Health

မြန်မာဆေးမှီးတိုများ ( က ကနေ အ ထိပါသည်)

မြန်မာဆေးမှီးတိုများ( က ကနေ အ ထိပါသည်)ကလေးချွဲထပျောက် ဆေးနည်း

– မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။(တစ်နည်း)
– ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။(တစ်နည်း)

ကလေးဆီးရောဂါပျောက် ဆေးနည်း

– ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။ (တစ်နည်း)
– ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)
– လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)

ကလေးထိပ်အုံ ဆေးနည်း

– ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍ ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။

ကလေးနို့မျက်ပျောက် ဆေးနည်း

– ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိ စေသည်။

ကလေးသူငယ်နာကင်းရန် ဆေးနည်း

– ငှက်ပျောသီးကို မီးဖုန်၍ မကြာခဏ ကျွေးပေးပါ။

ကလေးသန်ကျ ဆေးနည်း

– ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။

ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း

– ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီးစည်းထားပေးပါ။

ကြက်ညှာ ဆေးနည်း
– ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။

ကင်းကိုက် ကင်းဆိပ်နိုင် ဆေးနည်း

– ကဆော့မြစ်ကိုဖြစ်စေ၊ ကြောင်ပန်းမြစ်ကိုဖြစ်စေ၊ သမန်းမြက်ကိုဖြစ်စေ၊ ပေါင်းမြက်ကိုဖြစ်စေ ရရာကို ညက်စွာဝါး၍ နား၌ သုတ်လိမ်းပေးပါက ကင်းဆိပ်မျိုးနိုင်၏။ ကင်းကိုက်ပျောက်ကင်း၏။ (တစ်နည်း)
– သပြေရွက်ကိုကြိတ်၍ အရည်ကို ကင်းကိုက်ခံရသောနေရာတွင် လူးပေးပါ။ (တစ်နည်း)
– မန်ကျည်းစေ့ကို သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)
– မြင်းခွာရွက်သတ္တုရည်နှင့်ကင်းကိုက်သော နေရာအား လိမ်းပေးပါ။ (တစ်နည်း)
– ခွေးလှေးယားသီး အစေ့ကို ကြီတ်၍ ကင်းကိုက်ခံရသော နေရာအား လိမ်းပေးပါ။ (တစ်နည်း)
– မန်ကျည်းရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
– ငဖြူကြီးမြစ်ကို သွေး၍ ကင်းကိုက်ခံရသောနေရာအား လိမ်းပေးပါ။ (တစ်နည်း)
– တမာရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
– ကင်းမြီးကောက်ကိုက်ပါက တမာပွင့်ကို ရူပေးပါ။ (တစ်နည်း)
– ကြေးဖလားကို ကင်းကိုက်ခံရသူကြားအောင် တီးပေးပါ။ (တစ်နည်း)

ကျပ်တီးနာပျောက် ဆေးနည်း

– လည်ပင်းတွင် အဖုအစေ့ ကလေးများအဖြစ် ပေါက်သော ကျပ်တီးနာကို မြန်မာကုက္ကိုစေ့ ကြိတ်၍ လိမ်းပေးပါ။

ကြွက်နို့ပျောက် ဆေးနည်း
– ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိပ်ကို ထုံးအနည်းငယ်ဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာတဖြည်းဖြည်းချင်း ချင်းတက်ဖြင့် ပွတ်ပေးပါ။ ကြွက်နို့ ပါသွားပါလိမ့်မည်။

ကိုယ်ရောင်ရောဂါပျောက် ဆေးနည်း
– ခံတက်ခေါက်၊ ဖျောက်ဆိတ်မြစ်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးကို အညီအမျှ သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
– နန်းလုံးကြိုင်မြစ်၊ ငရံ့ပတူမြစ်၊ ဘုမ္မရာဇာမြစ်၊ ပဲစင်းငုံမြစ်၊ ၎င်းဆေးလေးပါးကို တောအရက်ဖြင့် သွေးလိမ်းပေးပါ။ (တစ်နည်း)

ကျောပူခေါင်းပူထ ဆေးနည်း
– ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ရှိန်းခိုအနည်းငယ်ထည့်၍ ကြိတ်၍ အရည်ကို ငယ်ထိပ်မှနေ၍ အောက်သို့ လူးပေးပါ။

ကြက်မျက်သင့်ရောဂါပျောက် ဆေးနည်း
– ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)
– တမာရွက် သတ္တုရည် နှစ်ကျပ်ခွဲသားကို နံနက်စောစော နေ့စဉ်သောက်ပေးပါ၊ ရက်မကြာခင် ပျောက်ကင်းပါလိမ့်မည်။ (တစ်နည်း)
– လေညှင်းကို ဆိန်ကျင်ငယ်ရည်ဖြင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)

