Knowledge

စွန်းလွန်းဦးမဏိသာရ ( ရဟန္တာ ) အားမီးရှို့သတ်ကြခြင်း

စွန်းလွန်းဦးမဏိသာရ
( ရဟန္တာ ) အားမီးရှို့သတ်ကြခြင်း

စွန်းလွန်းဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်အခါက လူဆိုလူမိုက်ကြီး ဦးမြမောင်ဆိုတဲ့သူသည် သတိသံဝေဂရကာ ဆရာတော်ကြီးထံ ရဟန်းအဖြစ် ခံယူလျက် ဝိပဿနာတရားများ ရှုပွားရာ ခုနစ်ရက်မျှဖြင့် ရဟန်းကိစ္စပြီးတော်မှု သည် ။

တစ်နေ့ ည ၁၁ နာရီခွဲခန့် ကုဋီသို့သွား
တော်မူတဲ့အခါ အသင့်စောင့်နေတဲ့ လူဆိုများကဦးမဏိသာရ ( ဦးမြမောင် ) အားဖမ်းဆီးပြီး ဂူအတွင်းသို့ ယူဆောင်သွား၏ ။

ပါးစပ်အတွင်း
အဝတ်များပိတ်ဆို့ကာ ကြိုးများတုပ်လျက်အရှင်လတ်လတ်မီးရှိ့ကြ၏ ။ ပါးစပ်အတွင်းအဝတ်များပိတ်ဆို့ထားသဖြင့် နှုတ်ဖြင်းအကူအညီ တောင်း၍ မရသဖြင့် စွန်းလွန်းဆရာတော်ကြီး
အား မနောဖြင့် လျှောက်ထားကာ သမာပတ်ဝင်စား၍ နေတော်မူ၏ ။

ထိုအကြောင့်ကို
ဆရာတော်ကြီးသိတော်မှုသဖြင့် စည်းများ တုံးမောင်းများ ကုလားတက်များ တီးခိုင်တော်မှုရာ ဂူအတွင်း တရားထိုင်နေကြတဲ့ ယောဂီများ အထိပ်တလန့် ဖြစ်ကုန်ကြ၏ ။

ဂူအပြင်သို့ ထွက်ကြည့်ရာ ရဟန်းတစ်ပါးတရားဝင်နေတဲ့ ဂူအတွင်းမီးများတောက်လောင်နေသည်ကို တွေ့မြင်ရသဖြင့် ဝိုင်းဝန်းကာမီးငြှိမ်းသတ်လိုက်ရ၏ ။

ဦးမဏိသာရကား မီးရှို့ခံရစဉ် သမာပတ်ဝင်စားနေသဖြင့် မီးအပူရှိန် အဟပ်ခံရသည်မှအပ မည်သည့်ဒဏ်ရာမျှမဖြစ် ။ ဤကား ပထမအကြိမ် ဝဋ်ကြွေး ပေးဆပ်ရခြင်းဖြစ်၏ ။

ဒုတိယအကြိမ်တွင်ကား မနာလိုဝန်တိုသူများက ဖမ်းဆီးပြီး ဓားနှင့်ဝိုင်းခုတ်ခြင်း ခံရပြန်၏ ။

သည်းခံပြီး သမာပတ်ဝင်စားနေသဖြင့် ကြီး ကျယ်တဲ့ဒဏ်ရာများမရဘဲ မဖြစ်စလောက် မြက်ရှမျှသာ ဒဏ်ရာရ၏ ။

တတိယအကြိမ်
တွင်ကား မြင်းခြံနယ် ဆီမီးကန်ရွာမှာ ဝါဆိုဝါကပ်စဉ် လူဆိုးများ၏ ဂူပိတ်မီးရှို့ခြင်းခံရပြန်၏ ။ အသက်မသေ လွတ်မြောက်ခဲ့ပြန်၏ ။ စွန်းလွန်းဆရာတော်ကြီးက

ဦးဇင်း သူ့အကြွေးရှိရင် ဆပ်လိုက်ပါကိုယ်က လုပ်ခဲ့မိပြီကိုး ဟုသာ မိန့်တော်မှု၏ ။

ဦးမဏိသာရကား မိမိဝဋ်ကြွေးအကြောင်းကိုမိမိကိုယ်တိုင်ဆင်ခြင်၍ သိပြီးဖြစ်သဖြင့်အထူးမတုန်လှုပ် ဓမ္မသံဝေဂယူကာတရားနှလုံးသွင်းတော်မှု၏ ။
ဦးမဏိသာရကား ဝဋ်ကြွေးကြီးသလောက် သမာဓိအားကောင်းတော်
မှုတဲ့ အံ့ဖွယ်ရဟန္တာတစ်ဆူဖြစ်တော်မှု၏ ။

