတော့သလို ကြောက်စရာကောင်းလာကြပြီ။

ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

နတ်မောက်ချစ်ထူး Crd

Unicode