Love

စိတ္ထိခိုက္ၿပီး ဝမ္းနည္းလြယ္တဲ့ ေကာင္မေလးေတြဖတ္ဖို႔

စိတ္ထိခိုက္ဝမ္းနည္းၾကတယ္ဆိုတာက စကားလုံးေတြအေပၚမွာ လိုက္ခံစားလို႔ပါ။ ဟိုလူက ဒီလိုေျပာလို႔ ဒီလူက ဟိုလိုေျပာလို႔ဆိုတဲ့ စကားလုံးေတြကို ေတြးၿပီး ဝမ္းနည္းေနတာမ်ိဳးပါ။

တစ္ခုခုဆို ဝမ္းနည္းလြယ္တယ္၊ စိတ္ထိခိုက္လြယ္တဲ့ ေကာင္မေလးေတြ ရွိၾကလား။ ဘယ္ကိစၥမဆိုႀကဳံလာရင္ တစ္ေယာက္တည္း အေတြးေပါင္းစုံနဲ႔ စိတ္ထိခိုက္ၿပီး ငိုေနတတ္ တဲ့ သူမ်ိဳးဆိုတာ ကိုယ့္ရဲ႕စိတ္ေတြ တကယ္မႀကံ့ခိုင္ေသးလို႔ပါ။ လူရယ္လို႔ ျဖစ္လာရင္ စိတ္ထိခိုက္စရာ ဝမ္းနည္းစရာေတြ ႀကဳံရမွာ ထုံးစံဆိုေပမယ့္ အရာရာတိုင္းကို ခပ္လြယ္လြယ္ ဝမ္းနည္းလိုက္လို႔ေတာ့ မရဘူးေလ။ ဒီေတာ့ စိတ္ဓါတ္သန္မာလာေအာင္ ႀကိဳးစားရမွာေပါ့။ ဘာေတြ လုပ္လို႔ရမလဲ ဖတ္ၾကည့္ရေအာင္။

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိပါ

စိတ္ဓါတ္သန္မာ ႀကံ့ခိုင္တဲ့သူေတြကို လိုက္ၾကည့္လိုက္ပါ။ အမ်ားစုက ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အျပည့္ပါပဲ။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အျပည့္ရွိတဲ့သူေတြက စိတ္ထိခိုက္ ဝမ္းနည္းတာမ်ိဳး ေတာ္႐ုံ မျဖစ္ၾကပါဘူး။ ခ်စ္တို႔ ရင္ဆိုင္ရတဲ့ ကိစၥတိုင္းမွာ ေျဖရွင္းႏိုင္မယ္လို႔သာ ကိုယ့္ကိုယ္ကို ယုံၾကည္ထားလိုက္ပါ။

ဝမ္းနည္းေနတဲ့ ေကာင္မေလး မျဖစ္ေစဖို႔
အရာရာတိုင္းကို ခပ္လြယ္လြယ္ ဝမ္းနည္းလိုက္လို႔ေတာ့ မရဘူး

မေၾကာက္႐ြံ႕ပါနဲ႔

စိတ္ထိခိုက္ဝမ္းနည္းလြယ္တယ္ဆိုတာ ေသခ်ာေအာင္ ေျပာရရင္ ေၾကာက္႐ြံ႕ျခင္းကို အေျခခံတာပါပဲ။ ေၾကာက္ေၾကာက္႐ြံ႕႐ြံ ျဖစ္ေနတယ္ မရင္ဆိုင္ရဲဘူးဆိုရင္ အလိုလိုဝမ္းနည္းတဲ့စိတ္ႀကီး ျဖစ္ေနမွာ ေသခ်ာသေလာက္ပါ။ ဒီေတာ့ ေၾကာက္႐ြံ႕မႈေတြကို ဘယ္လိုရင္ဆိုင္မလဲဆိုတာပဲ ေတြးထားပါ။ အလုပ္မွာပဲျဖစ္ျဖစ္ လူမႈေရးနယ္ပယ္မွာပဲ ျဖစ္ျဖစ္ ေၾကာက္႐ြံ႕လြန္းတာက စိတ္ထိခိုက္ရတာေတြ ျဖစ္လာႏိုင္ပါတယ္။

အေတြးလြန္တာေတြ ျပင္ပါ

စိတ္ထိခိုက္ၿပီး ဝမ္းနည္းလြယ္လြန္းတာေတြက အေတြးလြန္တာကေန ေရာက္လာတယ္လို႔ ေျပာလို႔ ရပါတယ္။ ဟိုဟိုဒီဒီေတြ ေလွ်ာက္ေတြးၿပီး အားငယ္ဝမ္းနည္းတာမ်ိဳးေလ။ ဒါေတြကို ေက်ာ္ျဖတ္ဖို႔အတြက္ အေတြးလြန္တာေတြ ရပ္တန႔္ပစ္ပါ။ တစ္ခုခုကို အေတြးလြန္ေနၿပီလို႔ သတိရတာနဲ႔ အာ႐ုံေျပာင္းပစ္လိုက္ပါ။