ကျင်ငယ်တစ်စက်တစ်စက်ကျရောဂါပျောက် ဆေးနည်း
– ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် သောက်ပါ။

ကျွဲအသားမာပျောက် ဆေးနည်း
– ထမင်းနှင့် ဆားကိုကြိတ်၍ မီးဖုန်ပြီး အုံထားပေးပါ။ (တစ်နည်း)
– ပြောင်းဖူးစေ့ကို ကြိတ်ပြီး အမူန့်လုပ်ပါ။ ၎င်းအမူန့်ကို ဆားအနည်းငယ်ထည့်၍ ဖျော်ပြီး လိမ်းပေးပါ။ အနာပေါ်တွင် ပိန်းရွက်အုံထားပေးပါ။ (တစ်နည်း)

ခရုသင်းပျောက် ဆေးနည်း
– ငှက်ပျောပင်၏ ပဉ္စငါးပါးအား ပြာချ၍ နနွင်းနှင့် လူးပေးပါ။ (တစ်နည်း)
– ကြိတ်မှန်ရွက်အရည်ကို မကြာခဏ လိမ်းပေးပါ။ (တစ်နည်း)

ခါးကိုက်ပျောက် ဆေးနည်း
– ဝါးရွက်ကို ဟင်းချက်၍ သောက်ပါ။ (တစ်နည်း)
– ခါးကို ဆပ်ပြာရည်နှင့် နှိပ်နယ်ပေးပါ။ (တစ်နည်း)

ခူနာပျောက် ဆေးနည်း
– ဘူးရွက်နှင့် ထုံးဖြူကို အညီအမျှကြိတ်၍ ခူနာပေါ်မှာ အုံပေးပါ။ (တစ်နည်း)
– မြင်းချေး၊ ငရုတ်ကောင်း၊ ၎င်းဆေးနှစ်ပါးအား ညက်အောင်ကြိတ်ပြီး အုန်းဆီစစ်စစ်ဖြင့် ဖျော်၍ လိမ်းပေးပါ။ (တစ်နည်း)

– အုတ်ခဲအမူန့်ကို ဆီနှင့်နယ်ပြီး လုံး၍ ခူနာပေါ်မှာ လိမ်းပေးပါ။ (တစ်နည်း)

– သရက်ခေါက် လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး ကျင်ငယ်ရည်ထည့်၍ အနာကို လိမ်းထားပေးပါ၊ တစ်နေ့လျှင် အသစ် နှစ်ခါလောက် ပြောင်း၍ စိမ်ပေးပါ။ အပျောက်မြန်၏။ (တစ်နည်း)

– ညောင်ခေါက်ကို ရေနှင့်ညက်အောင်ကြိတ်ပြီး အနာကို အုံပေးပါ။ မှည့်စေလိုလျှင် ငါးပိထည့်၍ အုံပေးပါ။ မှည့်လွယ်ပြီး ခူနာ အပျောက်မြန်၏။ (တစ်နည်း)

ခေါင်းကိုက်ခဲပျောက် ဆေးနည်း
– မန်ကျည်းမှည့်ကို ဆားနှင့်နယ်၍ ရူပေးပါ။ (တစ်နည်း)
– အညာကုက္ကိုပွင့်ကို ရေနှင့်ကြိတ်ပြီး ဦးခေါင်းနှင့် နားထင်ကို လိမ်းပေးပါ။

ချောင်းဆိုး ရင်ကြပ်ပျောက် ဆေးနည်း
– ကျောက်ဖရုံမြစ်ကို အမူန့်ပြုလုပ်၍ ရေနွေးနှင့်သောက်ပါ။

ခံတွင်းပျက်ပျောက် ဆေးနည်း
– ငှက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပါ။

ခွေးရူးကိုက်နာပျောက် ဆေးနည်း
– ကြာစွယ်ကို လက်ဖက်ရည်နှင့် သွေး၍ သောက်ပါ။ (တစ်နည်း)
– ပဒိုင်းရွက် ငါးကျပ်သး၊ ဒုတ္ထာ တစ်ကျပ်သား၊ ၎င်းဆေးနှစ်ပါးကို ညက်စွာကြိတ်ပြီး ပဲကြီးစေ့့ခန့် လုံးထားပါ။ လူကြီးကိုက်ခံရသော် တစ်လုံး၊ ကလေးကိုက်ခံရသော် တစ်၀က်တိုက်ပါ။ အန်လျှင် ထန်းလျက်ကျွေးပါ။ (တစ်နည်း)

