Local News

ဒုက္ခပင်လယ်ဝေနေတဲ့ ပညာရှင် ဆရာကြီးတစ်ဦး (တတ်နိုင်သလောက် ကူညီပေးကြပါ)

ဒုက္ခပင်လယ်ဝေနေတဲ့ ပညာရှင် ဆရာကြီးတစ်ဦး (တတ်နိုင်သလောက် ကူညီပေးကြပါ)အစိုးရစက်မှုသိပ္ပံကျောင်း GTC ကျောင်းအုပ်ကြီး အငြိမ်းစား ဆရာကြီးတစ်ဦး ကိုဗစ်ကာလမှာ အရမ်းခက်ခဲနေပါတယ်။ဆရာကြီးက B.E (Electronics) အပြင် ဂျာမနီ Hannover စက်မှုတက္ကသိုလ်က ဘွဲ့ရခဲ့သူပါ။ ခု အသက် (၇၄) နှစ်ရှိနေပါပြီ။ ဆီးချို ကျောက်ကပ်ရောဂါအစုံနဲ့ ခြေချောင်းလက်ချောင်းတွေလည်း ကောင်းကောင်း ကွေးနိုင် ဆန့်နိုင် လုပ်နိုင်တာမျိုး မရှိတော့ပါဘူး။ သားထောက်သမီးခံရှိသော်လည်း သားသမီးများ အားလုံး မွေးဖွားစဥ်က ကျန်းကျန်းမာမာ မွေးဖွားခဲ့ပေမယ့်၊ အရွယ်ရောက်တဲ့အချိန်မှာ အံ့သြတုန်လှုပ်ဖွယ် စိတ်ကျန်းမာရေးချို့တဲ့သွားကြပါတယ်။သားသမီးတွေထဲက ဆယ်တန်းအောင်သူ၊ တက္ကသိုလ်တက်သူ တက်ကြပေမယ့် အသက်ရလာမှ ဖြစ်လာတဲ့ စိတ်ရောဂါဝေဒနာကြောင့် ကျောင်းမပြီး ပညာမသင်နိုင်တော့ဘဲ လစဥ် နေ့စဥ် တည်တည် ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့ ငွေကြေးကုန်ကျတာတွေ ရှိနေပါတယ်။ဆရာ့ဇနီးသည်လည်း ကျန်းမာရေးမကောင်းတော့ပါဘူး။ လစဥ်ထောက်ပံ့နေကြတဲ့ ဆရာကြီးရဲ့ တပည့်တွေရှိနေပေမယ့် ကျန်းမာရေး စားဝတ်နေရေးအတွက် လုံးဝ (လုံးဝ) အဆင်မပြေပါဘူး နေထိုင်ရာနေအိမ်လည်း ယိုင်နဲ့နေပါပြီ။ ပညာရှင် ဆရာကြီးတစ်ဦးဖြစ်ခဲ့ပေမယ့် လောကဓံ အကြောင်းမလှလို့ ရွှေပြည်သာမြို့အစွန် ဝါးတရာမှာ နေထိုင်နေပါတယ်။နေရထိုင်ရခက်ခဲတဲ့အပြင် အသက်အရွယ်ကြီးရင့်မှုကြောင့် အလုပ်မလုပ်နိုင်တော့တာကတကြောင်း သားသမီးများမှ စိတ်ကျန်းမာရေးအခြေအနေကြောင့် အိမ်သန့်ရှင်းရေးတောင် မလုပ်ဆောင်နိုင်တာကတကြောင်း အကြောင်းကြောင်းကြောင့် တအိမ်လုံးပေပွနေတာကို ကိုယ်တိုင် စီမံနိုင်တဲ့အဆင့်မရှိတော့ပါဘူး။တပည့်တပန်းဟောင်းတွေ ထောက်ပံ့ကြေးသက်သက်နဲ့ ရပ်တည်နေရတဲ့ ဆရာကြီး၊ ဘဝနေဝင်ချိန်မှာ လောကဓံရဲ့ ရိုက်ခတ်ခံနေရတဲ့ ဆရာကြီးကို ကူညီနိုင်တဲ့ ကူညီချင်တဲ့မိတ်ဆွေတွေရှိခဲ့ရင်.. ဆရာကြီး ဦးတင်မောင် စက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ကြီး (ငြိမ်း) ဖုံးအမှတ် ၀၉၉၇၄၅၅၅၇၇၄ အမှတ် ၂၆၅(ခ)၊ တာဖို့လမ်း၊ လှော်ကား ဒ(၁၇) ရပ်ကွက်၊ ဝါးတရာ၊ ရွှေပြည်သာမြို့နယ်။ သို့ တိုက်ရိုက်ဆက်သွယ် ကူညီကြစေလိုပါတယ်။လမ်းညွှန်.. ရွှေပြည်သာမြို့နယ်၊ ဝါးတရာ၊ ဒ(၁၇) ရပ်ကွက်၊ အပိုင်း ၄ လမ်းဆုံမှ ကားကွေ့ဝင်ရပါမယ်။ လမ်းဆုံးရင် ကားရပ်ပြီး ၃ မိနစ်လမ်းလျှောက်ရင် ဆရာကြီးအိမ်ကို ရောက်ပါမယ်။ ဖုံးကြိုဆက်ပြီး လာကြိုခိုင်းရင်လည်း ဆရာကြီး လာကြိုပါတယ်။ မသွားနိုင်ပေမယ့် ငွေကြေးကူညီချင်ရင်လည်း ဆရာကြီး ဖုံးနံပတ်မှာ Wave Money