အေတြးေတြ မလြန္ပါေစနဲ႔

ဝမ္းနည္းလြယ္လြန္းတာေတြက အေတြးလြန္တာကေန ေရာက္လာတယ္လို႔ ေျပာလို႔ ရပါတယ္

စကားလုံးေတြကို ခံစားတာေတြ ေရွာင္ပါ

အမ်ားစု စိတ္ထိခိုက္ဝမ္းနည္းၾကတယ္ဆိုတာက စကားလုံးေတြအေပၚမွာ လိုက္ခံစားလို႔ပါ။ ဟိုလူက ဒီလိုေျပာလို႔ ဒီလူက ဟိုလိုေျပာလို႔ဆိုတဲ့ စကားလုံးေတြကို ေတြးၿပီး ဝမ္းနည္းေနတာမ်ိဳးပါ။ ဘယ္လိုစကားလုံးမ်ိဳးပဲ ေျပာေျပာ လိုက္ခံစားၿပီး ဝမ္းနည္းေနတာမ်ိဳး ေရွာင္ပါ။ ေျပာၿပီးၾကားၿပီး အဲဒီေနရာမွာပဲ ထားခဲ့ပါ။ တႏုံ႔ႏုံ႔ ခံစားေနတာမ်ိဳး မလုပ္ပါနဲ႔။

ဖန္တီးႏိုင္စြမ္းရွိပါ

ကိုယ့္စိတ္မွာ မထိခိုက္ဖို႔နဲ႔ ဝမ္းနည္းလြယ္တာေတြ မျဖစ္ဖို႔အတြက္ အေပၚမွာ ေျပာခဲ့သလို ကိုယ့္ကိုယ့္ကို ယုံၾကည္မႈ ရွိဖို႔ လိုပါတယ္။ ယုံၾကည္မႈေတြ ရွိဖို႔အတြက္လည္း ကိုယ္တိုင္ဖန္တီးႏိုင္စြမ္းေတြ၊ အစြမ္းအစေတြ ရွိေနဖို႔ လိုပါတယ္။ ဒါမွလည္း စိတ္ဓါတ္ခိုင္မာသူ ျဖစ္မွာေပါ့။ အလုပ္နဲ႔ လူမႈေရးေတြမွာ ဖန္တီးႏိုင္စြမ္း ရွိေနပါေစ။

ခ်စ္တို႔ေရ စိတ္ထိခိုက္လြယ္ၿပီး ဝမ္းနည္းတတ္တဲ့ ေကာင္မေလး မျဖစ္ဖို႔ ဒီအခ်က္ေလးေတြ သိထားေပးေနာ္။

Credit – marry

Unicode

စိတ်ထိခိုက်ပြီး ဝမ်းနည်းလွယ်တဲ့ ကောင်မလေးတွေဖတ်ဖို့

စိတ်ထိခိုက်ဝမ်းနည်းကြတယ်ဆိုတာက စကားလုံးတွေအပေါ်မှာ လိုက်ခံစားလို့ပါ။ ဟိုလူက ဒီလိုပြောလို့ ဒီလူက ဟိုလိုပြောလို့ဆိုတဲ့ စကားလုံးတွေကို တွေးပြီး ဝမ်းနည်းနေတာမျိုးပါ။

တစ်ခုခုဆို ဝမ်းနည်းလွယ်တယ်၊ စိတ်ထိခိုက်လွယ်တဲ့ ကောင်မလေးတွေ ရှိကြလား။ ဘယ်ကိစ္စမဆိုကြုံလာရင် တစ်ယောက်တည်း အတွေးပေါင်းစုံနဲ့ စိတ်ထိခိုက်ပြီး ငိုနေတတ် တဲ့ သူမျိုးဆိုတာ ကိုယ့်ရဲ့စိတ်တွေ တကယ်မကြံ့ခိုင်သေးလို့ပါ။ လူရယ်လို့ ဖြစ်လာရင် စိတ်ထိခိုက်စရာ ဝမ်းနည်းစရာတွေ ကြုံရမှာ ထုံးစံဆိုပေမယ့် အရာရာတိုင်းကို ခပ်လွယ်လွယ် ဝမ်းနည်းလိုက်လို့တော့ မရဘူးလေ။ ဒီတော့ စိတ်ဓါတ်သန်မာလာအောင် ကြိုးစားရမှာပေါ့။ ဘာတွေ လုပ်လို့ရမလဲ ဖတ်ကြည့်ရအောင်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ

စိတ်ဓါတ်သန်မာ ကြံ့ခိုင်တဲ့သူတွေကို လိုက်ကြည့်လိုက်ပါ။ အများစုက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူတွေက စိတ်ထိခိုက် ဝမ်းနည်းတာမျိုး တော်ရုံ မဖြစ်ကြပါဘူး။ ချစ်တို့ ရင်ဆိုင်ရတဲ့ ကိစ္စတိုင်းမှာ ဖြေရှင်းနိုင်မယ်လို့သာ ကိုယ့်ကိုယ်ကို ယုံကြည်ထားလိုက်ပါ။

ဝမ်းနည်းနေတဲ့ ကောင်မလေး မဖြစ်စေဖို့
အရာရာတိုင်းကို ခပ်လွယ်လွယ် ဝမ်းနည်းလိုက်လို့တော့ မရဘူး

မကြောက်ရွံ့ပါနဲ့

စိတ်ထိခိုက်ဝမ်းနည်းလွယ်တယ်ဆိုတာ သေချာအောင် ပြောရရင် ကြောက်ရွံ့ခြင်းကို အခြေခံတာပါပဲ။ ကြောက်ကြောက်ရွံ့ရွံ ဖြစ်နေတယ် မရင်ဆိုင်ရဲဘူးဆိုရင် အလိုလိုဝမ်းနည်းတဲ့စိတ်ကြီး ဖြစ်နေမှာ သေချာသလောက်ပါ။ ဒီတော့ ကြောက်ရွံ့မှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာပဲ တွေးထားပါ။ အလုပ်မှာပဲဖြစ်ဖြစ် လူမှုရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ် ကြောက်ရွံ့လွန်းတာက စိတ်ထိခိုက်ရတာတွေ ဖြစ်လာနိုင်ပါတယ်။

အတွေးလွန်တာတွေ ပြင်ပါ

စိတ်ထိခိုက်ပြီး ဝမ်းနည်းလွယ်လွန်းတာတွေက အတွေးလွန်တာကနေ ရောက်လာတယ်လို့ ပြောလို့ ရပါတယ်။ ဟိုဟိုဒီဒီတွေ လျှောက်တွေးပြီး အားငယ်ဝမ်းနည်းတာမျိုးလေ။ ဒါတွေကို ကျော်ဖြတ်ဖို့အတွက် အတွေးလွန်တာတွေ ရပ်တန့်ပစ်ပါ။ တစ်ခုခုကို အတွေးလွန်နေပြီလို့ သတိရတာနဲ့ အာရုံပြောင်းပစ်လိုက်ပါ။

အတွေးတွေ မလွန်ပါစေနဲ့

ဝမ်းနည်းလွယ်လွန်းတာတွေက အတွေးလွန်တာကနေ ရောက်လာတယ်လို့ ပြောလို့ ရပါတယ်

စကားလုံးတွေကို ခံစားတာတွေ ရှောင်ပါ

အများစု စိတ်ထိခိုက်ဝမ်းနည်းကြတယ်ဆိုတာက စကားလုံးတွေအပေါ်မှာ လိုက်ခံစားလို့ပါ။ ဟိုလူက ဒီလိုပြောလို့ ဒီလူက ဟိုလိုပြောလို့ဆိုတဲ့ စကားလုံးတွေကို တွေးပြီး ဝမ်းနည်းနေတာမျိုးပါ။ ဘယ်လိုစကားလုံးမျိုးပဲ ပြောပြော လိုက်ခံစားပြီး ဝမ်းနည်းနေတာမျိုး ရှောင်ပါ။ ပြောပြီးကြားပြီး အဲဒီနေရာမှာပဲ ထားခဲ့ပါ။ တနုံ့နုံ့ ခံစားနေတာမျိုး မလုပ်ပါနဲ့။

ဖန်တီးနိုင်စွမ်းရှိပါ

ကိုယ့်စိတ်မှာ မထိခိုက်ဖို့နဲ့ ဝမ်းနည်းလွယ်တာတွေ မဖြစ်ဖို့အတွက် အပေါ်မှာ ပြောခဲ့သလို ကိုယ့်ကိုယ့်ကို ယုံကြည်မှု ရှိဖို့ လိုပါတယ်။ ယုံကြည်မှုတွေ ရှိဖို့အတွက်လည်း ကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေ၊ အစွမ်းအစတွေ ရှိနေဖို့ လိုပါတယ်။ ဒါမှလည်း စိတ်ဓါတ်ခိုင်မာသူ ဖြစ်မှာပေါ့။ အလုပ်နဲ့ လူမှုရေးတွေမှာ ဖန်တီးနိုင်စွမ်း ရှိနေပါစေ။

ချစ်တို့ရေ စိတ်ထိခိုက်လွယ်ပြီး ဝမ်းနည်းတတ်တဲ့ ကောင်မလေး မဖြစ်ဖို့ ဒီအချက်လေးတွေ သိထားပေးနော်။

Credit – marry