– ငရုတ်ကောင်း၊ မုရိုးမြစ်၊ ဘူးမြစ်၊ ခွေးတောက်မြစ်၊ ထင်းရူးသား ၎င်းတို့ကို ဆတူကြိတ်-ကြိတ်၍ တိုက်ပါ။

ချွေးငုပ်ပျောက် ဆေးနည်း
– ဧကရာဇ်မြစ်ကို ငါးပေါင်းကြော်လုပ်၍ စားပါ။ (တစ်နည်း)
– ကသစ်ပွင့်နှင့် တရုတ်စံကားပွင့်ကို လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)

ငါးခူငါးကျည်းစူးပျောက် ဆေးနည်း
– ငါးခူငါးကျည်းစူးပါက ဆီးဖြူသီးကို စားပေးပါ။

စိန်အဆိပ်ပျောက်ဖြေ ဆေးနည်း
– ကန်စွန်းရွက်ကို ကြက်ပြုတ်ရည်ဖြင့် ချက်၍စားပါ။ (တစ်နည်း)
– ရှားရွက်နှင့် ကန်စွန်းရွက် ချက်စားပါ။ (တစ်နည်း)
– ရှားစေးတစ်ကျပ်သားကို ရေနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)

ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် ဆေးနည်း
– ထန်းလျက်နှင့် ဇ၀က်သားဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။
– ခရုကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ။ ဆီးပူနာပျောက်၏။ (တစ်နည်း)
– ဆီးဖြူသီးကို တင်လဲနှင့်စားပါက ဆီးအောင့်ပျောက်ကင်း၏။ (တစ်နည်း)
– ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကရောဂါ ပျောက်၏။ (တစ်နည်း)
– ကြက်သားနှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)

– ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)
– သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)
– ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။ (တစ်နည်း)
– ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်၏။ (တစ်နည်း)
– ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ဝအောင်စားပါ။ ဆီးချုပ်၊ ၀မ်းချုပ် ပျောက်ကင်း၏။ (တစ်နည်း)

– မြင်းခွာရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)
– ငုပင်၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။ (တစ်နည်း)
– ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
– ကြက်သွန်နီကို များများစားပေးပါ။ (တစ်နည်း)
– ထိကရုံးမြစ်ကို သွေး၍ သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)

– ဆီးဖြူသီးအစေ့ကို စားပေးပါ။ (တစ်နည်း)
– တမာခေါက်ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ ဆီေးအာင့် ကျောက်တည် ပျောက်၏။
– ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်၏။ (တစ်နည်း)
– ဘူးသီးပြုတ်ကို များများစားပေးပါ။ (တစ်နည်း)
– ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ (တစ်နည်း)

ဆံပင်ကျွတ်ပျောက် ဆေးနည်း
– သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း၏။

ဆံပင်ပေါက် ဆေးနည်း
– သံပရာစေ့ကို ရေနှင့်ကြိတ်ပြီး နေ့စဉ်လိမ်ပေးပါ။

ဆံပင်နက် ဆေးနည်း
– တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီးချောမွတ်စေသည်။ (တစ်နည်း)
– မယားကြီးရွက်၊ ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကိုကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်ပေးပါ။ (တစ်နည်း)
– သူငယ်စာ ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။ (တစ်နည်း)
– မန်ကျည်းသီး ငါးကျပ်သား၊ ဆားငါးကျပ်သား၊ ပွေးကိုင်းရွက် ငါးကျပ်သား၊ သကြားတစ်ဆယ်ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။ (တစ်နည်း)

– သံချေး၊ မုယောပွင့်၊ ဆီးဖြူသီး ၎င်းတို့ကို အညီအမျှစု၍ ကြိတ်ပြီး သုံးရက်ခန့် လိမ်းပေးပါ။ (တစ်နည်း)
– မန်ကျည်းသီးအဆံကိုသွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။ (တစ်နည်း)
– ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။ (တစ်နည်း)
– ယမနေသီး အဆီကို နှာရူပေးလျှင် ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
– တမာသီးအဆံကို ကြိတ်မှန်ရွက်နှင့်ကြိတ်၍ နှာရူပေးပါက ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
– ဒါန်းကြီးရွက်နှင့် မဲနယ်ပင်ကို ကြိတ်၍ သတ္တုရည်ကို ဖြူသောဆံပင်အား လိမ်းပေးပါ။ (တစ်နည်း)
– ဒန္တသုခ ပင်လုံးပြုရည်ဖြင့် မကြာခဏ ခေါင်းလျှော်ပေးပါ။ ဆံပင်ဖြူပျောက်၍ ဘောက်ပါသေသည်။ (တစ်နည်း)

