နှုတ်ခမ်းသား ညိုသူတွေကို ပန်းရောင် သန်းလာစေမယ့် (၉၉%) အာမခံတဲ့နည်းလမ်းတွေ …
ပျိုမေတိုင်း ပန်းရောင် သန်းတဲ့ နှုတ်ခမ်း နဲ့ နူးညံစိုပြေတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ချင်ကြပါတယ်။ စိုစိုနဲ့ပန်းရောင်သန်းတဲ့နှုတ်ခမ်းက သင့်ရဲ့အပြုံးကို ပိုလှသွားစေနိုင်တယ်။
နှုတ်ခမ်းညို တာတွေက သင့်အပြုံးကို ပျက်ဆီးစေနိုင်တယ်။ တချို့ပစ္စည်းတွေမှာ နှုတ်ခမ်း အတွက် scrub လုပ်လို့ရတဲ့ ပစ္စည်းတွေရှိပါတယ်။
ဒါပေမယ့် ဒီနည်းလမ်းတွေက ဈေးမကြီးတဲ့အပြင် အိမ်မှာ ရှိနေတဲ့ ပစ္စည်းတွေနဲ့ပဲ အသုံးပြုလို့ရပါတယ်။
(၁) အုန်းဆီ
အုန်းဆီမှာ fatty acids ပါဝင်တာကြောင့် နှုတ်ခမ်းကို စိုပြေစေပြီး နုနုလေးနဲ့ ပန်းရောင်သန်းလာစေတယ်။
နေ့တိုင်း အုန်းဆီကို lip balm အဖြစ်သုံးပေးပါ။ အုန်းဆီနည်းနည်းကို လက်ချောင်းနဲ့ယူပြီး နှုတ်ခမ်းပေါ် လိမ်းပေးပါ။
အိပ်ယာဝင်ခါနီး နှုတ်ခမ်း ပေါ် အုန်းဆီလိမ်းအိပ်ပေးရင် ပိုကောင်းပါတယ်။
(၂) ရှားစောင်းလက်ပပ်
ရှားစောင်လက်ပပ် မှာ Aloesin ဆိုတဲ့ဓာတ်ပါတာကြောင့် အသားအရေကို စိုပြေအေးမြလာစေတယ်။ နှုတ်ခမ်းကိုလိမ်းရင် ညိုတာတွေပျောက်ပြီး ပန်းရောင်သန်းတဲ့နှုတ်ခမ်းကို ပိုင်ဆိုင်ရမှာပါ။
ရှားစောင်းလက်ပပ်ကို နှုတ်ခမ်းပေါ် လိမ်းပေးပြီး ခြောက်အောင်ထားပေးပါ။
ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။
(၃) Baking Soda
နှုတ်ခမ်းညိုတာတွေက ဆဲလ်သေတွေကြောင့် ညိုတာပါ။ Baking soda က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ပန်းရောင်သန်းတဲ့ နှုတ်ခမ်း ရနိုင်အောင် ကူညီပေးပါတယ်။
Baking Soda ကို ရေနည်းနည်းနဲ့ ပျစ်သွားအောင်ရောပေးပါ။
ဒီအနှစ်နဲ့ နှုတ်ခမ်းကို လိမ်းပေးပြီး စက်ဝိုင်းပုံစံဖြင့် လက်ချောင်း (ဒါမှမဟုတ်) သွားတိုက်တံ နဲ့ (၂-၃)မိနစ်လောက်ပွတ်ပေးပါ။
ရေနွေးနဲ့ဆေးပေးပြီး အခြောက်သုတ်ပေးပါ။ ပြီးရင် lip balm တစ်ခုခုကို လိမ်းပေးပါ။
(၄) ပျားရည် နဲ့ သံပယိုရည်
ဒီနည်းကတော့ အညိုရောင် နှုတ်ခမ်းတွေကို ပန်းရောင်သန်းလာစေမယ့် နည်းလမ်းတွေပါ။ သံပယိုရည်မှာပါတဲ့ citrus ဓာတ်က ညိုတာတွေကို ဖယ်ရှာပစ်နိုင်ပြီး ပျားရည်က နှုတ်ခမ်းသားကို နူးညံလာစေနိုင်တယ်။
ဒီအနှစ်ကို လုပ်ပြီးရင် ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပြီး တစ်ပတ်အတွင်းပဲ သုံးပေးရမှာပါ။
သံပယိုရည် နဲ့ ပျားရည်ကိုရောပေးပြီး သင့်ရဲ့ ညိုနေတဲ့နှုတ်ခမ်းကို ဖယ်ရှားပေးနိုင်တယ်။
ဒီအရောကို နှုတ်ခမ်းပေါ်လိမ်းပေးပြီး(၁)နာရီကြာကြာ နှပ်ထားပေးပါ။
ပြီးရင် အဝတ်စို နဲ့နှုတ်ခမ်ကို သုတ်ပေးပါ။
Unicode