ထိုဦးမဏိသာရအလောင်း ဦးမြမောင်ကားလူ့ဘဝက အလွန်ဆိုးပေတဲ့သူ ဖြစ်ခဲ့၏ ။
ဇနီးမယား ခုနစ်ယောက်ယူ၏ ။ ဇနီးများအားလည်း နှိပ်စက်လေ့ရှိသည့်အပြင် မိမိဇနီးများနှင့်သင်္ကာမကင်းသူများကိုလည်း ချမ်းသာမပေး
သတ်ဖြတ်လေ့ရှိ၏ ။

ဦးမြမောင်သည် လူ့ဘဝက လှည်းအငှားလိုက်စားပြီး အသက်မွေး၏ ။နွားများကိုလည်း အလွန် နှိပ်စက်ခဲ့၏ ။ လှည်းတိုက်ရာတွင် ဝန်နှင့်အားမမျှ၍ ကုန်းအတက်တွင်နွားများ မရုန်းနိုင်ဘဲလဲကျ၏ ။

ဦးမြမောင်ကား သနားခြင်းကရုဏာကင်းမဲ့စွာဖြင့် ဆဲဆိုကြိမ်းမောင်းလျက် နွားများအား တုတ်နှင့် တအားရိုက်၏ ။
ဝန်အလေးချိန်ကြောင့် နွားများမထနိုင်သည်ရှိသော် ကောက်ရိုးများကို နွားအပေါ်စုပုံပြီးမီးဖြင့် တိုက်ခဲ့၏ ။

ယခု နောက်ဆုံးဘဝတွင် မိမိ ဝဋ်ကြွေးများခံရသည်မှာ မိမိပြုလုပ်ခဲ့တဲ့ ထို အကုသိုလ်ကံများကြောင့်သာဖြစ်ကြောင့် ကိုယ်တိုင်လည်းသိတော်မှု၏ ။ စွန်းလွန်းဆရာတော်ကြီးက
လည်း သိရှိတော်မှု၍ အထက်ပါအတိုင်း
မိန့်တော်မှုခြင်းဖြစ်၏ ။ အလားတူ စွန်းလွန်းဆရာတော်ကြီးလည်း မီးရှို့ခံရဖူး၏ ။

ညခုနစ်နာရီအချိန်လောက်တွင် ရွာနီးကျောင်း ဘုန်းကြီးတစ်ပါးလာပင့်သဖြင့် လိုက်ပါသွားရ၏ ။

အတော်ဝေးတဲ့ လယ်ကွင်းတစ်နေရာသို့
ရောက်တဲ့အခါ

ကိုယ်တော် ရဟန္တာဟုတ် မဟုတ် သိရောပေါ့ဟု ပင့်လာတဲ့ ဘုန်းကြီးကပြော၏ ။ ဒကာတစ်ဦးက ရေနံဆီပုံးကိုဖွင့်သဖြင့် ရေနံဆီအနံတဲ့အခါ မိမိအား မီးရှို့တော့မည်ကိုသိသဖြင့်
တစ်နာရီအတွင်း ငါ၏ ခန္ဓာကိုယ် မပျက်စီးပါစေသတည်း ဟု အဓိဋ္ဌာန်ပြီး နိရောဓသမာပတ် ဝင်စားတော်မှု၏ ။

ရေနံဆီလောင်း၍မီးရှို့ခံရသော်လည်း ဆရာတော်ကြီးကားဘာမှမဖြစ် ပကတိအတိုင်းသာရှိ၏ ။ဝဋ်ကြွေးရှိ၍ ခံကြရခြင်းသာဖြစ်၏ ။

မည်သူ့ကိုမျှ အပြစ်ဆိုဖွယ်ရာမရှိ
ကိုယ်ပြုခဲ့သမျှ ကိုယ်ခံရသည်သာ ။
ဘုရား ရဟန္တာများတောင်မှ ဝဋ်ကြွေးရှိကကျေအောင် ဆပ်ကြရပါ၏ ။

အကုသိုလ်ဝဋ်ကြွေးဟူသည် ရှောင်မလွတ် ပြေးမလွတ်မဆပ်ဘဲမနေရ တစ်နေ့တစ်ချိန်မှာအတိုးရော အရင်းပါ ဆပ်ကြရသည် သာ ဖြစ် ၏ ။🙏💐🙏💐🙏💐
Credit
ကူးယူဖော်ပြ-

Unicode