ဆံပင်ကောင်းရန် ဆေးနည်း
– တမာရွက်နှင့် ဆီးရွက်ကို ဆတူကြိတ်ပြီး အမူန့်ကို ခေါင်းမှာလိမ်းပေးပါ။ ဆယ့်နှစ်နာရီကြာလျှင် ဆေးကြောပေးပါ။ ဤနည်းအတိုင်း ရက်အနည်းငယ် ပြုလုပ်ပေးပါက ဆံပင်ကောင်း၍လာ၏။

ဆင်ခြေထောက်ရောဂါပျောက် ဆေးနည်း
– ငဖြူကြီးမြစ်ကို ဆန်ပုန်းရည်ဖြင့် သွေး၍ လူးပေးပါ။

ဆုံဆို့နာပျောက် ဆေးနည်း
– သင်္ဘောသီး အစိမ်ကို စားပေးပါ။ (တစ်နည်း)
– ငါးရန့်ပတူမြစ်ကို သွေး၍ လူးပေးပါ။ (တစ်နည်း)
– ကွမ်းသီးကိုကြိတ်၍ သုတ်လိမ်းပေးပါ။ (တစ်နည်း)

ဇက်လေးနာပျောက် ဆေးနည်း
– တမာခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ။

ညသေးပါရောဂါပျောက် ဆေးနည်း
– ကျီးအာသီး သတ္တုရည်ကို လက်ဖက်ရည်ဖွန်း တစ်၀က်ခန့် ရက်အနည်းငယ် နေ့စဉ်ဆက်၍ သောက်ပါ။

ညောင်းကျရောဂါ ပျောက်ဆေးနည်း
– ကြောင်ပန်းရွက်ကိုပြုတ်၍ နွေးနွေးထားပြီး မကြာခဏသောက်ပါ။

ညှင်းပျောက်ဆေးနည်း
– ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)
– ကန့်ကိုရေနံဆီဖြင့်သွေး၍ ညအိပ်ရာ၀င်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်း၏။ (တစ်နည်း)
– ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ (တစ်နည်း)
– လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။

တင်းတိတ်ပျောက် ဆေးနည်း
– ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် ပျောက်ကင်း၏။ (တစ်နည်း)
– လက်ပံပင်၏ဆူကို နို့ရည်နှင့်သွေး၍ တင်းတိတ်ရှိသော နေရာကို နေ့စဉ်ရက်ဆက် လိမ်းပေးပါက ရက်အနည်းငယ်အတွင်း ပျောက်ကင်း၏။ (တစ်နည်း)
– ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
– ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။ (တစ်နည်း)
– နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)
– ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။ (တစ်နည်း)
– သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
– ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။

ထိရှပွန်းပဲ့ခြင်းအနာပျောက် ဆေးနည်း
– ကိုယ်လက်အင်္ဂါ ထိရှိပွန်းပဲ့ခဲ့သော် တမာဆီကို လိမ်းပေးပါ။ (တစ်နည်း)
– နနွင်းနှင့် ကွမ်းစားထုံးကိုနယ်၍ အနာကိုထည့်ပေးပါ။ (တစ်နည်း)
– ခွေးသေးပန်းရွက်အရည်ကို ညှစ်၍ အနာကိုထည့်ပေးပြီး ပတ်တီးစည်းထားပါ။ (တစ်နည်း)
– ကြိတ်မှန်ရွက်အရည်ကိုညှစ်၍ ထည့်ပေးပါ။ (တစ်နည်း)
– ကုက္ကိုရွက်ကိုကြိတ်ညှစ်ပြီး သတ္တုရည်ကိုထည့်ပေး၍ ပတ်တီး စည်းထားပေးပါ။ (တစ်နည်း)

ဒူလာသွေး၀မ်းပျောက် ဆေးနည်း
– ငါးရှဉ့်ကို ဆီးဖြူသီးအခြောက်နှင့် ချက်၍စားပါ။

ဒူလာ၀မ်းပိတ်တား ဆေးနည်း
– သံပရာရည်၊ ဆီ၊ ဆား ၎င်းဆေးသုံးပါးအား အညီအမျှ ရောစပ်၍ သောက်ပါ။

