Knowledge

ဘုန်းတန်ခိုးကြီးလွန်းသောကြောင့် အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် ပြန်ပို့ခိုင်းခဲ့ရသော ပြည်တော်ပြန်ဘုရားကြီး

မဟာသက္ကရာဇ် ၁၁၃ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသည်ရခိုင်ပြည့်ရှင်ဘုရင် စန္ဒသူရိယမင်းပင့်ဖိတ်မှုကြောင့်

ညီတော်အာနန္ဒာနှင့်တကွ ငါးရာသောရဟန္တာများခြံရံလျှက်ဓညဝတီသို့ ကောင်းကင် ခရီးမှကြွချီတော်မူခဲ့ပေသည်။

မြတ်စွာဘုရားရှင်သည်စန္ဒသူရိယမင်းအားမင်းကျင့်တရားဆယ်ပါးနှင့်ဒါနကထာစသောတရားများကိုဟောကြားတော်မူလေသည်။

တရားတော်ကိုဟောကြားတော်မူရသော ပြည်သူပြည်သား များသည်လဲ သူတော်ကောင်း တရားများကို သရဏဂုံဆောက်တည်ကြလေသည်။

မြတ်စွာဘုရားသည်အခြားသောဝေနေယျတို့အားတရားရေအေးတိုက်ကျွေးရန်ဓညဝတီမြှပန်လည်ကြွချီရပေမည်။

စန္ဒသူရိယမင်းသည်လည်း မြတ်စွာဘုရားအား ကိုယ်စားတော်ပုံသွင်းကို သွန်းလုပ်ကိုးကွယ်ခွင့် ပြုတောင်းပန်လျှောက်ထားလေသည်။

မြတ်စွာဘုရားသည်လည်း အသင်ဒါကာ၏ ဆန္ဒကိုလည်းဖြည့်ကာငါဘုရားသာသနာတော်အဓွန့်ရှည်ရန် ကိုယ် စားရုပ်ပွားတော် ထားခဲ့ပေအံ့ဟု ခွင့်ပြုတော် မူခဲ့သည်။ထိုနောက်စန္ဒသူရိယမင်းသည် သီရိဂုဏ်တောင်ပေါ်တွင်ခုနှစ်ရက်တိုင်ခမ်းနားစွာကျင်းပခဲ့လေသည်။

ဘုရှားရှင်သည် သိကြားမင်းနှင့် ဝိသကြုံ နတ်သားတို့ကို ခေါ်ယူကာငါကိုယ်တော်နှင့်အတိုင်းအရှည် ပမာဏညီမျှမှန်ကန်သောရုပ်ရှင်တော်မြတ်အား သွန်းလုပ်စေဟုမိန်ကြားခဲ့လေသည်သွန်းလုပ်ပီးသောအခါဘုရားရှင်သည် ရင်ငွေ့တော်ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟုဘွဲ့တော်ထင်ရှားခဲ့ပါတယ်။

မင်းအဆက်ဆက်ကိုးကွယ်ရာဆုတောင်းပြည့်ခဲ့သောကြောင့်ဆုတောင်းပြည့်ဘုရားဟုဘွဲ့တော်တစ်ခုထပ်တိုးလေခဲ့ပေသည်။

ထို့နောက်အောက်မြန်မာပြည်ကိုအင်္ဂလိပ်နယ်ချဲ့တို့သိမ်းယူပြီးကြေးဆင်းတု တော်အမြောက်အများနှင့် ကြေးအိုး ၊ကြေးခွက်အစအနတေအပြင် မဟာမုနိဘုရားကြီးပါမကျန်သိမ်းပိုက်ခဲ့သည်။

ဇလွန်မြို့မာရ်အောင်မြင်ဘုရားကိုပါသိမ်းယူပြီးဆာဂျွန်ဆင် ဆိုသူကုလားဖြူဗိုလ်က ရွှေဆင်ဆိုသော သင်္ဘောဖြင့်တင်ယူသွားခဲ့ပါတယ်။

အင်္ဂလန်ပြည် ရောက်ချိန် အရည်ကျိုရန် ပြင်ဆင်ကာမှ အလုပ်သမားများ အကြောင်းမရှိ ဖျားနာသေဆုံးကြပြီး အင်္ဂလန်ဘုရင်မကြီးပါ ကုမရသော ခေါင်းကိုက်ဝေဒနာ ဖြစ်လာသောကြောင့် မြန်မာပြည်အမြန်ပြန်ပို့ခဲ့ရသည်။Credit-Original Uploader

Unicode