အကောင့်ဖွင့်ထားကြောင်း သိရပါတယ်။ကိုကိုြကီးcrdUnicodeဒုက္ခပင်လယ်ဝေနေတဲ့ ပညာရှင် ဆရာကြီးတစ်ဦး (တတ်နိုင်သလောက် ကူညီပေးကြပါ)အစိုးရစက်မှုသိပ္ပံကျောင်း GTC ကျောင်းအုပ်ကြီး အငြိမ်းစား ဆရာကြီးတစ်ဦး ကိုဗစ်ကာလမှာ အရမ်းခက်ခဲနေပါတယ်။ဆရာကြီးက B.E (Electronics) အပြင် ဂျာမနီ Hannover စက်မှုတက္ကသိုလ်က ဘွဲ့ရခဲ့သူပါ။ ခု အသက် (၇၄) နှစ်ရှိနေပါပြီ။ ဆီးချို ကျောက်ကပ်ရောဂါအစုံနဲ့ ခြေချောင်းလက်ချောင်းတွေလည်း ကောင်းကောင်း ကွေးနိုင် ဆန့်နိုင် လုပ်နိုင်တာမျိုး မရှိတော့ပါဘူး။ သားထောက်သမီးခံရှိသော်လည်း သားသမီးများ အားလုံး မွေးဖွားစဥ်က ကျန်းကျန်းမာမာ မွေးဖွားခဲ့ပေမယ့်၊ အရွယ်ရောက်တဲ့အချိန်မှာ အံ့သြတုန်လှုပ်ဖွယ် စိတ်ကျန်းမာရေးချို့တဲ့သွားကြပါတယ်။သားသမီးတွေထဲက ဆယ်တန်းအောင်သူ၊ တက္ကသိုလ်တက်သူ တက်ကြပေမယ့် အသက်ရလာမှ ဖြစ်လာတဲ့ စိတ်ရောဂါဝေဒနာကြောင့် ကျောင်းမပြီး ပညာမသင်နိုင်တော့ဘဲ လစဥ် နေ့စဥ် တည်တည် ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့ ငွေကြေးကုန်ကျတာတွေ ရှိနေပါတယ်။ဆရာ့ဇနီးသည်လည်း ကျန်းမာရေးမကောင်းတော့ပါဘူး။ လစဥ်ထောက်ပံ့နေကြတဲ့ ဆရာကြီးရဲ့ တပည့်တွေရှိနေပေမယ့် ကျန်းမာရေး စားဝတ်နေရေးအတွက် လုံးဝ (လုံးဝ) အဆင်မပြေပါဘူး နေထိုင်ရာနေအိမ်လည်း ယိုင်နဲ့နေပါပြီ။ ပညာရှင် ဆရာကြီးတစ်ဦးဖြစ်ခဲ့ပေမယ့် လောကဓံ အကြောင်းမလှလို့ ရွှေပြည်သာမြို့အစွန် ဝါးတရာမှာ နေထိုင်နေပါတယ်။နေရထိုင်ရခက်ခဲတဲ့အပြင် အသက်အရွယ်ကြီးရင့်မှုကြောင့် အလုပ်မလုပ်နိုင်တော့တာကတကြောင်း သားသမီးများမှ စိတ်ကျန်းမာရေးအခြေအနေကြောင့် အိမ်သန့်ရှင်းရေးတောင် မလုပ်ဆောင်နိုင်တာကတကြောင်း အကြောင်းကြောင်းကြောင့် တအိမ်လုံးပေပွနေတာကို ကိုယ်တိုင် စီမံနိုင်တဲ့အဆင့်မရှိတော့ပါဘူး။တပည့်တပန်းဟောင်းတွေ ထောက်ပံ့ကြေးသက်သက်နဲ့ ရပ်တည်နေရတဲ့ ဆရာကြီး၊ ဘဝနေဝင်ချိန်မှာ လောကဓံရဲ့ ရိုက်ခတ်ခံနေရတဲ့ ဆရာကြီးကို ကူညီနိုင်တဲ့ ကူညီချင်တဲ့မိတ်ဆွေတွေရှိခဲ့ရင်.. ဆရာကြီး ဦးတင်မောင် စက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ကြီး (ငြိမ်း) ဖုံးအမှတ် ၀၉၉၇၄၅၅၅၇၇၄ အမှတ် ၂၆၅(ခ)၊ တာဖို့လမ်း၊ လှော်ကား ဒ(၁၇) ရပ်ကွက်၊ ဝါးတရာ၊ ရွှေပြည်သာမြို့နယ်။ သို့ တိုက်ရိုက်ဆက်သွယ် ကူညီကြစေလိုပါတယ်။လမ်းညွှန်.. ရွှေပြည်သာမြို့နယ်၊ ဝါးတရာ၊ ဒ(၁၇) ရပ်ကွက်၊ အပိုင်း ၄ လမ်းဆုံမှ ကားကွေ့ဝင်ရပါမယ်။ လမ်းဆုံးရင် ကားရပ်ပြီး ၃ မိနစ်လမ်းလျှောက်ရင် ဆရာကြီးအိမ်ကို ရောက်ပါမယ်။ ဖုံးကြိုဆက်ပြီး လာကြိုခိုင်းရင်လည်း ဆရာကြီး လာကြိုပါတယ်။ မသွားနိုင်ပေမယ့် ငွေကြေးကူညီချင်ရင်လည်း ဆရာကြီး ဖုံးနံပတ်မှာ Wave Money အကောင့်ဖွင့်ထားကြောင်း သိရပါတယ်။ကိုကိုြကီးcrd