ဒူလာညောင်းညာကိုက်ခဲပျောက် ဆေးနည်း
– မြင်းခွာရွက် တစ်ဆယ်ကျပ်သား၊ သင်္ဘောဆီးဖြူမြစ် ငါးကျပ်သား၊ ၎င်းဆေးနှစ်ပါးအား သုံးခွက်တစ်ခွက်တင်ကျို၊ လက်ဖက်ရည် ဇွန်းဖြင့် တစ်နေ့သုံးကြိမ်သောက်ပါ။ (တစ်နည်း)
– ကုက္ကိုရွက်ကို အရည်ညှစ်၍ မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)
– ရှားစောင်း မြင်းနားရွက်အရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
– ရှားစောင်းလက်ပပ် သတ္တုရည်ကို မီးနွေးနွေးပြပြီး ညာဘက်နားကိုက်မူ ဘယ်ဘက်နားကိုထည့်၊ ဘယ်ဘက်နားကိုက်မူ ညာဘက်နားထဲသို့ ထည့်ပေးပါ။ လျင်မြန်စွာ ပျောက်ကင်းစေသည်။ (တစ်နည်း)
– ကြောင်ပန်းရွက်အရည်၊ နှမ်းဆီ၊ ပျားရည် ၎င်းဆေးသုံးပါးကို ဆတူရော၍ နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)

နားပြည်ယိုပျောက် ဆေးနည်း
– ငုရွက်၊ ကြောင်ပန်းရွက် ၎င်းဆေးနှစ်ပါးကို အရည်ညှစ်၍ နားကို ကျပ်ပေးပါ။ (တစ်နည်း)
– ကြောင်လျှာမြစ်ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးနှင့် ချက်ပါ။ ၎င်းကို နားထဲတွင် ကျပ်ပေးပါ။ (တစ်နည်း)
– တမာရွက်ကို ရေနှင့်ပြုတ်၍ နားကိုသန့်ရှင်းအောင် ဆေးကြောပေးပါ။ (တစ်နည်း)
– တမာဆီနှင့် ပျားရည်ရောပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
– ရှားစေးမူန့်ကို နားတွင်းသို့ အနည်းငယ် ဖြူးဖြူးထည့်ပေးပါ။ (တစ်နည်း)

နားလေထွက် ဆေးနည်း
– ကြောင်လျှာသီးနုနုကို သံပရာရည်လက်သုပ် လုပ်စားပါ။ (တစ်နည်း)
– ထောပတ်ကို မီးနွေးနွေးပြပြီး နားကျပ်ပေးပါ။ (တစ်နည်း)
– သစ်ကြံပိုးအဆီကို နားအတွင်းသို့ ကျပ်ပေးပါက နားအူ နားလေထွက် ပျောက်ကင်း၏။ (တစ်နည်း)

နို့နာပျောက် ဆေးနည်း
– နနွင်းနှင့် ခရုကို သွေးလိမ်းပါ။ (တစ်နည်း)
– လင်းလေနှင့် စပါးမြစ်ကို ကြိတ်၍အုံပေးပါ။ (တစ်နည်း)
– ကြိတ်မှန်ရွက်ကို ငါးကြင်းသားနှင့် ချက်၍စားပါ။ (တစ်နည်း)
– ဇရစ်ရိုးအရွက်များကို ဟင်းခါးချက်၍ စားပါ။ (တစ်နည်း)
– တမာရွက်ကြိတ်၍ နို့အုံကို လိမ်းကျံ အုံပေးပါ။ (တစ်နည်း)

မိခင်များနို့ထွက် ဆေးနည်း
– သင်္ဘောသီးအစိမ်းကို ဟင်းချက်၍စားပါ။ ရင်သားများတင်းမာလာပြီး နို့များထွက် စေသည်။

နှင်းခူပျောက် ဆေးနည်း
– ငါးခူခေါင်းကို ပြာကျအောင်မီးဖုတ်ပြီး ၎င်းပြာကို ရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
– ကနစို၊ ဆားခါး၊ မိတ်သလင် ၎င်းဆေးသုံးပါးအား အညီအမျှ စု၍ မီးဖုတ်ပြာချပါ၊ ၎င်းပြာကိုရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
– မဖောက်ထုံး သုံးကျပ်သား၊ တရော် ငါးကျပ်သာ၊ ရေနံချေး တစ်ဆယ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
– ဘောင်မဘာရွက်၊ လောက်သေရွက်၊ ပဒိုင်းသီးရင့်ရင့် ၎င်းဆေး သုံးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးပြကာ လိမ်းပေးပါ။ (တစ်နည်း)
– ထိကရုံး ပဉ္စငါးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)
– သဘောင်္မယ်ဇလီရွက်ကို သံပရာရည်ဖြင့် ကြိတ်၍ လိမ်းပါး။ အနာကို ဖန်ရည်ဆေးပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် မှန်မှန်ပြုလုပ်ပေးပါ။ (တစ်နည်း)
– မြင်းချေးလေးကျပ်သား၊ ငရုတ်ကောင်း တစ်ကျပ်သား ၎င်းဆေးနှစ်ပါးအား မူန့်ပြုလုပ်၍ အုန်းဆီနှင့် လိမ်းပေးပါ။ (တစ်နည်း)
– ဂေါ်ဖီထုပ်အမြစ်ကို ပါးပါးလှီး၍ ခြောက်အောင် နေလှမ်းပါ။ အိုးတစ်လုံးတွင်ထည့်၍ ပြာချပါ။ ၎င်းပြာကို နံ့သာဖြူရည်နှင့်ဖျော်၍ တစ်နေ့ နှစ်ကြိမ်သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)

