Knowledge

ကုသိုလ်ရအောင် နေနည်း

`ကုသိုလ်ရအောင် နေနည်း

၁။ မိမိစိတ်ကို အမြဲတမ်းကုသိုလ်စိတ် ဖြစ်စေရမယ်ဆိုပြီးတော့ သန္နိဋ္ဌာန်ချထားလိုက်ပါ။

၂။ စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးညွတ်စေရမယ်။

၃။ ကုသိုလ်စိတ်ကို အမြဲတမ်း လေ့ကျင့်ပေးရမယ်။

၄။ အဲဒီအချက်တွေနဲ့ ယောနိသောမနသိကာရ ထားနိူင်ရမယ်။

အဲဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ အမြဲတမ်း ကုသိုလ်စိတ်ဖြစ်နေမယ်။

ကုသိုလ်တွေများလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရလာမယ်။

ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေ ရရှိမယ်။ နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုးကို ခံစားရမယ်။

နှစ်ဖက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့ ဒီလိုကုသိုလ်မျိုး များများရအောင် ကျင့်ယူရမယ်။

`ပါချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
စကားလက်ဆောင် တရားလက်ဆောင်-၁၂
Credit : Original Uploader