Love

သစ္စာ၊မေတ္တာ၊နားလည်နိူင်မှုတွေ မရှိရင်အိမ်ထောင်ဆိုတာ လွတ်ရက်မရှိ ထောင်တစ်ခုလိုပဲချောင်ပိတ်မိနေပါလိမ့်မည်

ချစ်သူကောင်းဖြစ်ရုံ နဲ့ ခင်ပွန်းကောင်းဖြစ်နိူင်ပြီလား…

ချစ်လို့အရာရာကို အလျော့ပေးတတ်တဲ့အချိန်ဆိုတာ ချစ်သူဘဝ သာယာချိန်လေးပဲရှိတာပါ။ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေတဖြည်းဖြည်းစလာပါလိမ့်မယ်။အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ မဆိုလိုပါဘူး။ရှိတော့ရှိတယ်ရှားပါတယ်။

ချစ်သူဘဝမှာတောင် ချစ်သူကောင်းမပီသနိူင်တဲ့ ယောက်ျားတစ်ယောက်ကို
အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိခဲ့တဲ့
မိန်းမသားဆိုတာ လောကမှာကံအဆိုးဆုံးသူပဲဖြစ်နေမှာပါ။အချိန်တွေ ကြာလာတာနဲ့အမျှ သူ့အကြောင်းကိုယ်သိ၊ကိုယ့်အကြောင်းသူသိခဲ့ပြီပဲ ဘယ်အရာတွေကိုအလျော့ပေးပြီး ဘယ်အရာတွေမှာတင်းရမလဲဆိုတာ ချစ်သူအချင်းချင်းညှိနှိုင်းလို့ရတဲ့အခြေအနေတစ်ခုပါ။

သို့ပေမယ့်အချိန်တွေသာကြာသွားခဲ့တယ်ကိုယ့်ဘက်ကပဲအရာရာကိုအလျော့ပေးခဲ့တာမျိုး၊နားလည်ပေးခဲ့တာတွေများနေခဲ့လျှင်တော့ ဘယ်လောက်ထိချစ်နေပါစေနောက်ဆုတ်ဖို့အချိန်တွေရှိသေးတဲ့အတွက်စဉ်းစားစေချင်ပါတယ်။

ချစ်သူကောင်းဖြစ်ရုံနဲ့အိမ်ထောင်ဖက်ကောင်းမဖြစ်နိူင်သလို ရုပ်ချောပြီးဝင်ငွေကောင်းကောင်းရှာနိူင်တဲ့ ယောက်ျားတိုင်းကို အိမ်ထောင်ဖက်ကောင်းလို့မတွေးစေချင်ဘူး။သစ္စာ၊မေတ္တာ၊နားလည်နိူင်မှုတွေ မရှိရင်အိမ်ထောင်ဆိုတာ လွတ်ရက်မရှိ ထောင်တစ်ခုလိုပဲချောင်ပိတ်မိနေပါလိမ့်မည်။

ဒါကြောင့်အိမ်ထောင်ပြု၊ဘုရားတည်၊ဆေးမှင်ရည်စုတ်ထိုးဤသုံးသုံးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်သည့်အမျိုးဆိုတဲ့ ဆိုရိုးစကားအတိုင်း နောင်တတွေနဲ့ဘဝကိုမဖြတ်သန်းချင်လျှင် မိမိရဲ့ချစ်သူက အနာဂတ်ရဲ့ခင်ပွန်းကောင်း ဖြစ်နိူင်၊မဖြစ်နိူင်ကိုဘဝတစ်လျှောက်လုံးလက်တွဲသွားရမယ့်မိမိကိုယ်တိုင် မိမိရဲ့စိတ်ကိုမညာစတမ်းဝေဖန်သုံးသပ်ရွေးချယ်မမှားဖို့လိုအပ်ပါတယ်။
MayHsu(ရာမညမြေ)

Unicode