နှာပိတ်ပျောက် ဆေးနည်း
– ကြိတ်မှန်ရွက်ကို အရည်ညှစ်၍ မကြာခဏ ရူပေးပါ။ (တစ်နည်း)
– လက်ချားကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)
– ကုက္ကိုစေ့ကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)
– ရေနံကို ရူပေးပါ။ (တစ်နည်း)

နှာခေါင်းရောဂါပျောက် ဆေးနည်း
– တမာဆီကိုရူသော် နှာခေါင်း၌ဖြစ်သော ရောဂါပျောက်ကင်း၏။

နှာရည်ယိုပျောက် ဆေးနည်း
– တမာရွက်နှင့် စမုန်ဖြူကို ကြိတ်၍ နှာခါင်းနှင့် နားထင်တွင် လိမ်းပေးပါ။ (တစ်နည်း)
– ကြက်သန်နီကို ရူပေးပါ။ (တစ်နည်း)

နှာခေါင်းသွေးလျှံပျောက် ဆေးနည်း
– ဟင်းနုနယ်ရွက်ကို ညက်စွာကြိတ်ပြီး နှာခေါင်းမှစ၍ မျက်နှာ အထက်ပိုင်းကို လိမ်းကျံပေးပါ။ (တစ်နည်း)
– နွားချေးခြောက်ကို ရူပေးပါ။ (တစ်နည်း)

နားထိုင်း၊ နားပင်းပျောက် ဆေးနည်း
– စပါးကြီးသည်းခြေ၊ ဖားဆီ ၎င်းဆေးနှစ်ပါးကို ရောစပ်၍ ငှက်ခါးတောင်နှင့် ကျပ်ပေးပါ။ (တစ်နည်း)
– သင်္ဘောစေ့တစ်စေ့၊ ဆားတစ်ရွေးသား၊ လေးညှင်းတစ်ပွင့် ၎င်းတို့ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ရောစပ်ပြီး ကျပ်ပေးပါ။ (တစ်နည်း)

နားအူပျောက် ဆေးနည်း
– စပါးလင်ဆီ၊ ထောပတ်ဆီ တစ်ခုခုကို နားမှာ ကျပ်ပေးပါ။

နားကိုက်ပျောက်ဆေးနည်း
– ရှားစောင်းလက်ပပ်ကို မီးကင်၍ အရည်ကိုယူပြီး နားထဲသို့ ထည့်ပေးပါ။ မကြာခဏ ပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
– ကြက်သွန်နီကို ထုထောင်း၍ အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)

နူနာရေဂါပျောက် ဆေးနည်း
– ရှားပင်၏အမြစ်၊ အခေါက်၊ အရွက်၊ အသီး၊ အပွင့် ပဉ္စငါးပါးကိုကျို၍ လိမ်းခြင်း၊ သောက်ခြင်း၊ ရူခြင်းများပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
– ပိတောက်သား အနှစ်ကို ထုထောင်း၍ ရေစိမ်ထားပါ။ ၎င်းအရည်ကို စိပ်၍သောက်ခြင်းဖြင့် နူနာရောဂါကို ပျောက်ကင်းစေနိုင်သည်။ (တစ်နည်း)

နို့ပျဉ်းကျရောဂါပျောက် ဆေးနည်း
– ၀က်ချေးမနှဲပင်(တံမြက်စည်းပင်) အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ သုံးကြိမ်လိမ်းပေးပါ။

ပင့်ကူကိုက်ပျောက် ဆေးနည်း
– ဆန်လှော်ကို ဝအောင်စားပါ။ (တစ်နည်း)
– ကြခတ်ခါးစောင်းကို သွေး၍လူးပေးပါ။ (တစ်နည်း)

ပန်းနာပျောက် ဆေးနည်း
– လေးညှင်း နှစ်ကျပ်ရှစ်ပဲ၊ ကရဝေး နှစ်ကျပ်ရှစ်ပဲ၊ ၎င်းဆေးနှစ်ပါးကို အမူန့်ပြုလုပ်၍ ပျားရည်နှင့်ရောပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် ဆီးကင်းခန့်စားပါ။ (တစ်နည်း)
– ဆီးဖြူသီးကို စားပေးပါ။ (တစ်နည်း)
– ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ၎င်းဆေးနှစ်ပါးအားဆတူ ရော၍ကြိတ်ပြီး အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို ဆားအနည်းငယ် ထည့်၍ လက်ဖက်ရည် အကြမ်းပန်ကန်တစ်၀က်ခန့် သောက်ပါ။(တစ်နည်း)
– ချင်းသတ္တုရည် တစ်ဆယ်ကျပ်သား၊ ရှောက်ရည် တစ်ဆယ်ကျပ်သား၊ ဆားမီးဖုတ် ငါးကျပ်သား ၎င်းဆေးသုံးပါးအား သမအောင်ရောစပ်၍ နံနက်တစ်ကြိမ် ညတစ်ကြိမ် ကြွေးဇွန်းတစ်ဇွန်းခန့် သောက်ပေးပါ။ (တစ်နည်း)

ပွေးပျောက် ဆေးနည်း
– ငု၊ ရွှေဝါ အရွက်ကိုကြိတ်၍ အရည်ကို သံပရာရည်နှင့် ဖျော်၍လိမ်းပါ။ (တစ်နည်း)
– ကလောသီးတ်လုံးကို ထုံးဖြူတစ်ကျပ်သားနှင့်ရောကြိတ်၍ ရေနံချေးနှင့်ချက်ပြီး အနာကို လိမ်းပေးပါ။ (တစ်နည်း)
– ကြက်သွန်ဖြူ၊ ဥတစ်လုံ ခုနစ်တတ်၊ သင်္ဘောမယ်ဇလီ ခုနှစ်ရွက် ၎င်းဆေးနှစ်ပါးအား ကြိတ်၍ ခုနှစ်လုံး လုံးပါ။ တစ်နေ့ တစ်လုံးကျ စားသွားပါ။ (တစ်နည်း)
– ကြက်သွန်ဖြူ ဥတစ်လုံးကို ဖင်လှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ ပွတ်ပေးပါ။ (တစ်နည်း)
– သနပ်သီးအတွင်းမှ အဆံကိုကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
– သင်္ဘောသီးအစိမ်းမှ ထွက်လာသောအစေးကို လိမ်းပေးပါ။ (တစ်နည်း)

ဖျားပြီး အားနည်းရောဂါပျောက် ဆေးနည်း
– တမာခေါက်ကိုပြုတ်၍ သောက်ပေးပါ။ ဖျားပြီး အားနည်းရောဂါပျောက်၏။

ဖောရောင်ပျောက်ဆေးနည်း
– ကနဖော့ကို ပြုတ်၍စားပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
– စိန္နဘော် အရွက်ကိုပြုတ်၍ ရေချိုးပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပါ။ (တစ်နည်း)

မီးယပ်ငုပ်ပျောက် ဆေးနည်း
– ကြိတ်မှန်ရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)
– ကြိတ်မှန်ရွက်နှင့် ထန်းလျက်ကျို၍ ဆားအနည်းငယ်ထည့်ပြီး သောက်ပါ။ (တစ်နည်း)
– ဒန့်သလွန်မြစ်ကို ဆားနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)

မီးယပ် ခေါင်းကိုက်ပျောက် ဆေးနည်း
– ဒန့်သလွန်မြစ်၊ ငရုတ်ကောင်း၊ ပန်းနု၊ လင်းလေ၊ ကုက္ကိုခေါက် ၎င်းဆေးငါးပါးအား အမျှစီစုပြီး ကြိတ်၍ အမူန့်လုပ်ရူပါ။

မီးယပ် ဆေးနည်း
– နနွင်းကို ရေနှင့်ဖျော်ပြီး သမအောင်နယ်၍ ကိုယ်ကို လိမ်းကျံပါ။

မီးဖွားလွယ်ကူသော ဆေးနည်း
– ပေါက်ပန်းဖြူကိုင်ကို လက်ဝဲလက်ယာကိုင်ပါစေ။ (တစ်နည်း)
– လက်ပံမိူ့သီးကို သွေး၍ လိမ်းပေးပါက အပူသက်သာစေသည်။ (တစ်နည်း)
– ငှက်ပျောသီးအမှည့်ကို အုံပေးပါ။ (တစ်နည်း)
– ဝါစေ့အဆံကိုကြိတ်၍ အုံပေးပါ။ အပူသက်သာစေ၍ အမြန်ပျောက်ကင်း၏။ (တစ်နည်း)

မီးလောင်နာပျောက် ဆေးနည်း
– လူတစ်ကိုယ်လုံး မီးလောင်ခဲ့သော် ငှက်ပျောရွက်ကိုခင်း၍ အုပ်ထားပါ။

မိတ်ပျောက် ဆေးနည်း
– ခရေပွင့်ခြောက်ကို သနပ်ခါးနှင့် သွေး၍ လိမ်းပေးပါ။

မက်ကလောင်နာ ဆေးနည်း
– အပူပြင်း၍ မျက်စိဝါခြင်း၊ မျက်လုံးမဖွင့်ခြင်းရှိသော် စအို၀တွင် အပူကန်၍ အဖုကလေးများ ရှိလိမ့်မည်။ ၎င်းအဖုလေးများအား ဖောက်ပေးပြီး ကြက်ဟင်းခါးအရည်ဖြင့် သုတ်လိမ်းပေးပါ။

မျက်စိနာ ဆေးနည်း
– နှမ်းလှော်ကို ရှူပေးပါ။ (တစ်နည်း)
– မန်ကျည်းပင်၏ အခေါက်အား ဆားအနည်းငယ်ထည့်၍ သွေးပြီး မျက်စိအား ကွင်းလိမ်းပေးပါ။ (တစ်နည်း)
– တမာရွက်ကို အရည်ညှစ်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)
– ကင်းမုန်ရွက်ကို ကြိတ်နယ်၍ (နင်ကရေယုန်၊ ငါကကင်းမုန်ဟုဆိုကာ) ရေယုန်ပေါက်သော နေရာအား မကြာခဏပွတ်ပေးပါက ပျောက်၏။ (တစ်နည်း)
– မန်ကျည်းပနီမြစ်ကို ဆားနှင့်သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)
– အုန်းဆီကို ရေနှင့်ဖျော်ပြီး မကြာခဏ သုတ်လိမ်းပေးခြင်းဖြင့်လည်း ပျောက်ကင်း၏။ (တစ်နည်း)
– စစ်သိမ်မြစ်ကို ဆားနှင့်သွေး၍ မျက်စိကိုကွင်းလိမ်းပေးပါ။ (တစ်နည်း)

ရင်ဘတ်နာပျောက် ဆေးနည်း
– ငရုတ်ကောင်းကို ပြာချ၍ ပျားရည်နှင့် စားပါက ပျောက်ကင်း၏။ (တစ်နည်း)
– သံပရာသီးအစိမ်း အခွံကို စားပေးပါက လေနာ၊ ရင်ဘတ်နာ ပျောက်ကင်း၏။ (တစ်နည်း)

ရေငတ်၀မ်းကျပျောက် ဆေးနည်း
– မန်ကျည်းဖျော်ရည်ကို သောက်ပေးပါ။ (တစ်နည်း)
– ဧကရာဇ်မြစ်ကို သွေး၍ ဆန်ဆေးရည်နှင့် ရောစပ်ပြီး ကြွေဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် တိုက်ပါ။ (တစ်နည်း)

ရေဖျဉ်းရောဂါပျောက် ဆေးနည်း
– ယမနေမြစ်ကို သွေး၍သောက်ပါ၊ ကိုယ်ကိုလည်း လိမ်းပေးပါ။ (တစ်နည်း)
– ပွေးကိုင်းရွက်နှင့် ဆီးဖြူသီးကိုကြိတ်၍ အရည်ကို တိုက်ပေးပါ။ (တစ်နည်း)
– ပုန်းရည်တစ်ကျပ်သား၊ ဆီနှစ်ကျပ်သား၊ ဆားငါးပဲသား၊ ၎င်းဆေးသုံးပါးအား ကြေးနီခွက်တွင်ထည့်၍ နေလှမ်းပြီး သုံးကြိမ်သောက်ပေးပါ။ (တစ်နည်း)
– ကုက္ကိုခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပေးပါ။ (တစ်နည်း)

ရေကျောက်ပျောက် ဆေးနည်း
– စောင်းလျားသီးအရည်ကို ညှစ်၍တိုက်ပါ၊ ရေကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ချိုးပေးပါ။

credit မူရင်းတင်သူ
=======